အစားစားချိန် မမှန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ - YATHAZONE


Health



(၁) မောပန်းလွယ်လာမယ်






(၄) အဝလွန်လာနိုင်တယ်




Kham

Credit

Unicode

အစားစားချိန် မမှန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

လူတိုင်းက အစားစားဖို့ လိုကို လိုအပ်ပါတယ်။ ဒါကိုမှ သူ့အချိန်သူ စားဖို့က ပိုပြီးတော့တောင် လိုအပ်နေပါသေးတယ်။ တစ်ချို့တွေကတော့ အစားအသောက်ကို အချိန်မှန် စားဖို့ကို ဂရုမစိုက်ဘဲ စားချင်တဲ့အချိန် ထစားတာမျိုး လုပ်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးအတွက် လုံးဝ မကောင်းတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပြီး အဲ့သလို အမြဲ အစားစားချိန် မမှန်ဘူးဆိုရင်တော့ အခုလို ဆိုးကျိုးတွေ ခံစားလာရမှာပဲ ဖြစ်ပါတယ်။

(၁) မောပန်းလွယ်လာမယ်

စားချိန် မမှန်တာက အစားစားတာကို မလုံမလောက် ဖြစ်စေပါတယ်။ ဒီလိုမျိုး အစာလွန်သွားတာတွေက လိုအပ်တဲ့ အားအင်တွေကို ခန္ဓာကိုယ်က ပိုပြီး ထုတ်ရတာတွေ ရှိနေလို့ သင့်အတွက် မသိသာတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် နေ့ရက်တိုင်းလိုလို စားချင်တဲ့ အချိန် စားနေတာက သင့်ကို ပုံမှန်ထက် ပိုပြီး ပင်ပန်းလွယ်လာတာကို ခံစားရစေမှာပါ။

(၂) အစာခြေစနစ်မှာ ပြဿနာ ရှိလာမယ်

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို မစားဘူး ဆိုရင်တော့ သင့်အစာခြေစနစ်မှာ အခက်အခဲ ဖြစ်လာပြီး ဝမ်းချုပ်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းမှာ လေပွတာတွေ ဖြစ်လာနိုင်ပြီး လေပွတာ၊ ဗိုက်ဖောင်းတာမျိုးတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

(၃) စိုးရိမ်ပူပန်မှုတွေ များမယ်

ကိုယ်တွင်း သကြားဓာတ်က ခန္ဓာကိုယ်ရဲ့ လှုပ်ရှားသွားလာမှုတွေမှာ အရေးပါပါတယ်။ ပင်ပန်းတာ၊ အိပ်ချင်တာ၊ တက်ကြွတာ၊ လန်းဆန်းတာတွေကလည်း သွေးတွင်း သကြားဓာတ်ကြောင့်ပါပဲ။ ပုံမှန် မစားဖြစ်တဲ့အခါ သင့် ခန္ဓာကိုယ်ရဲ့ အခြေအနေတွေက ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပြီး နောက်ဆက်တွဲ ရလဒ်အနေနဲ့ စိတ်ပူမှုတွေနဲ့ စိုးရိမ်မှုတွေကို ဖြစ်စေလာနိုင်ပါတယ်။

(၄) အဝလွန်လာနိုင်တယ်

အစားစားချိန် မမှန်တဲ့သူတွေက အစားမစားတော့တာနဲ့ နောက်တစ်ကြိမ်မှာ အများကြီး စားတာမျိုးကို ပြုလုပ်တတ်ကြပါတယ်။ ဒါကြောင့် အများကြီး ပုံမမှန် စားတာကြောင့် အဝလွန်တာတွေ ဖြစ်လာစေပါတယ်။

(၅) ဦးနှောက်စွမ်းဆောင်ရည် လျော့ကျလာနိုင်တယ်

နေ့လည်စာ လွတ်ပြီး ညနေမှ အများကြီး ပေါင်းစားမယ်တွေးတာက ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ ဒီလိုမျိုး ပြုလုပ်မယ်ဆိုရင်တော့ သွေးတွင်း သကြားဓာတ်တွေ မလုံလောက်တဲ့အခါမှာ အာရုံစူးစိုက်နိုင်စွမ်းတွေ လျော့ကျလာမှာပါ။ ဒီလိုမျိုး အချိန်ကြာကြာ ဖြစ်လေလေ သင့်ဦးနှောက်ရဲ့ အလုပ်လုပ်ပုံက ကျလေလေပါပဲနော်။

Kham

Credit

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …