ဟင်္သာတဆေးရုံက သူနာပြု ဆရာမကြီးတဦး ကိုဗစ်ဖြင့် ကွယ်လွန် (အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီး) - YATHAZONE


News









 


(Kyawthu Yarzar)

Unicode

ဟင်္သာတဆေးရုံက သူနာပြု ဆရာမကြီးတဦး ကိုဗစ်ဖြင့် ကွယ်လွန် (အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီး)

ဧရာဝတီတိုင်း၊ ဟင်္သာတပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမကြီး အပါအဝင် ဧရာဝတီတိုင်းထဲက ကိုဗစ် လူနာ ၂ ယောက် မနေ့က သေဆုံးခဲ့ပါတယ်

ဆေးရုံဝင်းထဲမှာပဲ နေထိုင်တဲ့ အသက် ၆၀ အရွယ် သူနာပြုဆရာမကြီးဟာ အတူနေ သမီးဖြစ်သူ အနံ့ပျောက်တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာတော့ COVID-19 Ag RDT နဲ့ စစ်ဆေးခဲ့ပြီး ပိုးတွေ့ခဲ့ပါတယ်

သူ့မှာ သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိပြီး ပိုးတွေ့ချိန်မှာ ဖျားတာ၊ ချောင်းဆိုးတာနဲ့ ခေါင်းမူးတာတို့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်

ဟင်္သာတဆေးရုံကြီးမှာ ကုသခံနေတုန်း အောက်စီဂျင်ကျလာတာကြောင့် ဇန်နဝါရီ ၂ ရက်မှာ ရန်ကုန် မြောက်ဥက္ကလာပ အထူးကုဆေးရုံကြီးဆီ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသခဲ့ပေမယ့် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီကျော်မှာ ကွယ်လွန်ခဲ့ပါတယ်

တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဟင်္သာတမြို့နယ်ထဲမှာ မနေ့က ကိုဗစ် လူနာသစ် ၆၉ ယောက် ထပ်တွေ့ခဲ့ပြီး ဘိုကလေး၊ ပုသိမ်၊ လေးမျက်နှာ၊ ဓနုဖြူ၊ အင်္ဂပူ၊ မြောင်းမြနဲ့ ကြံခင်းမြို့နယ်တို့မှာလည်း လူနာသစ်တွေ တွေ့ခဲ့ပြီး စုစုပေါင်း ၁၀၄ ယောက်ဖြစ်ပါတယ်

ဒီမနက်ပိုင်းအထိ ဧရာဝတီတိုင်းထဲမှာ ကိုဗစ် ပိုးတွေ့လူနာ ၄၇ ယောက် သေဆုံးခဲ့ပြီး ဖြစ်သလို ပိုးတွေ့လူနာ စုစုပေါင်းကတော့ ၅၁၁၃ ယောက် ရှိပါတယ်

မနေ့ည ၁၁-၁-၂၀၂၁ ခုနှစ် ၂၁:၀၅ချိန် မဥက္က္တလာဆေးရုံ၌ ကိုဗစ်ဖြင့်တိမ်းပါးရှာ တိုင်းဧရာသားများသာမက ကျန်းမာရေးရပ်ဝန်းအတွက်ပါဆုံးရှုံးမှုကြီးပါ ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်

စစ္စတာကြီးဒေါ်သန်းသန်းစီ(ဟင်္သာတပြည်သူ့ဆေးရုံကြီး)သုဂတိဘုံမှာငြိမ်းပါစေ အစားထိုးမရတဲ့ဆုံးရှုံးမှုဖြစ်ရပ်ပါ

(Kyawthu Yarzar)

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …