အရက္၊ ဘီယာ၊ ဝိုင္ တစ္ေန႔ကို က်န္းမာေရးဂရုစိုက္တဲ့အေနနဲ့ဘယ္ေလာက္ပမာဏထိ ေသာက္လို႔ရလဲ - YATHAZONE

အရက္၊ ဘီယာ၊ ဝိုင္ တစ္ေန႔ကို က်န္းမာေရးဂရုစိုက္တဲ့အေနနဲ့ဘယ္ေလာက္ပမာဏထိ ေသာက္လို႔ရလဲ

အရက္၊ ဘီယာ၊ ဝိုင္ တစ္ေန႔ကို က်န္းမာေရးဂရုစိုက္တဲ့အေနနဲ့ဘယ္ေလာက္ပမာဏထိ ေသာက္လို႔ရလဲ
Health

အရက္၊ ဘီယာ၊ ဝိုင္ တစ္ေန႔ကို က်န္းမာေရးဂရုစိုက္တဲ့အေနနဲ့ဘယ္ေလာက္ပမာဏထိ ေသာက္လို႔ရလဲ

အရက္၊ ဘီယာ၊ ဝိုင္ တစ္ေန႔ကို ဘယ္ေလာက္ ေသာက္လို႔ရလဲ

ကြၽန္ေတာ္ ဒီေဆာင္းပါးနဲ႔ပတ္သက္ၿပီး တစ္ခုရွင္းျပခ်င္ပါတယ္။ ကြၽန္ေတာ္ အရက္ေသာက္တာ အားမေပးပါ။ သို႔ေသာ္ ေသာက္ေနတဲ့ သူမ်ားကိုလည္း မပုတ္ခတ္ ပါဘူး။နည္းအမ်ိဳးမ်ိဳး နဲ႔ ေခါင္းစဥ္အမ်ိဳးမ်ိဳး ေၾကာင့္ ယေန႔ေခတ္မွာ ေသာက္တာပာာ အခုေနာက္ပိုင္း လူေတြ

အတြက္က ေရဝယ္ေသာက္ သလို ျဖစ္လာပါၿပီ။ ယခုလို သၾကၤန္ကာလာ နီးလာရင္ ပိုၿပီးေတ ာ့ေတာင္ ေသာက္ျဖစ္ ၾကပါတယ္။ဒါေပမဲ့ ေသာက္တဲ့ ေနရာမွာ သတ္မွတ္ခ်က္ေလး တစ္ခုေတာ့ရွိသင့္ပါတယ္။ သတ္မွတ္ခ်က္ ကလည္း ေယာက်ၤား နဲ႔ မိန္းမ မတူပါ။

1. Whiskey (40% alcohol) အမ်ိဳးသားေတြ က တစ္ေန႔ကို ၆၀ မီလီလီတာ ထက္ပိုမေသာက္သင့္ပါဘူး။ အမ်ိဳးသမီးေတြ ကေတာ့ ၃၀ မီလီလီတာ ထက္မပိုသင့္ပါဘူး။ 2. Beer (5% alcohol) အမ်ိဳးသားေတြက တစ္ေန႔ကို ႏွစ္ခြက္ (720 ml) အမ်ိဳးသမီးေတြ က တစ္ခြက္(360 ml) ထက္မပိုသင့္ပါဘူး။

3. Wine (12% alcohol) အမ်ိဳးသားေတြ က တစ္ေန႔ ကို ၃၀၀ မီလီလီတာ ထက္မပိုသင့္သလို အမ်ိဳးသမီးေတြ ကေတာ့ ၁၅၀ မီလီလီတာ ထက္ မပိုသင့္ပါဘူး။ အခုေျပာထားတဲ့ အတိုင္းတာေတြ ထက္ ပိုၿပီးေသာက္ရင္ ၾကာလာရင္ ဘာေတြျဖစ္လာမလဲ?

1. ႐ုတ္တရက္မွာေတာ့ အသည္း လုပ္ေဆာင္ခ်က္ေတြ အရွိန္ျမႇင့္ၿပီး အလုပ္ပိုလုပ္လာရပါတယ္။. 2. အခ်ိန္ၾကာလာတာနဲ႔ အမွ် Alcoholic Hepatitis လို႔ေခၚတဲ့ အရက္ေၾကာင့္ျဖစ္တဲ့ အသည္းေရာင္ ေရာဂါ ျဖစ္လာပါတယ္။ 3. ၾကာလာရင္ အသည္းေျခာက္ၿပီး အသည္းကင္ဆာ အထိျဖစ္တတ္ပါတယ္။

ေနာက္သတိထားရမယ့္ အခ်က္ကေတာ့ အရက္ပာာ ေဆးဝါးေတာ္ေတာ္မ်ားမ်ား နဲ႔ မတည့္ပါဘူး။ တစ္ခါတစ္ေလ ေဆး အာနိသင္ကို ေလ်ာ့ေစသလို ေဆးရဲ႕ ေဘးထြက္ ဆိုးက်ိဳး ကိုပါ ပိုဆိုးေစပါတယ္။တခ်ိဳ႕ကေျပာပါတယ္ အရက္ကို ႏွလုံးက်န္းမာေရး အတြက္ ေဆးျဖစ္ဝါ းျဖစ္ေသာက္ ဖို႔ လိုတယ္ ဆိုၿပီး။

မေသာက္ တတ္တဲ့ သူေတြ အတြက္ ႏွလုံးက်န္းမာ ေရးတစ္ခုတည္း အတြက္နဲ႔ အရက္ စမ္းသပ္ ေသာက္စရာ မလိုပါဘူး။ ကိုလက္စထေရာ က်ေစမယ့္ အစားအစာ ေတြ မ်ားမ်ားစားၿပီး ဆီေၾကာ္မုန႔္ေတြ ေလွ်ာ့စားကာ ေလ့က်င့္ခန္း တစ္ခုခု ပုံမွန္လုပ္ေပးျခင္းျဖင့္ လည္း ႏွလုံးက်န္းမာေရး ကို အထိုက္ အေလ်ာက္ ကာကြယ္ ေပးၿပီးသား ျဖစ္ပါတယ္။

— ေဒါက္တာညီညီေက်ာ္ @Dr. Nutrition

Credit

Unicode

အရက်၊ ဘီယာ၊ ဝိုင် တစ်နေ့ကို ကျန်းမာရေးဂရုစိုက်တဲ့အနေနဲ့ဘယ်လောက်ပမာဏထိ သောက်လို့ရလဲ

အရက်၊ ဘီယာ၊ ဝိုင် တစ်နေ့ကို ဘယ်လောက် သောက်လို့ရလဲ

ကျွန်တော် ဒီဆောင်းပါးနဲ့ပတ်သက်ပြီး တစ်ခုရှင်းပြချင်ပါတယ်။ ကျွန်တော် အရက်သောက်တာ အားမပေးပါ။ သို့သော် သောက်နေတဲ့ သူများကိုလည်း မပုတ်ခတ် ပါဘူး။နည်းအမျိုးမျိုး နဲ့ ခေါင်းစဉ်အမျိုးမျိုး ကြောင့် ယနေ့ခေတ်မှာ သောက်တာပာာ အခုနောက်ပိုင်း လူတွေ

အတွက်က ရေဝယ်သောက် သလို ဖြစ်လာပါပြီ။ ယခုလို သင်္ကြန်ကာလာ နီးလာရင် ပိုပြီးတေ ာ့တောင် သောက်ဖြစ် ကြပါတယ်။ဒါပေမဲ့ သောက်တဲ့ နေရာမှာ သတ်မှတ်ချက်လေး တစ်ခုတော့ရှိသင့်ပါတယ်။ သတ်မှတ်ချက် ကလည်း ယောင်္ကျား နဲ့ မိန်းမ မတူပါ။

1. Whiskey (40% alcohol) အမျိုးသားတွေ က တစ်နေ့ကို ၆၀ မီလီလီတာ ထက်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေ ကတော့ ၃၀ မီလီလီတာ ထက်မပိုသင့်ပါဘူး။ 2. Beer (5% alcohol) အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက် (720 ml) အမျိုးသမီးတွေ က တစ်ခွက်(360 ml) ထက်မပိုသင့်ပါဘူး။

3. Wine (12% alcohol) အမျိုးသားတွေ က တစ်နေ့ ကို ၃၀၀ မီလီလီတာ ထက်မပိုသင့်သလို အမျိုးသမီးတွေ ကတော့ ၁၅၀ မီလီလီတာ ထက် မပိုသင့်ပါဘူး။ အခုပြောထားတဲ့ အတိုင်းတာတွေ ထက် ပိုပြီးသောက်ရင် ကြာလာရင် ဘာတွေဖြစ်လာမလဲ?

1. ရုတ်တရက်မှာတော့ အသည်း လုပ်ဆောင်ချက်တွေ အရှိန်မြှင့်ပြီး အလုပ်ပိုလုပ်လာရပါတယ်။. 2. အချိန်ကြာလာတာနဲ့ အမျှ Alcoholic Hepatitis လို့ခေါ်တဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင် ရောဂါ ဖြစ်လာပါတယ်။ 3. ကြာလာရင် အသည်းခြောက်ပြီး အသည်းကင်ဆာ အထိဖြစ်တတ်ပါတယ်။

နောက်သတိထားရမယ့် အချက်ကတော့ အရက်ပာာ ဆေးဝါးတော်တော်များများ နဲ့ မတည့်ပါဘူး။ တစ်ခါတစ်လေ ဆေး အာနိသင်ကို လျော့စေသလို ဆေးရဲ့ ဘေးထွက် ဆိုးကျိုး ကိုပါ ပိုဆိုးစေပါတယ်။တချို့ကပြောပါတယ် အရက်ကို နှလုံးကျန်းမာရေး အတွက် ဆေးဖြစ်ဝါ းဖြစ်သောက် ဖို့ လိုတယ် ဆိုပြီး။

မသောက် တတ်တဲ့ သူတွေ အတွက် နှလုံးကျန်းမာ ရေးတစ်ခုတည်း အတွက်နဲ့ အရက် စမ်းသပ် သောက်စရာ မလိုပါဘူး။ ကိုလက်စထရော ကျစေမယ့် အစားအစာ တွေ များများစားပြီး ဆီကြော်မုန့်တွေ လျှော့စားကာ လေ့ကျင့်ခန်း တစ်ခုခု ပုံမှန်လုပ်ပေးခြင်းဖြင့် လည်း နှလုံးကျန်းမာရေး ကို အထိုက် အလျောက် ကာကွယ် ပေးပြီးသား ဖြစ်ပါတယ်။

— ဒေါက်တာညီညီကျော် @Dr. Nutrition

Credit

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …