ရခိုင်ပြည်နယ်မှာ ကိုဗစ်ကို အနိုင်ရတော့မည် (စစ်တွေဆေးရုံကြီးတွင် လူနာ ၂ ဦးသာ ကျန်ရှိတော့) - YATHAZONE
News
Credit
Unicode
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကို အနိုင်ရတော့မည် (စစ်တွေဆေးရုံကြီးတွင် လူနာ ၂ ဦးသာ ကျန်ရှိတော့)
ယနေ့ ဇန်နဝါရီ ၉ ရက်နေ့အထိ ရခိုင်ပြည်နယ်မြို့တော်စစ်တွေဆေးရုံကြီး၌ ကိုဗစ်အတည်ပြုလူနာ ၂ ဦးသာ ကျန်ရှိပြီး ရခိုင်တစ်ပြည် နယ်လုံးတွင် ကိုဗစ်လူနာ ၅၆ ဦးသာ ဆေးရုံများတွင် ဆေးကုသမှုခံယူ၍ ကျန်ရှိတော့ကြောင်း
ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူများက ပြောပါတယ်။ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ရခိုင်မှာ ကိုဗစ်လူနာ ၅၆ ဦးသာ ကျန်ရှိတော့တယ်။ လောလောဆယ် လူနာမရှိ တဲ့ဆေးရုံတွေ ရှိတယ်။
ကျွန်တော်အလွတ်တော့ မရဘူး ဖြစ်နေတယ်။ ကိုဗစ်က ပြည်သူလူထုတွေ နှာခေါင်းစည်း(mask) တပ်လို့လား၊ ဘယ်လိုပဲဖြစ်ဖြစ်လေ။ကျွန်တော်တို့ မနေ့ကဆိုရင် ၈၁၄ ယောက်စစ်တယ်။ အဲဒီထဲမှာ ၅ ယောက်ပဲ ပိုးတွေ့တယ်” ဟု ပြောပါတယ်။။
မြို့နယ်တစ်ချို့၏ ဆေးရုံများတွင် ကိုဗစ်လူနာ မရှိတော့သော်လည်း လူနာ လုံးဝ ကင်းစင် သွားသည်မျိုး မဟုတ်ပဲ ပြင်ပတွင် ရောဂါလက္ခဏာမပြပဲ ကူးစက်ခံရ မှန်းမသိသူများ ရှိနေနိုင်ကြောင်း၊
သို့အတွက် ကျန်းမာရေး အသိအပါအဝင် သတိတရား လက်ကိုင်ထားနေထိုင်ကြရန်လိုအပ်ကြောင်း ၎င်းက ပြောကြားပါတယ်။“ခုလို ပိုးတွေ့နူန်း ကျဆင်းသွားတာ ကျွန်တော်လည်း တိတိကျကျတော့ ပြောဖို့မတတ်ဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ်လေ။
ကျန်းမာရေး အသိ ပညာပေးမှုတွေကို လိုက်နာစောင့်ထိန်းပြီး နေထိုင်ဖို့ လိုအပ် နေသေးတယ်” ဟုဆိုပါတယ်။ရခိုင်ပြည်နယ်၏ အဓိက ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့သည့် စစ်တွေပြည် သူ့ဆေးရုံကြီးတွင် ယနေ့ နံနက်အထိ ကိုဗစ်အ တည်ပြုလူနာ ၂ ဦးသာ
ကျန်ရှိတော့ကြောင်း၊ ၎င်းလူနာ ၂ ဦးလုံးမှာ စိုးရိမ်စ ရာမရှိသည့် လူနာများ ဖြစ်ကြောင်း စစ်တွေဆေးရုံ အုပ်ဒေါက်တာဇော်လွင်က ပြောပါတယ်။“ဆရာတို့ဆီမှာက ကိုဗစ်လူနာ တဖြည်းဖြည်းလျှော့နေတာ ကြာပါပြီ။ ကိုဗစ်မဟုတ်တဲ့ လူနာတွေကို ပိုပြီးတော့ ကုသနိုင်တာပေါ့။
တခြား လူနာတွေကို ကျန်းမာရေး ပြုစုစောင့်ရှောက် မှုပေးတဲ့အခါမှာ ပိုပြီးတော့ ကောင်းလာတယ်။ ဒါပေမယ့် ကိုဗစ် ၁၉ လူနာလျှော့နေ တယ်ဆိုပေမယ့် ဂရုစိုက်ဖို့တော့ မလျှော့စေချင်ဘူး” ဟုပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက်အထိ ကိုဗစ်ကူးစက် ခံခဲ့ရသူ ၄၁၈၅ ဦးရှိခဲ့ပြီး လက်ရှိ ၅၆ ဦးသာကျန်ရှိပါတယ်။ ရခိုင်တစ်ပြည် နယ်လုံးတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၆ ဦးအထိရှိခဲ့ပါတယ်။
Credit
No Comments
Leave a Reply
Your email address will not be published.
News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …
News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …
News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …