ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့တဲ့ကားအား ပြင်ဆင်မွန်းမံမှုပြီးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပြန်လည်စီးမည် - YATHAZONE


News










Nyi Nyi Soe
ZN.H 🇦🇺

Unicode

ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့တဲ့ကားအား ပြင်ဆင်မွန်းမံမှုပြီးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပြန်လည်စီးမည်

#Media TOP 4 ရန်ကုန် ၊ ဇန်နဝါရီ ၂၀

လ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ Wolseley RC 2874 ကားကို၂၄၅ ရက်ကြာအချိန်ယူ၍အသေးစိတ်ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်သဖြင့်သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပြန်လည်မွမ်းမံပြီးစီးချင်သည့်အတွက်အသေးစိတ်ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်ကြောင်း Htoo Auto Service မှရေးသားထားသည်။

ဖခင်ဖြစ်သူစီနင်းခဲ့သည့်ကားကိုသမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပြန်လည်မွမ်းမံပြီးစီးချင်သည့်အတွက်Htoo Auto Service ကအသေးစိတ်ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ခြင်းသည်။

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley RC – 2874 ကားအား နဂိုမူလလက်ရာမပျက် ပြန်လည်ပြုပြင်မှု ပြီးစီးသွားပြီဖြစ်၍သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှထိန်းသိမ်းစောင့်ရှောက်လျက်ရှိသောရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ပြန်လည်ပြီး လွဲပြောင်းပေးအပ်ခဲ့ပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ Wolseley ဆိုတဲ့British ကားထုတ်လုပ်ရေးကို ၁၉၀၁ ခုနှစ်မှာVickers နဲ့ Herbert Austin တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး၁၉၂၁ မှာBritain ၏အကြီးဆုံးသောကားထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သည့် Wolseley RC – 2874 ကားလေးကWolseley 18/85 ဖြစ်ပြီး ၁၉၃၈ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အတွင်းမှာထုတ်လုပ်ခဲ့သည့်အမျိုးအစားဖြစ်သည်။

အဆိုပါ Wolseley ကားဟာတံခါး ၄ ချပ်ပါsaloon ကားဖြစ်သလို 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ဖြစ်ပြီး Wheelbase 2654 mm Length 4369 mm Width 1702 mm Height 1676 mm Weight 1422 kg ရှိပြီးUK မှာ ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာဟာ ၁၉၄၇ ခုနှစ်ဖြစ်သည့်အတွက် စစ်ပြီးခေတ် model Wolseley ကားလေးဟာ (1945/46/47) တစ်နှစ်နှစ် ဖြစ်မှာဖြစ်ပြီး RC – 2874 နံပါတ်ကိုတော့ Wolseley World ဆိုတဲ့ဂျာနယ်ကြီးကနေ RG (Rangoon)registration number 2874 ဆိုပြီး ကမ္ဘာအနှံ့က Wolseley ကားတွေကိုမှတ်တမ်းတင်ရာတွင်ဖော်ပြထားသည်။

Photos – Htoo Auto Service
Nyi Nyi Soe
ZN.H 🇦🇺

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …