ျမန္မာျပည္ကို အေအးလွိုင္း ျဖတ္မယ့္ ၂၀၂၁ ခုႏွစ္နဲ႔ ႀကိဳတင္ျပင္ဆင္ရမယ့္ အေနအထား - YATHAZONE

ျမန္မာျပည္ကို အေအးလွိုင္း ျဖတ္မယ့္ ၂၀၂၁ ခုႏွစ္နဲ႔ ႀကိဳတင္ျပင္ဆင္ရမယ့္ အေနအထား

ျမန္မာျပည္ကို အေအးလွိုင္း ျဖတ္မယ့္ ၂၀၂၁ ခုႏွစ္နဲ႔ ႀကိဳတင္ျပင္ဆင္ရမယ့္ အေနအထား
News

ျမန္မာျပည္ကို အေအးလွိုင္း ျဖတ္မယ့္ ၂၀၂၁ ခုႏွစ္နဲ႔ ႀကိဳတင္ျပင္ဆင္ရမယ့္ အေနအထား

ႏွစ္စဥ္ ေဆာင္းရာသီေရာက္လို့ ခ်မ္းေအးလာၿပီဆိုလၽွင္ အေအးလွိုင္းျဖတ္တယ္ ဆိုတဲ့ သတင္းေတြက တက္လာစျမဲပါ။

အေအးလွိုင္းလို့ေျပာလိုက္လၽွင္ ေတာ္ေတာ္ မ်ားမ်ားက ႐ုပ္ရွင္ေတြထဲကလို အေအးလွိုင္းျဖတ္တဲ့ လမ္းေၾကာင္းတေလၽွာက္ ေရခဲသြားၾကမယ္လို့ ထင္ၾကပါတယ္။

ရာသီဥတုဆိုတာ အဲ့ဒီ့ေလာက္ မရိုးရွင္းပါ။ ဒီ ႏွစ္ (၂၀၂၀-၂၀၂၁) မွာေတာ့ အေအးလွိုင္းတကယ္ျဖတ္ပါတယ္။ အဲ့ဒါကိုေတာ့.. လာနီညာ (La Niña) ရာသီဥတုလို့ သတ္မွတ္ပါတယ္။

ကမၻာႀကီးဟာ ၂၃.၅ ဒီဂရီ တိမ္းေစာင္းၿပီး လည္ပတ္ေနပါတယ္။ အဲ့ဒါေၾကာင့္ ကမၻာေပၚက အရာဝထၳဳေတြဟာ ေရြ႕လ်ားၾကပါတယ္။

အစိုင္အခဲ၊ အရည္၊ အေငြ႕ တို့ မွာ ေပါ့ပါးတဲ့ အရာေတြျဖစ္တဲ့ ေရ နဲ႔ ေလ ဟာ သိသာေျပာင္းလဲတဲ့ ေရြ႕လ်ားမွုေတြ ျဖစ္ၾကပါတယ္။

တဖန္ ေရ နဲ႔ ေလဟာ အပူခ်ိန္ေပၚမူတည္ၿပီး စီးဆင္းၾကပါေသး တယ္။ အထူး သျဖင့္ ေရမ်က္ႏွာ ျပင္ဟာ ကမၻာႀကီးရဲ့ ၃ ပုံ ၂ ပုံခန႔္ရွိၿပီး အပူခ်ိန္ ကြာျခားမွုေၾကာင့္ ေရေအးစီးေၾကာင္း၊ ေရေႏြးစီးေၾကာင္း စသည္ျဖင့္ ေျပာင္းလဲ စီး ဆင္း ၾကပါတယ္။

အီေကြတာလမ္းေၾကာင္းတေလၽွာက္မွာရွိတဲ့ ပစိဖိတ္သမုဒၵရာအတြင္းက ေရပူေတြ အင္ဒိုနီးရွားဘက္မွ ေတာင္အေမရိကဘက္ကို စီးဆင္းတဲ့အခါ အယ္လ္နီညိဳ ဆို တဲ့ ရာသီဥတု ျဖစ္ေပၚၿပီး..၊

ေတာင္အေမရိကမွ အင္ဒိုနီးရွားဘက္ကို ျပန္စီးဆင္းလၽွင္ေတာ့ လာနီညာ ရာသီဥတု ျဖစ္ေပၚပါတယ္။ အၾကမ္းဖ်ဥ္းေျပာရလၽွင္ေတာ့.. လာနီညာျဖစ္လၽွင္ ပစိဖိတ္ဘက္က ေအးၿပီး က်ေနာ္တို့နဲ႔

နီးစပ္တဲ့ ပင္လယ္ေတြ ဘက္ကို ေရပူေတြ ဝင္လာပါ တယ္။ ေရေတြဟာ အပူေၾကာင့္ ေရေငြ႕ျပန္မွု မ်ားၿပီး မိုး ေရကို ျဖစ္ေပၚေစပါတယ္။

လာနီညာရဲ့သဘာဝဟာ ေအးၿပီး စိုစြတ္တဲ့သေဘာ ရွိပါတယ္။ လာနီညာအစျပဳခဲ့တဲ့ ၂၀၂၀ ေအာက္တိုဘာေလာက္ကစၿပီး မိုးဆက္လက္ရြာသြန္းေနခဲ့တာ နိုဝင္ဘာ လ ေလာက္ ေရာက္တဲ့ အထိပါပဲ။

​ေဆာင္းတြင္းကာလမွာေတာ့ ေျမာက္ေလေအးေတြ တိုက္ခတ္ပါတယ္။ ဒီအတိုင္း လာနီညာ ဆက္ျဖစ္မယ္ ဆိုလၽွင္ေတာ့ ေလေပြ လွိုင္း ေတြ နဲ႔ ေႏြဦးကာလ (မတ္၊ ဧၿပီ၊ ေမ) ေလာက္မွာ အားေကာင္းတဲ့ မုန္တိုင္းေတြ ျဖစ္လာနိုင္ပါတယ္။ (ခန႔္မွန္းခ်က္မၽွသာ)

လာနီညာ အေအးလွိုင္းဟာ ၂၀၂၀ ခုႏွစ္ကို ကမၻာ့အပူဆုံးႏွစ္အျဖစ္ မွတ္တမ္းဝင္သြားျခင္းကိုေတာ့ မတား ဆီးနိုင္ခဲ့ပါဘူး။ ၂၀၁၆ – ၂၀၂၀ ဟာ ကမၻာေပၚမွာ အပူဆုံး ငါးႏွစ္ ျဖစ္ခဲ့ပါတယ္။

၂၀၂၁ ဟာလည္း ဆက္လက္ပူျပင္း ​ေနဦးမွာပါ။ အပူ၊ အေအးေတြ ျပင္းထန္ေနတာဟာ ရာသီဥတုေဖာက္ျပန္ျခင္း ျဖစ္ပါတယ္။ (ဖန္လုံအိမ္ဓါတ္ ေငြ႕ မ်ားေၾကာင့္ ပူေႏြးရျခင္း ျဖစ္ပါတယ္။)

၂၀၂၁ အတြက္ ျမစ္ဝကၽြန္းေပၚ နဲ႔ ကမ္းရိုးတန္း ေဒသမ်ား မွာအပူပိုင္းမုန္တိုင္းအႏၲရာယ္ ႀကိဳတင္ကာကြယ္ျခင္း၊ အလယ္ပိုင္းေဒသမ်ားမွာ မိုးေခါင္ေရရွားမွုေၾကာင့္ ေရခန္းေျခာက္မွု မရွိေအာင္ ႀကိဳတင္ျပင္ဆင္ထားျခင္း နဲ႔ ႐ုတ္တရက္

မိုးသည္းထန္စြာရြာသြန္းၿပီး ေရႀကီးေရလၽွံမွု မျဖစ္ေအာင္ကာကြယ္ျခင္း လုပ္ငန္းမ်ားကို အသိ ပညာေပးၿပီး ႀကိဳတင္ျပင္ဆင္ ကာကြယ္ထားသင့္ပါတယ္။

အနာဂတ္ပညာေရးအတြက္.. သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Credit

Unicode

မြန်မာပြည်ကို အအေးလှိုင်း ဖြတ်မယ့် ၂၀၂၁ ခုနှစ်နဲ့ ကြိုတင်ပြင်ဆင်ရမယ့် အနေအထား

နှစ်စဉ် ဆောင်းရာသီရောက်လို့ ချမ်းအေးလာပြီဆိုလျှင် အအေးလှိုင်းဖြတ်တယ် ဆိုတဲ့ သတင်းတွေက တက်လာစမြဲပါ။

အအေးလှိုင်းလို့ပြောလိုက်လျှင် တော်တော် များများက ရုပ်ရှင်တွေထဲကလို အအေးလှိုင်းဖြတ်တဲ့ လမ်းကြောင်းတလျှောက် ရေခဲသွားကြမယ်လို့ ထင်ကြပါတယ်။

ရာသီဥတုဆိုတာ အဲ့ဒီ့လောက် မရိုးရှင်းပါ။ ဒီ နှစ် (၂၀၂၀-၂၀၂၁) မှာတော့ အအေးလှိုင်းတကယ်ဖြတ်ပါတယ်။ အဲ့ဒါကိုတော့.. လာနီညာ (La Niña) ရာသီဥတုလို့ သတ်မှတ်ပါတယ်။

ကမ္ဘာကြီးဟာ ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လည်ပတ်နေပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာပေါ်က အရာဝထ္ထုတွေဟာ ရွေ့လျားကြပါတယ်။

အစိုင်အခဲ၊ အရည်၊ အငွေ့ တို့ မှာ ပေါ့ပါးတဲ့ အရာတွေဖြစ်တဲ့ ရေ နဲ့ လေ ဟာ သိသာပြောင်းလဲတဲ့ ရွေ့လျားမှုတွေ ဖြစ်ကြပါတယ်။

တဖန် ရေ နဲ့ လေဟာ အပူချိန်ပေါ်မူတည်ပြီး စီးဆင်းကြပါသေး တယ်။ အထူး သဖြင့် ရေမျက်နှာ ပြင်ဟာ ကမ္ဘာကြီးရဲ့ ၃ ပုံ ၂ ပုံခန့်ရှိပြီး အပူချိန် ကွာခြားမှုကြောင့် ရေအေးစီးကြောင်း၊ ရေနွေးစီးကြောင်း စသည်ဖြင့် ပြောင်းလဲ စီး ဆင်း ကြပါတယ်။

အီကွေတာလမ်းကြောင်းတလျှောက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက ရေပူတွေ အင်ဒိုနီးရှားဘက်မှ တောင်အမေရိကဘက်ကို စီးဆင်းတဲ့အခါ အယ်လ်နီညို ဆို တဲ့ ရာသီဥတု ဖြစ်ပေါ်ပြီး..၊

တောင်အမေရိကမှ အင်ဒိုနီးရှားဘက်ကို ပြန်စီးဆင်းလျှင်တော့ လာနီညာ ရာသီဥတု ဖြစ်ပေါ်ပါတယ်။ အကြမ်းဖျဉ်းပြောရလျှင်တော့.. လာနီညာဖြစ်လျှင် ပစိဖိတ်ဘက်က အေးပြီး ကျနော်တို့နဲ့

 

နီးစပ်တဲ့ ပင်လယ်တွေ ဘက်ကို ရေပူတွေ ဝင်လာပါ တယ်။ ရေတွေဟာ အပူကြောင့် ရေငွေ့ပြန်မှု များပြီး မိုး ရေကို ဖြစ်ပေါ်စေပါတယ်။

လာနီညာရဲ့သဘာဝဟာ အေးပြီး စိုစွတ်တဲ့သဘော ရှိပါတယ်။ လာနီညာအစပြုခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလောက်ကစပြီး မိုးဆက်လက်ရွာသွန်းနေခဲ့တာ နိုဝင်ဘာ လ လောက် ရောက်တဲ့ အထိပါပဲ။

ဆောင်းတွင်းကာလမှာတော့ မြောက်လေအေးတွေ တိုက်ခတ်ပါတယ်။ ဒီအတိုင်း လာနီညာ ဆက်ဖြစ်မယ် ဆိုလျှင်တော့ လေပွေ လှိုင်း တွေ နဲ့ နွေဦးကာလ (မတ်၊ ဧပြီ၊ မေ) လောက်မှာ အားကောင်းတဲ့ မုန်တိုင်းတွေ ဖြစ်လာနိုင်ပါတယ်။ (ခန့်မှန်းချက်မျှသာ)

လာနီညာ အအေးလှိုင်းဟာ ၂၀၂၀ ခုနှစ်ကို ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားခြင်းကိုတော့ မတား ဆီးနိုင်ခဲ့ပါဘူး။ ၂၀၁၆ – ၂၀၂၀ ဟာ ကမ္ဘာပေါ်မှာ အပူဆုံး ငါးနှစ် ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ဟာလည်း ဆက်လက်ပူပြင်း နေဦးမှာပါ။ အပူ၊ အအေးတွေ ပြင်းထန်နေတာဟာ ရာသီဥတုဖောက်ပြန်ခြင်း ဖြစ်ပါတယ်။ (ဖန်လုံအိမ်ဓါတ် ငွေ့ များကြောင့် ပူနွေးရခြင်း ဖြစ်ပါတယ်။)

၂၀၂၁ အတွက် မြစ်ဝကျွန်းပေါ် နဲ့ ကမ်းရိုးတန်း ဒေသများ မှာအပူပိုင်းမုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ အလယ်ပိုင်းဒေသများမှာ မိုးခေါင်ရေရှားမှုကြောင့် ရေခန်းခြောက်မှု မရှိအောင် ကြိုတင်ပြင်ဆင်ထားခြင်း နဲ့ ရုတ်တရက်

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု မဖြစ်အောင်ကာကွယ်ခြင်း လုပ်ငန်းများကို အသိ ပညာပေးပြီး ကြိုတင်ပြင်ဆင် ကာကွယ်ထားသင့်ပါတယ်။

အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Credit

No Comments

Leave a Reply

Your email address will not be published.

News
န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလအႀကီးအကဲ သတိေပး

န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလအႀကီးအကဲ သတိေပး ကမာၻႀကီးမွာ စစ္ေအးတိုက္ပြဲ ျဖစ္ေနတာေၾကာင့္ န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္ အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလသမဂၢ အႀကီးအကဲက သတိေပး လိုက္ပါတယ္။ န်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး စာခ်ဳပ္ေတြ ခ်ဳပ္ဆိုဖို႔ ပိုမိုခိုင္မာတဲ့ အစီအစဥ္ေတြ ခ်မွတ္ လုပ္ေဆာင္ၾကဖို႔ ကမာၻ႔ ႏိုင္ငံေခါင္းေဆာင္ အသီးသီးကို အန္တိုရီယို ဂူးတားရက္ရွ္က နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ န်ဴကလီးယားလက္နက္ မျပန႔္ပြားေရး သေဘာတူစာခ်ဳပ္ အဖြဲ႕ဝင္မ်ား ညီလာခံကတဆင့္ ၾသဂုတ္လ ၁ရက္၊ မေန႔က တိုက္တြန္း ေျပာဆိုလိုက္တာပါ။ န်ဴကလီးယားလက္နက္ မျပန႔္ပြားေရး သေဘာတူစာခ်ဳပ္ …

News
အေမရိက၏ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈတြင္ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ ဇဝါဟီရီ ေသဆုံး

အေမရိက၏ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈတြင္ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ ဇဝါဟီရီ ေသဆုံး အယ္လ္ကိုင္းဒါး ေခါင္းေဆာင္ အိုင္မန္ အယ္-ဇာဝါဟီရီသည္ အေမရိကန္၏ ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈတစ္ခုတြင္ ေသဆုံးသြားၿပီ ျဖစ္တဲ့အေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္က တနလၤာေန႔တြင္ အိမ္ျဖဴေတာ္မွေန၍ မိန႔္ခြန္းေျပာၾကားလိုက္သည္။ ” ဆယ္စုႏွစ္ေတြနဲ႔ ခ်ီၿပီး သူဟာ အေမရိကန္ေတြကို တိုက္ခိုက္မႈေတြမွာ ေနာက္ကြယ္ကေန ႀကိဳးကိုင္ခဲ့တဲ့သူ ျဖစ္တယ္” ဟု ဘိုင္ဒန္က ဩဂုတ္ ၁ ရက္ေန႔က ေျပာကာ ၂၀၀၀ ျပည့္ႏွစ္က ယူအက္စ္အက္စ္ကိုးလ္ တိုက္ခံရမႈႏွင့္ ကင္ညာနဲ႔ တန္ဇနီးယားရွိ ယူအက္စ္သံ႐ုံးမ်ား ၁၉၉၈ ခုႏွစ္က ဗုံးျဖင့္ တိုက္ခိုက္ခံရမႈမ်ားကို ၫႊန္းဆိုသြားခဲ့သည္။ ဇဝါဟီရီသည္ အာဖဂန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕လယ္က ေနအိမ္တစ္ခုမွာ တိုက္ခိုက္ခံရျခင္း …

News
ဂူအတြင္းသုံးႏွစ္ေက်ာ္ၾကာ တရားအားထုတ္ခဲ့သည့္မိုင္းဖုန္းဆရာေတာ္

ဂူအတြင္းသုံးႏွစ္ေက်ာ္ၾကာ တရားအားထုတ္ခဲ့သည့္မိုင္းဖုန္းဆရာေတာ္ မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲ ဉာဏသံဝရ သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္အတြင္းရွိ မိုင္းၾကတ္ဂူတြင္ သုံးႏွစ္၊ သုံးလ၊ သုံးရက္ အဓိဌာန္ဂူေအာင္း တရားက်င့္ႀကံျခင္း ေအာင္ျမင္၍ ယေန႔ ဩဂုတ္လ ၁ ရက္ေန႔တြင္ ဂူအတြင္းမွ ျပန္လည္ထြက္ရွိလာခဲ့သည္။ ဆရာေတာ္ႀကီးအား ရဟန္းရွင္လူ တေသာင္းေက်ာ္က ႀကိဳတင္၍ ေစာင့္ဆိုင္းခဲ့ၾကၿပီး ဆရာေတာ္ႀကီးမွ မိုင္းၾကတ္ဂူတြင္ ၅ ရက္တာ ဖူးေမွ်ာ္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ဆရာေတာ္သည္ ၂၀၁၉ ခုႏွစ္ ဧၿပီလမွ စတင္ကာ မိုင္းၾကတ္လႈိဏ္ဂူထဲတြင္ သုံးႏွစ္၊ သုံးလ၊ သုံးရက္ အဓိဌာန္ဂူေအာင္းတရားက်င့္ႀကံခဲ့ျခင္းျဖစ္သည္။ မိုင္းၾကတ္ဂူအတြင္း သုံးႏွစ္သုံးလသုံးရက္ တရားက်င့္ႀကံခဲ့သည့္ မိုင္းဖုန္းဆရာေတာ္ ဂူအတြင္းမွ ျပန္လည္ႂကြခ်ီလာၿပီး အပူေဇာ္ခံမည္ျဖစ္ေၾကာင္း သိရသည္။ …