ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီ - YATHAZONE


News








Credit By VOM

Unicode

ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီ

အိန္ဒိယကမှာ ယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီလို့ ကျန်းမာရေး ဝန်ကြီးဌာန အသိုင်းအဝိုင်း ကသိရ ပါတယ် ။ပထမဆုံးရောက်တဲ့ ဆေးတွေကို ရောဂါကူးစက်မှု အနီးစပ်ဆုံးနဲ့ ကူးစက်ခံရ မှုအများဆုံးဖြစ်နေတဲ့

ကျန်းမာရေး ဝန်ထမ်းနဲ့ Volunteer တွေကို အရင် စတင် ထိုးပေး မှာဖြစ်ပြီး နောက်ရောက် တာတွေကို အသက် ၆၅နှစ်အ ထက်တွေကို ထိုးပေးမယ် လို့သိရ ပါတယ် ။ကိုဗစ်၁၉ကာ ကွယ်ဆေးတလုံ းဟာ

အမျိုး အစား လိုက်ပြီး တချို့ဆေးဟာ လူ၈ဦးထိုး လို့ရပြီး တချို့ကတော့ ၁၀ ဦးထိထိုးပေး လို့ရပါတယ်။ဆေးရဲ့ အကျိုးအာနိသင် ကိုလိုက်ပြီး ပထမထိုးနှံပြီး သူဟာ နောက်ထပ် ၃ပတ်နေမှ

ဒုတိယ အကြိမ် ထပ်ထိုးရ မှာဖြစ်သလို တချို့ဆေးကတော့ နောက် ၄ပတ်နေမှ ဒုတိယအကြိမ် ထပ်ထိုးရ တဲ့ဆေးမျိုး လည်း ရှိပါတယ် ။မြန်မာနိုင်ငံ အနေ နဲ့ အိန္ဒိယကနေ ကိုဗစ် ကာကွယ်ဆေး

ဝယ်ယူတာ အပြင် CEPI, GAVI နဲ့။ WHO တို့ချမှတ်တဲ့ COVAX ကိုဗစ်ကာ ကွယ်ဆေး အစီ အစဉ်နဲ့ လည်း ကိုဗစ်ကာ ကွယ်ဆေး‌ တွေ မှာယူထား ပါတယ်။တရုတ်နိုင်ငံ ကလည်း ကာကွယ်ဆေး အချို့ လှူဒါန်းထား ပါတယ် ။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာအရေ အတွက်ကို ဇန်နဝါရီ ၂၀ ည ၈နာရီထုတ်ပြန် ချက်အရ ၁၃၅၇၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၉၉၇ ရှိခဲ့ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန စာရင်းတွေ အရ ကိုဗစ်ပိုးကူ းစက်ခံရတဲ့ ကျမ္မာရေး ဝန်ထမ်းဟာ ၂ထောင်ကျော် ရှိနေပြီဖြစ် ပါတယ် ။

Credit By VOM

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …