ဆရာမကို ဒူးထောက်သွားဖို့ အပြစ်ပေးခဲ့တဲ့ လူချမ်းသာ ကျောင်းသားမိဘရဲ့လုပ်ရပ် - YATHAZONE


News









Source : Malaysia News

Unicode

ဆရာမကို ဒူးထောက်သွားဖို့ အပြစ်ပေးခဲ့တဲ့ လူချမ်းသာ ကျောင်းသားမိဘရဲ့လုပ်ရပ်

မလေးရှားနိုင်ငံက လူချမ်းသာ ကျောင်းသားမိခင်တစ်ဦးဟာ သူမရဲ့ကလေးကို ဒဏ်ပေးခဲ့တဲ့ ကျောင်းဆရာမကို အတန်းထဲမှာ လေးဘက်ထောက် သွားဖို့အတွက် စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကလေးမိခင်ဟာ ဆရာမ ဒူးထောက်ပြီး သွားလာနေတာကို စိမ်ပြေနပြေ ကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆရာမဟာ ကျောင်းသားမိခင်ဘက်က မကျေနပ်ချက်ကို ပြန်လည် ကုစားနိုင်ဖို့အတွက် အတန်းထဲမှာ လေးဘက်ထောက် သွားခဲ့ရတာပါ။ ဒီလိုပဲ သူမဟာ တစ်ခြား ကျောင်းသူလေးတွေကိုလည်း သူမနဲ့အတူ လေးဘက်ထောက် သွားပေးဖို့ အကူအညီတောင်းခဲ့ပါသတဲ့။

ဒီအတွက် ကျောင်းသားရဲ့မိခင်ဖြစ်သူက အတော်လေး မကျေမနပ်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး၊ ဘယ်ကျောင်းမှာ ဖြစ်ခဲ့တာလဲဆိုတာကိုတော့ ပညာရေးဝန်ကြီးဌာနဘက်က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လူမှုကွန်ရက်မှာတော့ ကျောင်းသားမိခင်ရဲ့ မောက်မာရိုင်းစိုင်းမှုကို ဝေဖန်နေကြပြီး၊ ဥပဒေကြောင်းအရ အရေးယူနိုင်ရေး တောင်းဆိုမှုတွေ ရှိနေပါတယ်။

အမျိုးသမီးရှေ့နေတစ်ဦးကတော့ ဒဏ်ပေးခံရတဲ့ ဆရာမဘက်က လိုက်ပြီး အခမဲ့ကူညီနိုင်ရေး ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

Source : Malaysia News

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …