ကြွေးပူ၊ကြွေးအေး ဘာအကြွေးမှ မရှိအောင်အကြွေးကြေ ယတြာကိုအမြန်ဆုံးလုပ်ဆောင်ပါ - YATHAZONE


ဗေဒင်









Unicode

Unicode

ကြွေးပူ၊ကြွေးအေး ဘာအကြွေးမှ မရှိအောင်အကြွေးကြေ ယတြာကိုအမြန်ဆုံးလုပ်ဆောင်ပါ

*ပေးရန်ရှိတဲ့ အကြွေးတွေအမြန်ဆုံး ဆပ်ချင်ပါတယ်၊ အမြန်ဆုံး အကြွေးကြေအောင် ဘာယတြာခြေရမလည်းလို့ မေတဲ့သူတွေအများကြီး တွေ့လာရပါတယ်။ သူတို့ကို ကျွန်တော်အမြဲတမ်း ပေးနေကျ ယတြာလေး တစ်ခုရှိပါတယ်။ အရမ်းလည်း အကျိုးရှိတာကို တွေ့ရပါတယ်။

ဘာနေ့သားသမီးမဆို ပြုလုပ်လို့ရပါတယ် တနင်္လာနေ့တွင် နီးစပ်ရာ ဆေးရုံသို့ သွား၍ နွမ်းပါးသော လူနာများကို (သို့မဟုတ်) လူနာစောင့်များကို ကြက်ဥပြုတ် ၁၅ လုံး ပြုတ်၍ (သို့မဟုတ်) ဝယ်၍ တစ်ဦးလျှင် ၂လုံး ၃လုံးခန့်စီ လှူ ပေးရမည်။ ၂ပါတ်တစ်ခါ ပြုလုပ်ပေးရပါတယ်။

အိမ်တွင် မိမိ ပိုက်ဆံထည့်သော တ္တော(သို့မဟုတ်) အံဆွဲ၏ အပေါ် (သို့မဟုတ်) အထဲတွင် ညောင်ရွက်တစ်ရွက်ပေါ်မှာ (အချောဘက်အခြမ်းတွင်) ဥုံဟု ဆော့ပင်အနီရောင်ဖြင့် ရေးပြီးပလပ်စတစ်ကတ်လောင်း၍ တိတ်နှင့် ကပ်ထားပေးပါ။ သေတ္တာအတွင်းမှာဖြစ်ဖြစ် သေတ္တာအပေါ်မှာ ဖြစ်ဖြစ်ကပ်ထားပါ။

ကျွန်တော်ကတော့ သေတ္တာအတွင်း ဘက်အဖုံးအောက်မှာ ကပ်ခဲ့ပါတယ် သေတ္တာမှာ စပြီးကပ်ရမယ့် ရက်က ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီတိတိ ဖြစ်ပါတယ်။ အတော်ကလေးကြာမှ ညောင်ရွက်ကလေးက ပုပ်လာပြီးစုတ်ပြတ်လာမှ အသစ်ထပ်လဲ ပေးရုံပါဘဲ။ အပါတ်တိုင်းလဲ ပေးနေစရာ မလိုပါဘူး ယခုလို ပြုလုပ်ပေးခြင်းအားဖြင့်တဖြည်းဖြည်းနဲ့

သေတ္တာထဲထည့်ရတဲ့ငွေတွေ များလာမှာဖြစ်ပြီး အကြွေးတွေအမြန်ဆုံး ဆပ်နိုင်လာမှာ ဖြစ်ပါတယ် သေတ္တာ မသုံးသူတွေအနေနဲ့ သေတ္တာဝယ်ပြီး ပြုလုပ်ပါ။ သေတ္တာက ဘာအသားနဲ့ ဖြစ်ဖြစ်ရပါတယ်။ ဘီရိုအံဆွဲမှာလည်း ပြုလုပ်လို့ရပါတယ် ကျွန်တော်ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါတယ် အကြွေးရစရာရှိပြီး မရသေးသူတွေလုပ်လို့မရပါဘူး။

ဒါက သီးသန့်အကြွေးကြေ ယတြာပါ အကြွေးမဆပ်နိုင် ဖြစ်နေသူတွေသာ ပြုလုပ်ရပါတယ် ပိုက်ဆံမရှာဘဲ ဒီယတြာလေးခြေရုံနဲ့ အကြွေးကြေမလား? ဆိုတဲ့ မေးခွန်းမျိုးတွေ မမေးစေချင်ပါဘူး ယုံယုံကြည်ကြည် လုပ်လေ ယတြာက စွမ်းလေဖြစ်ပါတယ် လစဉ်အင်္ဂလိပ်လ ၁ရက်နေ့မှ ၅ရက်နေ့ထိရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်ကျိုက္ကစံဘုရား

မြောက်ဖက်မုခ်ဆိုင်နံပါတ်( A-11တွင် ဆွေးနွေး ဟောပြောပေးပါသည်။ကျန်ရက်တွေမှာတော့မန္တလေးမြို့35မ်း-36လမ်းကြား/72လမ်း-73လမ်းကြားရှိ နေအိမ်တွင် ဆွေးနွေးဟောပြောပေးပါသည်။ဖုန်းကြိုတင်ဆက်ပြီးမှသာ လာကြပါခင်ဗျPh-09792135272 09454611664ဖုန်းဖြင့်လည်း ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။လူတစ်ဦးလျှင် ဆွေးနွေးခ၁၀၀၀၀/ကျပ်ပါ။

Unicode

No Comments

Leave a Reply

Your email address will not be published.

၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ
ဗေဒင်
၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ

၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ လုပ်ငန်းစီးပွား၊ ငွေကြေးနဲ့ပတ်သက်တဲ့ အခက်အခဲ ငွေကြေးကံအညံ့ လာဘ်မရွှင်မှု ငွေကြေး လာဘ်တိတ်မှုတို့ကို သိသိသာသာ သက်သာစေပီး ငွေကြေး အခက်အခဲများ ပြေလည်ခြင်း ငွေကြေး ကံကောင်းခြင်း လာဘ်လာဘပေါများခြင်း လာဘ်ပွင့်ခြင်း အကျိုးအားကောင်းစေပါလိမ့်မယ်။ ယတြာအတွက်လိုအပ်တာက လိမ္မော်သီး ၃ လုံး (လိ ၄ မ္မော် ၅) လဘ္ခက်ရည်ကြမ်း တစ်ခွက် (လ ၄ ဘ္ခက် ၅) လိမ္မော်သီး ၃ လုံးကို လင်ဗန်း (လင် ၄ ဗန်း ၅) တစ်ဗန်း ထဲထည့်ပီး မိမိနေအိမ် ဘုရားကျောင်းဆောင်မှာ ကပ်လှူပေးပါ… လင်ဗန်းက …

ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်…
ဗေဒင်
ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်…

ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်… စနေနေ့တိုင်းလုပ်လျှင် အကြွေးကြေ ငွေဝင်လာဘ်ပွင့်စေပါတယ်။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ရက်တစ်ပတ်လျှင် တစ်ကြိမ် စနေနေ့ ကျရောက်သည့် နေ့တွင် ခြေသည်းလက်သည်းညှပ်ခြင်း၊ ဆံပင်ညှပ်ခြင်း (သို့မဟုတ်) ခေါင်းလျှော် ခေါင်းဆေးမင်္ဂလာပြုလုပ်၍ ရေချိုးကာသန့်စင်ခြင်း …၊ အိမ်အတွင်းရှိအမှိုက်သရိုက်များ သန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊ အိမ်ထမင်းစားခန်း သီးသန့်ရှိလျှင် ထိုအခန်းအတွင်းကို သန့်ရှင်းရေးပြုလုပ်ပါ။ မိသားစုပျော်ရွှင်ရယ်မောစေသည့် ဓါတ်ပုံများ၊ ကျက်သရေရှိပြီး လှပသောပန်းပုံများကို တပ်ဆင်ထားလျှင် အင်မတန် စီးပွားတက် လာဘ်ရွှင်စေပါတယ် …။ ပိုက်ဆံ 1000ဖြစ်စေ 10000ဖြစ်စေ ပံသကူပစ်လှူခြင်း၊ သံဃာတော်ဘုန်းကြီး သူတော်စင်များ၊ သက်ကြီးရွယ်အိုများကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများ လှူဒါန်းပေးရခြင်း၊ …

ဗေဒင်
မြန်မာနိုင်ငံ၏ အနာဂါတ်ဟောကိန်း – (ဆရာ လင်းညို့တာရာ)

မြန်မာနိုင်ငံ၏ အနာဂါတ်ဟောကိန်း – (ဆရာ လင်းညို့တာရာ) မြန်မာနိုင်ငံကြီးနဲ့ ပတ်သက်ပြီး လာလာမေးကြတယ် ကျွန်တော်ကလည်း ဟောကိန်းတွေ ဟောချက်တွေ ဘာမှမပြောချင်တာနဲ့ ငြိမ်နေခဲ့တာပါ ဒါပေမယ့် ယုံကြည်သူများက သိချင်တယ် တစ်ကဲကဲ မို့ ဟောကိန်းအချို့ ထုတ်ပြပါရစေ …. ၁. ကိုဗစ်ရောဂါဟာ မြန်မာနိုင်ငံမှာ အနည်းဆုံး လူတစ်သောင်းဝန်းကျင်လောက် ကူးစက်သွားပါလိမ့်အုန်းမည်။ ၂. ပိတ်ပင်ထားသော မြို့များတွင်လည်း ထပ်မံတွေ့ ရှိရတတ်ပြီး စီးပွားရေးကပ်ဆိုက်တတ်ပါလိမ့်မည်။ ၃. ပွဲလမ်းသဘင်များ အားလုံးပိတ်ပင်ခံရပြီး ကိုဗစ်ရောဂါအပြင် အခြားစိတ်ရောဂါများကြောင့် ၂၀၂၁ အတွင်း စိတ်ကျသူများ ၊ သတ်သေသူများ ၊ အကြွေးမြီးများဖြင့် ဒုက္ခရောက်သူများ ပေါများလာတတ်သည်။ ၄. ကိုဗစ်အခြေအနေသည် ၁၁ …