ကင်ဆာကုန်သည် တဦးကို ဖမ်းမိပြီ (လူကြိုက်များတဲ့ အားဖြည့်အချိုရည်ကို အတုလုပ်တာတဲ့) - YATHAZONE


News



 







Credit

Unicode

ကင်ဆာကုန်သည် တဦးကို ဖမ်းမိပြီ (လူကြိုက်များတဲ့ အားဖြည့်အချိုရည်ကို အတုလုပ်တာတဲ့)

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အားဖြည့်အ ချိုရည် အတုပြလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီးခြင်း ကိုဇန်နဝါရီ ၁၄ရက်နေ့ ည ၉နာရီ၁၅မိနစ်က ဒေါနဘွားရပ် ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊၆၂ လမ်းရှိ အရောင်း အဝယ်လုပ် ကိုင်သူ

ဦးပီကူးမား(၆၅နှစ်) နေအိမ်၌ အားဖြည့်အ ချိုရည်များအတုပြု လုပ်နေကြောင်း သတင်းအရ ရှာဖွေဖော်ထုတ် စစ်ဆေး ခဲ့ခြင်းဖြစ် ပါတယ် ။အဆိုပါ ဖော်ထုတ်စဆေးရာတွင် မန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစုမှ ရဲအုပ်ထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊

မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ်မြစိုး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ဇင်မြင့်၊ အမှတ်(၁)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးလွင်၊ နယ်ထိန်းအရာရှိဒုတိယရဲအုပ် အောင်ကျော်မျိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊

အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနခွဲ(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာအေး ငြိမ်းမြတ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဘုန်းမြင့်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ

ဦးစီးအရာရှိ ဒေါက်တာဖြိုးဝေမောင်၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးဦးချစ်အောင်နှင့် ရာအိမ်မှူးများက ပူးပေါင်း၍ ဦးပီကူးမား၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေ စစ်ဆေးကြခြင်းဖြစ်ပါတယ်။ထိုသို့ရှာဖွေ စစ်ဆေးရာတွင်

ဦးပီကူးမား၏ နေအိမ် တိုက်ခန်းအပေါ်ထပ် ၄လွှာတွင် အားဖြည့်အ ချိုရည်ထုတ် လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီး တစ်ခုနှင့် အချိုရည်အတု

 

ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည် းများအား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့သဖြင့်ဆက်လက် စစ်ဆေးဆောင် ရွက်လျက်ရှိပြီး အမှုဖွင့် လှစ်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း သိရ ပါတယ်။

Credit

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …