ကွဲအက်နေတဲ့ ဖုန်း screen ကို ဆက်သုံးစွဲနေခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ - YATHAZONE


Health





လက်ကို ထိခိုက်စေတယ်







Khin

Unicode

ကွဲအက်နေတဲ့ ဖုန်း screen ကို ဆက်သုံးစွဲနေခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ

တစ်ခါတစ်လေမှာ မတော်တဆကြောင့်ပဲ ဖြစ်ဖြစ် ဖုန်း screen တွေ ကွဲအက်သွားတာ၊ အရာထင်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါကို လှဲလှယ်တာမျိုးတွေ မလုပ်ပဲ ဆက်သုံးစွဲနေမိတာမျိုး တော်တော်များများ လုပ်ဖြစ်ကြပါတယ်။ ဒီလို အက်ကွဲနေတဲ့ ဖုန်း screen ကို အသုံးပြုခြင်းက ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်လဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

Radio frequency radiation ထိခိုက်မှု

လေ့လာ ချက်တွေအရ ဖုန်းတွေဟာ radio ကြိမ်နှုန် းဓာတ်ရောင်ခြည်တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီတော့ ကွဲအက်အရာထင်နေတဲ့ ဖုန်းကို အသုံးမိလိုက် တဲ့အခါမှာ ခန္ဓာကိုယ်ကနေပြီး ဒီဓာတ်ရောင်ခြည်တွေကို စုပ်ယူလိုက်တတ်ကြပါတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေနဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

လက်ကို ထိခိုက်စေတယ်

ဒါကတော့ တော်တော်များများ သိပြီးသားဖြစ်တဲ့ လက်တွေကို ထိခိုက်စေတာပါပဲ။ ဖုန်း screen ကြီး ကွဲအက်နေတဲ့နေရာကို မတော်တဆ လက်နဲ့ထိမိသွားတဲ့အချိန်မှာ ဖုန်းမှန်ကြောင့်လက်ရှတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွဲအက်အရာထင်နေတဲ့ ဖုန်း screen ကို အမြန်ဆုံး လှဲသင့်ပါတယ်။

မျက်လုံးကို ထိခိုက်စေတယ်

နောက်ထပ် တစ်ချက်က မျက်လုံးတွေကို ထိခိုက်စေတာပါပဲ။ ခုနောက်ပိုင်းဖုန်းတွေဟာ သုံးစွဲသူတွေ စိတ်ကျေနပ်စေဖို့ OLED display မျိုးကို အသုံးပြုပေးထားပါတယ်။ ဒါပေမယ့် ဒီပုံစံမျိုးက ကွဲအက်နေတဲ့ ဖုန်းတွေအတွက်တော့ ကြည့်ရတာ တကယ့်ကို

အဆင်မပြေစေတဲ့အတွက် မျက်လုံးကို ထိခိုက်စေတာပါပဲ။ ဒါက မျက်လုံးကို ယားယံတာ၊ မျက်ရည်ထွက်တာ သို့ ခြောက်သွေ့တာ မျိုးတွေ ဖြစ်နိုင်ပါတယ်။

ဖုန်းကို ပျက်စီးလွယ်စေတယ်

အက်ကွဲအရာ ထင်နေတဲ့ ဖုန်း screen ကို ဒီအတိုင်းပဲ သုံးနေမိတာက ကျန်တဲ့ အပိုင်းတွေကိုလည်း အလွယ်တကူပဲ ပျက်စီးစေတတ်ပါတယ်။ ဖုန်း screen ကြီးက အလုပ်မလုပ်တော့ တဲ့အခါ ခလုတ်တွေနဲ့ တစ်ခြားသော အစိတ် အပိုင်းတွေကပါ ချို့ယွင်းလာတတ်ပါတယ်။ ဒါကြောင့် ဖုန်း screen ကွဲအက်သွားရင် ဒီအတိုင်း ဆက်သုံးမနေပါနဲ့ မြန်မြန်လှဲပစ်ပါ။

Khin

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …