သမီးနဲ့သားမက် ပေါင်းပြီးလမ်းဘေးတွင်စွန့်ပစ်သွားသော ၈၅ နှစ်အရွယ်အမေအို - YATHAZONE

သမီးနဲ့သားမက် ပေါင်းပြီးလမ်းဘေးတွင်စွန့်ပစ်သွားသော ၈၅ နှစ်အရွယ်အမေအို

သမီးနဲ့သားမက် ပေါင်းပြီးလမ်းဘေးတွင်စွန့်ပစ်သွားသော ၈၅ နှစ်အရွယ်အမေအို
News

သမီးနဲ့သားမက် ပေါင်းပြီးလမ်းဘေးတွင်စွန့်ပစ်သွားသော ၈၅ နှစ်အရွယ်အမေအို

သနားစရာသတင်းပါ သမီးအရင်းနဲ့ သားမက်ကိုယ်တိုင် ကားဝင်းမှာ လာစွန့်ပစ်သွားတဲ့ အသက်(၈၅)နှစ် အဖွားအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက်လိုက်တယ်လို့ သိရှိရပါတယ်။ဒီဖြစ်စဉ်ကို ပရဟိတ ကိုဇင်မိုးမှ အခုလို ” စွန့်ပစ်ခံ အဖွားနာမည်က – ဒေါ်ခင်ကြိုင်/အသက် – (၈၅)နှစ်/ဇာတိက ဝေါမြို့နယ်

ဆတ်သွားကုန်းရွာကပါတဲ့ သားသမီး (၅)ယောက်ရှိပါတယ်။ လက်ရှိ စွန့်ပစ်တဲ့ သမီးက အကြီးဆုံးသမီးတဲ့မော်လမြိုင်ကားဝင်းမှာ လာချသွားတာက သားမက် ကိုယ်တိုင် သား(၃)ယောက်က သူ့ဟာနဲ့သူ နေကြပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲ က ရွာက အလုပ်လုပ်မယ်ဆိုပြီ

ထွက်သွားကတည်းက သေသလား ရှင်သလား မသိပဲ ဘာအဆက်အသွယ်မှ မရတော့ဘူးတဲ့ သမီးငယ်ကတော့ ထိုင်းဘက်မှာ အလုပ်လုပ်မယ်ဆိုပြီးထွက်သွား ကတည်းက သေသလား ရှင်သလားမသိပဲ ဘာအဆက်အသွယ်မှ မရတော့ဘူးတဲ့ အဖွားရဲ့ခင်ပွန်းဖြစ်သူ ဦးထွန်းကြင်ကလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းက သေဆုံးသွားတယ်လို့ ပြောပါတယ်

နေတာက သမီးကြီးနဲ့ သားမက်အိမ်မှာပဲ ကပ်နေရင်း ဘာမှမလုပ်နိုင်မကိုင်နိုင် တော့တဲ့အချိန်မှာ ငြိုငြင်မှုကိုခံလာရပြီး နေ့တိုင်းလိုလို မောင်းချခံနေ ရတယ်လို့ ဆိုပါတယ်။နောက်ဆုံး သမီးနဲ့သားမက်က အဖွားကို”သမီးငယ် ယိုးဒယားဘက်က ပြန်ရောက်လာတယ်ကြားတယ် သူ့ဆီသွားပို့မယ်”ဆိုပြီး ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဖွားက ဒုက္ခရောက်မယ်မှန်း သိတော့ မသွားချင်ဘူးမလိုက်ဘူး အတင်းငြင်းပေမဲ့သားမက်ဖြစ်သူက လိုင်းကားနဲ့အတင်း တင်ခေါ်လာတယ်လို့ ပြောပါတယ်။လမ်းမှာ ထမင်းစားနားကားရပ်တော့လဲ အဖွားကိုဘာမှမကျွေးပဲ ကားထဲသာတံခါးပိတ်ထားပြီး သူ့ဟာသူထမင်းဆင်းစားပါတယ်တဲ့။

အဖွားက ဗိုက်ဆာလွန်းလို့ အော်တော့ ဘေးနားကလူတွေကသနားပြီး မုန့်တွေဘာတွေ ကျွေးမှ စားရတယ်လို့ ပြောပါတယ်။နောက်ဆုံး မော်လမြိုင်ကားဝင်းရောက်တော့ အဖွားက ငါ့ကိုဘယ်မှ မပို့ပါနဲ့တော့။ နင်တို့အကြံ ငါသိတယ်။ ဝေးဝေးမပို့ပါနဲ့။ ငါပဲဒုက္ခ ရောက်မယ်။

မော်လမြိုင်က ဘိုးဘွားရိပ်သာ တခုခုမှာ ထားပေးပါဆိုပြီး တောင်းပန်တော့လဲ အတင်းဖမ်းချုပ်ပြီး ခေါ်တယ်လို့ ပြောပါတယ်။အဖွားက ငိုပြီးအတင်းအော်နေတော့ ဒီနေရာမှာ သေချင်လဲ သေချင်တဲ့နေရာသာ သေရွာကိုတော့တသက်လုံး ပြန်မလာနဲ့ သားသမီးတွေ ရှိလားမေးရင်

သေပြီးလို့ ပြောဆိုပြီး အဖွားရဲ့ပစ္စည်းတွေအားလုံးပြန်ယူသွားကာ အဖွားကိုတော့ကားဝင်းထဲ ပစ်ချသွားတယ်လို့ သိရပါတယ်။ အဖွားမှာ ဘာပစ္စည်းမှ မပါလာပါဘူး။အဖွားက ကားဝင်းထဲ ရောက်ပြီးပြီးခြင်း
ရဲကိုသွားတိုင်သေးတယ်လို့ ပြောပါတယ်။ ရဲက အဖွားရဲသားမက်ကို လိုက်ရှာကြပေမဲ့ မတွေ့တော့ ပဲလွတ်သွားပါတယ်။အဖွားရဲ့ သတင်းကိုပထမနေ့က ကျွန်တော့်ဆီ ဖုန်းဆက်ပြောကြပါ သေးတယ်။

ဒါပေမဲ့သားသမီးတွေ ရှိနေရင် သားသမီးတွေနဲ့ အရင် ဆက်သွယ်ပေးပါ။သူတို့ရဲ့ ခွင့်ပြုချက်ရရင်တော့ ကျွန်တော်တို့ ရိပ်သာက စောင့်ရှောက်ပေးနိုင်ပါတယ်။ ကိုယ်က စောင့်ရှောက်ပြီးမှသားသမီးတွေ ပြသာနာလာရှာရင်ရှင်းရခက်ကြောင်း ပြောဆိုပြီး

အဖွားရဲ့ နေရပ်ကို ပြန်ပို့ပြီးမှလိုက်စုံစမ်းပေးပါ့မယ်လို့ ကျွန်တော်ကိုယ်တိုင် ပြောခဲ့ လမ်းညွှန်ခဲ့ပါသေးတယ်။ကျွန်တော်တို့ကတော့ တကယ်ဒုက္ခရောက်ပြီး ခိုကိုးရာမဲ့တဲ့အဖိုးအဖွား တွေကိုသာ ဦးစားပေး စောင့်ရှောက်ဖို့ ရည်ရွယ်ထားတဲ့အတွက် မူအတိုင်း အရင်သွားရမှာပဲလေ။

ဖြစ်စဉ်တွေ ကိုယ်ကသိသေးတာမှ မဟုတ်တာ။ ဒါပေမဲ့အဲဒီအဖွားက ကားဝင်းဆိုင်ကယ်ဂိတ် ရဲကင်း နေရာစုံသာ ရောက်သွားတယ်။ကျွန်တော်ပြောသလို ဘယ်သူမှဟုတ်တိ ပတ်တိ မကူညီကြပါဘူး။ နောက်ဆုံး မော်လမြိုင်ဘူတာကြီးမှာ ရောက်ရှိနေပြီး အဖွားရဲ့ကျန်းမာရေးအရကူညီသူတွေအချို့က ဆေးခန်းပါ ပြပေးနေရတယ်လို့

ကြားရပါတယ်။ သနားတဲ့သူတွေက အဖွားကို ပိုက်ဆံလေးလှူ မုန့်ဝယ်ကျွေး ထမင်းကျွေးကြတယ်လို့ ကြားလာရပါတယ်။ဆေးခန်းပြပေးပြီး ဘူတာမှာ ပြန်လာပို့ထားကြတော့ ရာသီဥတုကလဲ အေး။ အဖွားကလည်း လေတခြမ်း ဖြတ်ထားဖူးတဲ့အနေ အထားရှိ တော့ဘူတာရဲ့တမံတလင်းနဲ့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး အဖွားရဲ့

အနေအထားကိုကြည့်ပြီး ရထားရဲတပ်ဖွဲ့မှ တပ်ခွဲမှုးကိုယ်တိုင်လည်း မော်လမြိုင် RESCUE အဖွဲ့ကို ဆေးရုံပို့ပေးဖို့ထပ်အကူအညီ တောင်းလာတော့ နောက်ဆုံး မြဆည်းဆာဆရာတော်ဘဒ္ဒန္တနရိဒ္ဒ(ဦးဇင်းကျောက်ဆည်) နဲ့ ကျွန် တော်တို့ အကျိုးတော်ဆောင်တွေ ကိုယ်တိုင်ဘူတာကိုသွားပြီး အဖွားရဲ့ ဖြစ်စဉ်နဲ့ အကြောင်းအရာတွေကို စီစစ်စုံစမ်းပြီး “မြဆည်းဆာ”ရဲ့

အေးငြိမ်းတဲ့ ရင်ခွင်မှာ စောင့်ရှောက်ထားလိုက်ပါပြီး အဖွားရဲ့ ဘဝ အေးချမ်းပါပြီး သူ့သားသမီးတွေအကြောင်း သူ့ရှေ့မှာ မပြောရဲလောက်အောင် စိတ်နာနေပါတယ်။ မိဘက မွေးလို့ကျွေးလို့ လူဖြစ်လာကြတာပါ

ကျွန်တော်တို့ သွေးမတော် သားမစပ် သူ စိမ်းတွေတောင် ကိုယ့်မိဘ အဖိုးအဖွားအရင်းလို စောင့်ရှောက်နိုင်သေးတာ။ သားသမီးအရင်းတွေက မိဘကို အသက်ကြီးလာလို့ ဘာမှ မလုပ်ပေးနိုင်တော့တဲ့အခါ

လူပိုလို သတ်မှတ်ပြီး ငြိုငြင်ကြတာ ဖြစ်သင့်သလားပေါ့။ ဝဋ်တွေ မလည်ကြပါစေနဲ့ အထက်ပါဖြစ်စဉ်အားလုံးအဖွားကိုယ်တိုင် ပြောပြသောဖြစ်စဉ်များ ဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့ မြဆည်းဆာကို မရောက်ခင် အဖွားကို ကူညီခဲ့ကြသူတွေလည်း အဖွားရဲ့ဖြစ်စဉ်ကို အဖွားပြောပြလို့ သိကြပြီးပြီး ထင်ပါတယ်။တကယ်သနားဖို့ကောင်းတဲ့ သားသမီးတွေရဲ့ စွန့်ပစ်ခံအဖွားပါ။”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်

ကိုဇင်းမိုးကတော့ စွန့်ပစ်သူတွေကို ဝဋ်မလည်ဖို့ ဆုတောင်းပေးပေမယ့် ကျွန်တော်ကတော့ ဒင်းတို့ ဝဋ်အမြန်လည်ပါစေလောကပါလနတ်တွေကလဲ အပြစ်ဒဏ်ခတ်ပေးပါလို့ ဆုတောင်းပါတယ်နောက်ထက် စာဖတ်သူတို့ကို တောင်းဆိုအကူညီတောင်းပါရစေ

အဖွားရဲ့ မျက်နှာမြင်ရင် သူတို့ရွာက ရွာသူရွာသားတွေမှတ်မိကြမှာပဲ ဒါဆိုရင် အရိုင်းစိုင်းကောင်တွေ အတွက်နေစရာ ဘောင်ကျဉ်းသွားမယ် ကျေးဇူးပြုပြီး အဖွားရွာကလူတွေမြင်အောင် ရှယ်ပေးပါနော်

Source – Char take

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …