တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို အခမဲ့ကြည့်ရှုနိုင်မည် - YATHAZONE


News











ကောင်းမြတ်ရာ

Unicode

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို အခမဲ့ကြည့်ရှုနိုင်မည်

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို သူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် အခမဲ့ကြည့်ရှု နိုင်မည်။

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို သူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့်

အခမဲ့ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် သတင်းထုတ်ပြန် သည်။

ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ထိန်းချုပ် နိုင်ရေး သတ်မှတ်ချက် များနှင့် အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆို သူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊

ဇန်နဝါရီလ (၁၇) ရက် နံနက် (၆) နာရီမှ စတင်၍ https://mmexamscore .org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှု နိုင်မည် ဖြစ်သည်။

ရုံးများသို့ လာရောက်လျှောက် ထားခြင်း မပြုရန် မေတ္တာရပ်ခံ ထားပြီး ရုံးများတွင် အမှတ် စာရင်း ထုတ်ပေးမည် မဟုတ်ကြောင်းနင့် Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေ အရ အမှတ်စာရင်းများကို ထုတ်ပေးမည့် အစီအစဉ်အား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြိုတင် အသိပေးမည် ဟုသိရ သည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို ပညာရေးဝန်ကြီးဌာန၏ Facebook Page ဖြစ်သည့် https://www.facebook .com/moe. gov .mm၊

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပြန်မည့် Website ဖြစ်သည့် https://mmexamscore.org နှင့် Facebook Page ဖြစ်သည့်

https://www.facebook .com/exams .mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကောင်းမြတ်ရာ

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …