ျမတ္စြာဘုရားရွင္၏ အ႐ိုးကြင္းဆက္ေတာ္မ်ားအေၾကာင္းအျပည့္အစုံ - YATHAZONE

ျမတ္စြာဘုရားရွင္၏ အ႐ိုးကြင္းဆက္ေတာ္မ်ားအေၾကာင္းအျပည့္အစုံ

ျမတ္စြာဘုရားရွင္၏ အ႐ိုးကြင္းဆက္ေတာ္မ်ားအေၾကာင္းအျပည့္အစုံ
Knowledge

ျမတ္စြာဘုရားရွင္၏ အ႐ိုးကြင္းဆက္ေတာ္မ်ားအေၾကာင္းအျပည့္အစုံ

႐ိုး႐ိုးလူသားေတြဆိုတာကေတာ့ကံနဲ႔ ကံရဲ႕ အက်ိဳးကို ႏွစ္ႏွစ္ကာကာယုံၾကည္ၿပီး ႐ုပ္နာမ္ျဖစ္ပ်က္ကို ျမင္ႏိုင္စြမ္းတဲ့ ကလ်ာဏ ပုထုဇဥ္ ( ပုထုဇဥ္အေကာင္း)ပုဂၢိဳလ္ေတြနဲ႔ ကံ ကံရဲ႕ အက်ိဳးကို မယုံၾကည္ဘဲ ေဗဒင္ / ယၾတာ / ဓာတ္႐ိုက္ဓာတ္ဆင္စတဲ့ ေလာကီမဂၤလာေတြကို ယုံၾကည္တဲ့႐ုပ္နာမ္ျဖစ္ပ်က္ကိုမျမင္ဘဲ ပုဂၢိဳလ္သတၱဝါပညတ္ေတြမွာ အစြဲအလန္းႀကီးေနတဲ့ အႏၶပုထုဇဥ္ ( ပုထုဇဥ္အကန္း ) ပုဂၢိဳလ္ေတြပါ။

ရဟႏၲာပုဂၢိဳလ္ႀကီးမ်းအပါအဝင္သာမန္ျမင့္ျမတ္သူေတြနဲ႔ ႐ိုး႐ိုးလူသားေတြအားလုံးရဲ႕ အ႐ိုးေတြဟာ တစ္ခုနဲ႔တစ္ခု “ေတ့ဆက္” ဆက္ေနၾကပါတယ္။အ႐ိုးတစ္ခုနဲ႔တစ္ခုရဲ႕ ထိပ္နဲ႔ တစ္ျခားအ႐ိုးတစ္ခုရဲ႕ထိပ္ | ထိပ္ ထိပ္ခ်င္းထိစပ္ၿပီး ေတ့တြဲ တြဲပူးကပ္ဆက္စပ္ေနၾကပါတယ္။တရားရိပ္သာနဲ႔ ေဆးခန္းပိုစတာေတြမွာျပသထားတဲ့ အဲဒီအ႐ိုးေတြအားလုံးဟာ ဘုရား ပေစၥက ဗုဒၶါမဟုတ္တဲ့ လူသားေတြရဲ႕ အ႐ိုးေတြခ်ည္းျဖစ္လို႔ အ႐ိုးအားလုံးဟာ “ေတ့ဆက္” ဆက္ေနၾကတာခ်ည္းပါ။

အႏွစ္ခ်ဳပ္ျပန္ေျပာရရင္ သမၼာ သမၺဳဒၶ ဘုရားရွင္တို႔ရဲ႕ အ႐ိုးဟာ ” ကြင္းဆက္ “| ပေစၥကဗုဒၶါဘုရားရွင္တို႔ရဲ႕ အ႐ိုးဟာ”ခ်ိတ္ဆက္”|ရဟႏၲာအပါအဝင္ က်န္လူသားအားလုံးရဲ႕အ႐ိုးဟာ ” ေတ့ဆက္ ” ျဖစ္ပါတယ္။ျမတ္စြာဘုရားရွင္ရဲ႕ အ႐ိုးေတာ္ေတြဟာ အဆက္ႀကီး တစ္ဆယ့္ႏွစ္ဆက္နဲ႔ လက္ေခ်ာင္းေတာ္ အဆစ္ေနရာေတြကလြဲရင္ တစ္ကိုယ္ေတာ္လုံး အ႐ိုးဆက္ေတြအားလုံး သံကြင္းေတြလို တစ္လုံးတစ္ခဲတည္း တြဲဆက္ေနၾကပါတယ္။

အဆက္ႀကီး တစ္ဆယ့္ႏွစ္ဆက္ဆိုတာက လက္ဝဲ / လက္ယာ / လက္ေကာက္ဝတ္ႏွစ္ခုနဲ႔ လက္ဆက္တဲ့အဆက္ႏွစ္ခု / လက္ေကာက္ဝတ္ကေန တံေတာင္ဆစ္အထိ လက္နဲ႔ လက္ေမာင္းဆက္တဲ့ အဆက္ႏွစ္ခု ( လက္ဝဲ / လက္ယာ ) | လက္ေမာင္းနဲ႔ လက္ျပင္႐ိုး ( ညႇပ္႐ိုး ) ဆက္တဲ့အဆက္ႏွစ္ခု ( ဝဲ / ယာ ) | ေျခဖမိုးေတာ္နဲ႔ ေျခသလုံးေတာ္ ဆက္တဲ့အဆက္ႏွစ္ခု( ဝဲ | ယာ ) | ေျခသလုံး႐ိုးနဲ႔ေပါင္႐ိုးဆက္တဲ့ အဆက္ႏွစ္ခု ( ဝဲ / ယာ)ေပါင္႐ိုးနဲ႔ တင္ပါးဆုံ႐ိုးဆက္တဲ့ အဆက္ႏွစ္ခု ( ဝဲ / ယာ ) တို႔ပါ။

ျမတ္စြာဘုရားရွင္ရဲ႕ လည္ပင္းအ႐ိုးေတာ္ေတြဟာ သံကြင္းဆက္ေတြ ဂေဟေဆာ္ထားသလို တစ္လုံးတစ္ခဲတည္း တြဲဆက္ေနတဲ့အတြက္

တစ္ေနရာရာကို ေနာက္ျပန္လွည့္ၾကည့္ေတာ့မယ္ဆိုရင္ လည္ပင္းေတာ္ခ်ည္း သက္သက္လွည့္ၾကည့္လို႔ မရပါဘူး ။ တစ္ကိုယ္ေတာ္လုံးလွည့္ၾကည့္မွရပါတယ္။“အ႐ိုးကြင္းဆက္” ဆိုတာသမၼာသမၺဳဒၶ ဘုရားရွင္ေတြနဲ႔သာ သက္ဆိုင္တဲ့ သီးျခားဂုဏ္ထူးတစ္ခုျဖစ္သလို”အ႐ိုးခ်ိတ္ဆက္” ဆိုတာလည္း

ပေစၥကဗုဒၶါ ဘုရားရွင္တို႔နဲ႔သာ သက္ဆိုင္တဲ့ သီးျခားဝိေသသတစ္ခု ျဖစ္ပါတယ္။ရဟႏၲာဆိုတာ ဘုရား | ပေစၥကဗုဒၶါတို႔နဲ႔ႏႈိင္းယွဥ္ရင္ ပါရမီခ်င္းေရာ အသိဉာဏ္ခ်င္းေရာအဆင့္အတန္းအမ်ားႀကီး နိမ့္တာမို႔သာမန္လူေတြလို ” အ႐ိုးေတ့ဆက္ ” လို႔ပဲပိဋကတ္ေတာ္နဲ႔ အညီ သံသယမရွိ မွတ္သားထားသင့္ပါတယ္။

crd

Unicode

မြတ်စွာဘုရားရှင်၏ အရိုးကွင်းဆက်တော်များအကြောင်းအပြည့်အစုံ

ရိုးရိုးလူသားတွေဆိုတာကတော့ကံနဲ့ ကံရဲ့ အကျိုးကို နှစ်နှစ်ကာကာယုံကြည်ပြီး ရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏ ပုထုဇဉ် ( ပုထုဇဉ်အကောင်း)ပုဂ္ဂိုလ်တွေနဲ့ ကံ ကံရဲ့ အကျိုးကို မယုံကြည်ဘဲ ဗေဒင် / ယတြာ / ဓာတ်ရိုက်ဓာတ်ဆင်စတဲ့ လောကီမင်္ဂလာတွေကို ယုံကြည်တဲ့ရုပ်နာမ်ဖြစ်ပျက်ကိုမမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါပညတ်တွေမှာ အစွဲအလန်းကြီးနေတဲ့ အန္ဓပုထုဇဉ် ( ပုထုဇဉ်အကန်း ) ပုဂ္ဂိုလ်တွေပါ။

ရဟန္တာပုဂ္ဂိုလ်ကြီးမျးအပါအဝင်သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေအားလုံးရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု “တေ့ဆက်” ဆက်နေကြပါတယ်။အရိုးတစ်ခုနဲ့တစ်ခုရဲ့ ထိပ်နဲ့ တစ်ခြားအရိုးတစ်ခုရဲ့ထိပ် | ထိပ် ထိပ်ချင်းထိစပ်ပြီး တေ့တွဲ တွဲပူးကပ်ဆက်စပ်နေကြပါတယ်။တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာပြသထားတဲ့ အဲဒီအရိုးတွေအားလုံးဟာ ဘုရား ပစ္စေက ဗုဒ္ဓါမဟုတ်တဲ့ လူသားတွေရဲ့ အရိုးတွေချည်းဖြစ်လို့ အရိုးအားလုံးဟာ “တေ့ဆက်” ဆက်နေကြတာချည်းပါ။

အနှစ်ချုပ်ပြန်ပြောရရင် သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့ အရိုးဟာ ” ကွင်းဆက် “| ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ရဲ့ အရိုးဟာ”ချိတ်ဆက်”|ရဟန္တာအပါအဝင် ကျန်လူသားအားလုံးရဲ့အရိုးဟာ ” တေ့ဆက် ” ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့ အရိုးတော်တွေဟာ အဆက်ကြီး တစ်ဆယ့်နှစ်ဆက်နဲ့ လက်ချောင်းတော် အဆစ်နေရာတွေကလွဲရင် တစ်ကိုယ်တော်လုံး အရိုးဆက်တွေအားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေကြပါတယ်။

အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက လက်ဝဲ / လက်ယာ / လက်ကောက်ဝတ်နှစ်ခုနဲ့ လက်ဆက်တဲ့အဆက်နှစ်ခု / လက်ကောက်ဝတ်ကနေ တံတောင်ဆစ်အထိ လက်နဲ့ လက်မောင်းဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲ / လက်ယာ ) | လက်မောင်းနဲ့ လက်ပြင်ရိုး ( ညှပ်ရိုး ) ဆက်တဲ့အဆက်နှစ်ခု ( ဝဲ / ယာ ) | ခြေဖမိုးတော်နဲ့ ခြေသလုံးတော် ဆက်တဲ့အဆက်နှစ်ခု( ဝဲ | ယာ ) | ခြေသလုံးရိုးနဲ့ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ / ယာ)ပေါင်ရိုးနဲ့ တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ / ယာ ) တို့ပါ။

မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေတဲ့အတွက်
တစ်နေရာရာကို နောက်ပြန်လှည့်ကြည့်တော့မယ်ဆိုရင် လည်ပင်းတော်ချည်း သက်သက်လှည့်ကြည့်လို့ မရပါဘူး ။ တစ်ကိုယ်တော်လုံးလှည့်ကြည့်မှရပါတယ်။“အရိုးကွင်းဆက်” ဆိုတာသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလို”အရိုးချိတ်ဆက်” ဆိုတာလည်း

ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြားဝိသေသတစ်ခု ဖြစ်ပါတယ်။ရဟန္တာဆိုတာ ဘုရား | ပစ္စေကဗုဒ္ဓါတို့နဲ့နှိုင်းယှဉ်ရင် ပါရမီချင်းရော အသိဉာဏ်ချင်းရောအဆင့်အတန်းအများကြီး နိမ့်တာမို့သာမန်လူတွေလို ” အရိုးတေ့ဆက် ” လို့ပဲပိဋကတ်တော်နဲ့ အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။

crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …