“ COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန်ငွေကြေးစိုက်ထုတ်မည်ဟု ဦးဇော်ဇော်ပြော ” - YATHAZONE


News










Credit

Unicode

“ COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန်ငွေကြေးစိုက်ထုတ်မည်ဟု ဦးဇော်ဇော်ပြော ”

COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် အကျိုးအမြတ်မယူဘဲ ငွေကြေးစိုက် ထုတ်ပြီးအစိုးရ၏ လမ်းညွှန်စီ မံမှုအောက်တွင် ဆောင်ရွက်သွားမည်ဟု ဦးဇော်ဇော်ပြောCOVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့်သော်လည်းကောင်း၊

လုပ်ငန်းရှင် များအားလုံး နှင့်ပူးပေါင်း၍သော် လည်းကောင်း အကျိုးအမြတ် မယူဘဲ ငွေကြေးစိုက်ထုတ်ပြီး နိုင်ငံတော် အစိုးရ၏ လမ်းညွှန်စီမံမှုအောက် တွင်စနစ်တကျ ဆက်လက်ဆောင် ရွက်သွားရန် ရည်ရွယ် ထားကြောင်း၊ ၂၀၂၀ခုနှစ်အတွင်း ဧရာဝတီဖောင်ဒေးရှင်း၏

ဆောင်ရွက်မှု အစီရင်ခံစာတွင် ဥက္ကဌဦးဇော်ဇော်က ထည့်သွင်းပြောကြားထားသည်။“တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်‌တွေ ပေါင်းစပ်ကြိုးပမ်းခဲ့ မှုနဲ့အတူ ဧရာဝတီစင်တာ အနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀,၀၀၀)ကျော်ကိုလက် ခံကုသပေးနိုင်ခဲ့ပြီး (၂၀,၀၀၀)ကျော်ကို ပိုးရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ပါတယ်” ဟု ဦးဇော်ဇော်က ယင်း၏

လူမှုကွန်ယက်စာမျက် နှာတွင် ရေးသားထားသည်။ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် ပထမလှိုင်းအတွင်း ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း များတွင်ပါဝင်ကူညီခဲ့ပြီး အခြားတစ်ဖက်တွင်လည်း ပရဟိတကျောင်းနှင့် ဘိုးဘွားရိပ်သာများ၊ စစ်ဘေးရှောင်စခန်းများအတွက်ပါ

စားနပ်ရိက္ခာနှင့် လိုအပ်သည့် အထောက်အပံ့များ ပံ့ပိုးကူညီပေး ခဲ့ကြောင်း သိရသည်။ COVID-19 ဒုတိယလှိုင်းအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ICU ၊ HDU နှင့် Test & Care Centre များ ပါဝင်သော ရန်ကုန်တွင်

ခုတင် (၁,၀၀၀)ဆံ့၊ မန္တလေးတွင် ခုတင် (၃၇၅)ဆံ့ ကုသရေးဌာန များကိုလည်း တည်ဆောက်ပံ့ပိုး ကူညီပေးလျက်ရှိကြောင်းလည်း သိရသည်။ ယခုအချိန်ထိ ကုသရေးဌာန များတွင် တက်ရောက်သူပေါင်း တစ်သောင်းကျော်ခန့်ကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး

အခြားလိုအပ်သော နေရာများတွင်လည်း ဆေးရုံသုံးပစ္စည်းများ၊ ကာကွယ်ကုသရေးအသုံးအဆောင်များ၊ အလှူငွေများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ

ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း ကပ်ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် အလှူရှင်များ စုပေါင်းကာ ငွေကျပ်စုစုပေါင်း (၂၁.၂)ဘီလျံကျော်ဖြင့် မတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …