ထိုင်းထီပထမဆု ဘတ် (၆) သန်း အပါအဝင် ဆု (၄) ဆု ဆွတ်ခူးသော မော်လမြိုင်က ကံထူးရှင် - YATHAZONE


News











Credit

Unicode

ထိုင်းထီပထမဆု ဘတ် (၆) သန်း အပါအဝင် ဆု (၄) ဆု ဆွတ်ခူးသော မော်လမြိုင်က ကံထူးရှင်

ထိုင်းထီပထမဆု ဘတ် (၆) သန်း အပါအဝင် ဆု (၄) ဆု ဆွတ်ခူးသော မော်လမြိုင်ကကံထူးရှင် ဇနီးမောင်နှံကို AAC အဖွဲ့က ထီဆုငွေထုတ် ယူပေးခဲ့30-12-2020 ရက်နေ့ထုတ် ထိုင်းအစိုးရထီ အမြင့်ဆုံး ဆုကြီး

ဘတ်(6)သန်းဆုကို မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကိုထက်အောင်ကိုနှင့်မစန္ဒာထွန်း ဇနီးမောင်နှံမှ ဆွတ်ခူးသွားပါတယ်။ ထီထွက်တဲ့ ရက်မှာပဲထီပေါက်တာ သိပြီးနောက် AAC ဒါရိုတ်တာဦးခိုင်နှင့်

ကိုရဲမင်းထံ မက်ဆင်ဂျာမှစာပို့ဆက်သွယ်ခဲ့ပေမယ့် AAC ဘက်က စာတွေ မဖတ်နိုင်ခဲ့သဖြင့် အချိန်ကြန့်ကြာခဲ့ပါတယ်။ အခြားသူများကို ထီဆုငွေ လိုက်ထုတ်ခိုင်းပေမယ့် ထီဆုငွေ အပြည့်အဝမရခဲ့လို့

ထီလက်မှတ်သိမ်းထားပြီး ထိုင်းမှ သူငယ်ချင်းများမှ တဆင့် ကူညီမှုဖြင့် AAC နှင့် ချိတ်ဆက်မိခဲ့ပြီး AAC မှ ယနေ့ ထီဆုငွေ များအား ထိုင်းဘတ်မှ ကျပ်ငွေပြောင်း၍ စုစုပေါင်း ကျပ်သိန်း(၂,၅၀၀) ကျော်အား မြန်မာပြည်

ကမ္ဘောဇ ဘဏ်သို့ နေ့တွင်းချင်းရောက်ရှိအောင် AAC မှ “အခမဲ့” ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ထီလက်မှတ် လက်ကျန်အုပ်ထဲမှ ထိုင်းထီ ၃ လုံးတူ နှစ်စောင် ၂ လုံးတူ တစ်စောင်ဘတ် (၆) သန်းဆု ဆု (၄)

ဆု ဆွတ်ခူးခဲ့သော ထိုင်းထီကံထူးရှင် ဇနီးမောင်နှံမှမေတ္တာတုံ့ပြန်သောအားဖြင့် AAC အား ပြန်လည်လှူဒါန်းခဲ့ပေမယ့် ဘယ်လောက်လှူလဲ ဆိုတာ ဖော်ပြခွင့်မပြုပါ။AAC မှ ထိုင်းထီပထမဆုကြီးများအား အခမဲ့

ထုတ်ယူပေးခဲ့တာ (၂၅) ဦး မြောက်ဖြစ်ပါကြောင်း၊ယခုလို ထိုင်းမြန်မာ အဝင်အထွက်တွေ ပိတ်ဆို့ ထားချိန်မှာ မြန်မာပြည်က ထီလက်မှတ်ကိုဘန်ကောက်ကိုယူပြီး ထီဆုငွေတွေ ထုတ်ပေးပြီး

နေ့တွင်းချင်း ပြည်တွင်းကိုငွေချက်ချင်းရောက်အောင် ပို့နိုင်ဖို့ဆိုတာ တော်ရုံ စကေးနဲ့တော့ မရဘူးလေနောကိုရဲမင်း (AAC မဟာမိတ်အဖွဲ့) – ထိုင်းအခြေစိုက် အလုပ်သမားကူ

ညီစောင့်ရှောက်ရေး ပုံ – ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းထီဆုငွေများ ထုတ်ပေးရာ ထိုင်းဘဏ်ကြီးရှေ့မှာ AAC ဒါရိုတ်တာဦးခိုင် နှင့် ထီပေါက်သူရဲ့ သူငယ်ချင်းများ

Credit

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …