ဆုေတာင္းျပည့္ေစတီေတာ္မွ ေက်ာက္ဆင္းတုေတာ္ ႏွစ္ဆူအား ႐ိုက္ခ်ိဳးဖ်က္ဆီးမႈ ျဖစ္ပြား - YATHAZONE

ဆုေတာင္းျပည့္ေစတီေတာ္မွ ေက်ာက္ဆင္းတုေတာ္ ႏွစ္ဆူအား ႐ိုက္ခ်ိဳးဖ်က္ဆီးမႈ ျဖစ္ပြား

ဆုေတာင္းျပည့္ေစတီေတာ္မွ ေက်ာက္ဆင္းတုေတာ္ ႏွစ္ဆူအား ႐ိုက္ခ်ိဳးဖ်က္ဆီးမႈ ျဖစ္ပြား
News

ဆုေတာင္းျပည့္ေစတီေတာ္မွ ေက်ာက္ဆင္းတုေတာ္ ႏွစ္ဆူအား ႐ိုက္ခ်ိဳးဖ်က္ဆီးမႈ ျဖစ္ပြား

မိတၳီလာၿမိဳ႕ က်ီေတာ္ကုန္းရပ္ကြက္ ကံဦး အမွတ္(၃)နယ္ေျမအတြင္း တည္ထား ကိုးကြယ္ထားသည့္ ဆုေတာင္းျပည့္ေစတီ ေတာ္မွ ၿဂိဳလ္ေျပ၊ နာမ္ေျပ၊ ႐ုပ္ပြားေတာ္ ေက်ာက္ဆင္းတုေတာ္ႏွစ္ဆူအား ဦးေခါင္း ႐ိုက္ခ်ိဳးဖ်က္ဆီးမႈ ျဖစ္ပြားခဲ့ေၾကာင္း ဘုရား အက်ိဳးေတာ္ေဆာင္အဖြဲ႕မွ သိရွိရသည္။

“ သန႔္ရွင္းေရးလုပ္တဲ့ ခ်ာတိတ္တစ္ေယာက္က ေတြ႕တာနဲ႔ ဆုေတာင္းျပည့္အက်ိဳးေတာ္ေဆာင္ ဦးစိုးႏိုင္ကို လွမ္းေျပာတယ္။ဦးစိုးႏိုင္က ကြၽန္ေတာ့္ကို အေၾကာင္းၾကားတာနဲ႔ ကြၽန္ေတာ္တို႔ လာၾကည့္တာ။ စေတြ႕တာက ခန႔္မွန္းေျခဒီေန႔မနက္ (ဇန္နဝါရီ ၂၃ ရက္) ၁၀ နာရီဝန္းက်င္ေလာက္က ေတြ႕ တာ။ ဒီမွာဘာေတြ႕လဲဆိုေတာ့ ဒီဆုေတာင္း ျပည့္ဘုရားဝန္းထဲမွာ ေစတီမွာကိန္းဝပ္စံ ပယ္တာ။

ေက်ာက္ဆင္းတုေတာ္ရွစ္ဆူရွိတာမွာ ႏွစ္ဆူကို ေခါင္းျဖတ္သြားတာေတြ႕ရတယ္။ေထာင့္က အေရွ႕ဘက္ေထာင့္၊ ေျမာက္ဘက္ေထာင့္ ေန႔နာမ္ဘုရားေတြ၊ေက်ာက္ဆင္းတု ေတာ္ ဦးေခါင္းေတြကို ျဖတ္ခ်ိဳးၿပီး ေဘးခ်ခဲ့တာ။ ေက်ာက္ဆင္းတုေတာ္ေတြရဲ႕ ဉာဏ္ေတာ္က တစ္ေပခြဲေတာ့မကဘူး။ ပလႅင္ အပါအဝင္ ဉာဏ္ေတာ္ႏွစ္ေပနီးပါးရွိတယ္၊ ဘယ္လိုအေၾကာင္းေၾကာင့္ ျဖစ္တာလဲဆိုတာ ေျပာရတာေတာ့ ခက္တယ္။

ေဘးကိုစုံစမ္းၾကည့္ေတာ့ ဘုရားရင္ျပင္မွာ တခ်ိဳ႕ကေလးေတြ ျခင္းလာခတ္တာ၊ ေဘာလုံးကန္တာတို႔ရွိ ေတာ့ အက်ိဳးေတာ္ေဆာင္ကေတာ့ ေျပာရ တယ္။ အက်ိဳးေတာ္ေဆာင္က ေဆာ့ေနတဲ့ ကေလးေတြကို ေျပာတာမွာ ေကာင္းေကာင္း မြန္မြန္နဲ႔ရင္ျပင္ေတာ္ေပၚမွာ မေဆာ့ၾကဖို႔ ေအးေဆးေနၾကဖို႔ ေျပာၿပီးေနာက္ပိုင္းမွာ အခုလိုျဖစ္တာ။ အဲဒီလို ေျပာခဲ့ၿပီး ေနာက္ပိုင္းမွာျဖစ္တာဆိုေတာ့ အဲဒါေၾကာင့္မို႔လိုမ်ား လားလို႔ေတာ့ စဥ္းစားလို႔ရတယ္။

ဟုတ္ခ်င္မွလည္း ဟုတ္မွာပါ။ ကြၽန္ေတာ္ကေတာ့ အက်ိဳး ေတာ္ေဆာင္နဲ႔ တိုင္ပင္ၿပီး အမႈဖြင့္ဖို႔ စီစဥ္ပါ မယ္။ အမႈဖြင့္ဖို႔သြားေနတာ စခန္းနားေရာက္ မွ ရဲေတြကရပ္ကြက္႐ုံးေရာက္ေနတယ္။ ဒီရပ္ ကြက္ထဲက ကေလးေတြကို ေမးစရာျမန္းစရာ ရွိတယ္ေျပာလို႔ျပန္လွည့္လာရတယ္” ဟု မိတၳီ လာၿမိဳ႕ က်ီေတာ္ကုန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ေထြးက ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ ျမင္ရတာကေတာ့ ခိုးဖို႔ ရည္႐ြယ္ခ်က္မရွိဘူး။ ခိုးရင္လည္းအခု ဘုရား က ေခတ္ဘုရားေတြ၊ေရွးဘုရားလည္း မဟုတ္ ဘူး။ အခု ဆုေတာင္းျပည့္ေစတီ တည္ထားကိုး ကြယ္တာ တစ္ႏွစ္ေက်ာ္ေလာက္ပဲရွိေသး တယ္။ ဦးေခါင္းေတြကို ျဖတ္တာလည္း မ ဟုတ္ေလာက္ဘူး။ ဦးေခါင္းေတာ္ကို တစ္ခုခု နဲ႔ ထုလိုက္လို႔ က်ိဳးက်သြားတာကို ဘုရားေဘး မွာ ကပ္ခ်ခဲ့တာ။

ရွစ္ဆူရွိတာမွာ ႏွစ္ဆူကို အဲဒီလိုခ်ိဳးၿပီး ဘုရားေဘးျပန္ခ်ခဲ့တာဆိုေတာ့ တမင္သက္သက္ ဖ်က္လိုဖ်က္ဆီး လုပ္တယ္ လို႔ပဲ ထင္တယ္။ ဘုရားမ်က္ႏွာေတာ္တို႔ ဘာ တို႔မွာလည္း ဒဏ္ရာတို႔ဘာတို႔မရွိဘူး” ဟု သြားေရာက္ၾကည့္ရႈခဲ့သည့္ မိတၳီလာၿမိဳ႕၊ က်ီ ေတာ္ကုန္းရပ္ကြက္ေန ဦးဝင္းက ေျပာၾကား သည္။

အဆိုပါ ဆုေတာင္းျပည့္ဓမၼဝိဇယေစတီ ေတာ္အတြင္းရွိ ၿဂိဳလ္ေျပ၊နာမ္ေျပ ဘုရားႏွစ္ဆူ ႐ိုက္ခ်ိဳးဖ်က္ဆီးခံခဲ့ရမႈအား မိတၳီလာၿမိဳ႕၊ အမွတ္(၂)နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ေအာင္ေက်ာ္ႏွင့္အဖြဲ႕မွ လာေရာက္စစ္ေဆး ခဲ့ၿပီးအမႈဖြင့္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

crd

Unicode

ဆုတောင်းပြည့်စေတီတော်မှ ကျောက်ဆင်းတုတော် နှစ်ဆူအား ရိုက်ချိုးဖျက်ဆီးမှု ဖြစ်ပွား

မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် ကံဦး အမှတ်(၃)နယ်မြေအတွင်း တည်ထား ကိုးကွယ်ထားသည့် ဆုတောင်းပြည့်စေတီ တော်မှ ဂြိုလ်ပြေ၊ နာမ်ပြေ၊ ရုပ်ပွားတော် ကျောက်ဆင်းတုတော်နှစ်ဆူအား ဦးခေါင်း ရိုက်ချိုးဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း ဘုရား အကျိုးတော်ဆောင်အဖွဲ့မှ သိရှိရသည်။

“ သန့်ရှင်းရေးလုပ်တဲ့ ချာတိတ်တစ်ယောက်က တွေ့တာနဲ့ ဆုတောင်းပြည့်အကျိုးတော်ဆောင် ဦးစိုးနိုင်ကို လှမ်းပြောတယ်။ဦးစိုးနိုင်က ကျွန်တော့်ကို အကြောင်းကြားတာနဲ့ ကျွန်တော်တို့ လာကြည့်တာ။ စတွေ့တာက ခန့်မှန်းခြေဒီနေ့မနက် (ဇန်နဝါရီ ၂၃ ရက်) ၁၀ နာရီဝန်းကျင်လောက်က တွေ့ တာ။ ဒီမှာဘာတွေ့လဲဆိုတော့ ဒီဆုတောင်း ပြည့်ဘုရားဝန်းထဲမှာ စေတီမှာကိန်းဝပ်စံ ပယ်တာ။

ကျောက်ဆင်းတုတော်ရှစ်ဆူရှိတာမှာ နှစ်ဆူကို ခေါင်းဖြတ်သွားတာတွေ့ရတယ်။ထောင့်က အရှေ့ဘက်ထောင့်၊ မြောက်ဘက်ထောင့် နေ့နာမ်ဘုရားတွေ၊ကျောက်ဆင်းတု တော် ဦးခေါင်းတွေကို ဖြတ်ချိုးပြီး ဘေးချခဲ့တာ။ ကျောက်ဆင်းတုတော်တွေရဲ့ ဉာဏ်တော်က တစ်ပေခွဲတော့မကဘူး။ ပလ္လင် အပါအဝင် ဉာဏ်တော်နှစ်ပေနီးပါးရှိတယ်၊ ဘယ်လိုအကြောင်းကြောင့် ဖြစ်တာလဲဆိုတာ ပြောရတာတော့ ခက်တယ်။

ဘေးကိုစုံစမ်းကြည့်တော့ ဘုရားရင်ပြင်မှာ တချို့ကလေးတွေ ခြင်းလာခတ်တာ၊ ဘောလုံးကန်တာတို့ရှိ တော့ အကျိုးတော်ဆောင်ကတော့ ပြောရ တယ်။ အကျိုးတော်ဆောင်က ဆော့နေတဲ့ ကလေးတွေကို ပြောတာမှာ ကောင်းကောင်း မွန်မွန်နဲ့ရင်ပြင်တော်ပေါ်မှာ မဆော့ကြဖို့ အေးဆေးနေကြဖို့ ပြောပြီးနောက်ပိုင်းမှာ အခုလိုဖြစ်တာ။ အဲဒီလို ပြောခဲ့ပြီး နောက်ပိုင်းမှာဖြစ်တာဆိုတော့ အဲဒါကြောင့်မို့လိုများ လားလို့တော့ စဉ်းစားလို့ရတယ်။

ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ကျွန်တော်ကတော့ အကျိုး တော်ဆောင်နဲ့ တိုင်ပင်ပြီး အမှုဖွင့်ဖို့ စီစဉ်ပါ မယ်။ အမှုဖွင့်ဖို့သွားနေတာ စခန်းနားရောက် မှ ရဲတွေကရပ်ကွက်ရုံးရောက်နေတယ်။ ဒီရပ် ကွက်ထဲက ကလေးတွေကို မေးစရာမြန်းစရာ ရှိတယ်ပြောလို့ပြန်လှည့်လာရတယ်” ဟု မိတ္ထီ လာမြို့ ကျီတော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ပြောကြားသည်။

“ကျွန်တော်တို့ မြင်ရတာကတော့ ခိုးဖို့ ရည်ရွယ်ချက်မရှိဘူး။ ခိုးရင်လည်းအခု ဘုရား က ခေတ်ဘုရားတွေ၊ရှေးဘုရားလည်း မဟုတ် ဘူး။ အခု ဆုတောင်းပြည့်စေတီ တည်ထားကိုး ကွယ်တာ တစ်နှစ်ကျော်လောက်ပဲရှိသေး တယ်။ ဦးခေါင်းတွေကို ဖြတ်တာလည်း မ ဟုတ်လောက်ဘူး။ ဦးခေါင်းတော်ကို တစ်ခုခု နဲ့ ထုလိုက်လို့ ကျိုးကျသွားတာကို ဘုရားဘေး မှာ ကပ်ချခဲ့တာ။

ရှစ်ဆူရှိတာမှာ နှစ်ဆူကို အဲဒီလိုချိုးပြီး ဘုရားဘေးပြန်ချခဲ့တာဆိုတော့ တမင်သက်သက် ဖျက်လိုဖျက်ဆီး လုပ်တယ် လို့ပဲ ထင်တယ်။ ဘုရားမျက်နှာတော်တို့ ဘာ တို့မှာလည်း ဒဏ်ရာတို့ဘာတို့မရှိဘူး” ဟု သွားရောက်ကြည့်ရှုခဲ့သည့် မိတ္ထီလာမြို့၊ ကျီ တော်ကုန်းရပ်ကွက်နေ ဦးဝင်းက ပြောကြား သည်။

အဆိုပါ ဆုတောင်းပြည့်ဓမ္မဝိဇယစေတီ တော်အတွင်းရှိ ဂြိုလ်ပြေ၊နာမ်ပြေ ဘုရားနှစ်ဆူ ရိုက်ချိုးဖျက်ဆီးခံခဲ့ရမှုအား မိတ္ထီလာမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်နှင့်အဖွဲ့မှ လာရောက်စစ်ဆေး ခဲ့ပြီးအမှုဖွင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

crd

No Comments

Leave a Reply

Your email address will not be published.

News
န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလအႀကီးအကဲ သတိေပး

န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလအႀကီးအကဲ သတိေပး ကမာၻႀကီးမွာ စစ္ေအးတိုက္ပြဲ ျဖစ္ေနတာေၾကာင့္ န်ဴကလီးယား ေဘးဒုကၡဆိုးနဲ႔ အခ်ိန္မေ႐ြး ႀကဳံရမယ့္ အႏၲရာယ္ အႀကီးအက်ယ္ ရွိေနတယ္လို႔ ကုလသမဂၢ အႀကီးအကဲက သတိေပး လိုက္ပါတယ္။ န်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး စာခ်ဳပ္ေတြ ခ်ဳပ္ဆိုဖို႔ ပိုမိုခိုင္မာတဲ့ အစီအစဥ္ေတြ ခ်မွတ္ လုပ္ေဆာင္ၾကဖို႔ ကမာၻ႔ ႏိုင္ငံေခါင္းေဆာင္ အသီးသီးကို အန္တိုရီယို ဂူးတားရက္ရွ္က နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ န်ဴကလီးယားလက္နက္ မျပန႔္ပြားေရး သေဘာတူစာခ်ဳပ္ အဖြဲ႕ဝင္မ်ား ညီလာခံကတဆင့္ ၾသဂုတ္လ ၁ရက္၊ မေန႔က တိုက္တြန္း ေျပာဆိုလိုက္တာပါ။ န်ဴကလီးယားလက္နက္ မျပန႔္ပြားေရး သေဘာတူစာခ်ဳပ္ …

News
အေမရိက၏ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈတြင္ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ ဇဝါဟီရီ ေသဆုံး

အေမရိက၏ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈတြင္ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ ဇဝါဟီရီ ေသဆုံး အယ္လ္ကိုင္းဒါး ေခါင္းေဆာင္ အိုင္မန္ အယ္-ဇာဝါဟီရီသည္ အေမရိကန္၏ ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈတစ္ခုတြင္ ေသဆုံးသြားၿပီ ျဖစ္တဲ့အေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္က တနလၤာေန႔တြင္ အိမ္ျဖဴေတာ္မွေန၍ မိန႔္ခြန္းေျပာၾကားလိုက္သည္။ ” ဆယ္စုႏွစ္ေတြနဲ႔ ခ်ီၿပီး သူဟာ အေမရိကန္ေတြကို တိုက္ခိုက္မႈေတြမွာ ေနာက္ကြယ္ကေန ႀကိဳးကိုင္ခဲ့တဲ့သူ ျဖစ္တယ္” ဟု ဘိုင္ဒန္က ဩဂုတ္ ၁ ရက္ေန႔က ေျပာကာ ၂၀၀၀ ျပည့္ႏွစ္က ယူအက္စ္အက္စ္ကိုးလ္ တိုက္ခံရမႈႏွင့္ ကင္ညာနဲ႔ တန္ဇနီးယားရွိ ယူအက္စ္သံ႐ုံးမ်ား ၁၉၉၈ ခုႏွစ္က ဗုံးျဖင့္ တိုက္ခိုက္ခံရမႈမ်ားကို ၫႊန္းဆိုသြားခဲ့သည္။ ဇဝါဟီရီသည္ အာဖဂန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕လယ္က ေနအိမ္တစ္ခုမွာ တိုက္ခိုက္ခံရျခင္း …

News
ဂူအတြင္းသုံးႏွစ္ေက်ာ္ၾကာ တရားအားထုတ္ခဲ့သည့္မိုင္းဖုန္းဆရာေတာ္

ဂူအတြင္းသုံးႏွစ္ေက်ာ္ၾကာ တရားအားထုတ္ခဲ့သည့္မိုင္းဖုန္းဆရာေတာ္ မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲ ဉာဏသံဝရ သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္အတြင္းရွိ မိုင္းၾကတ္ဂူတြင္ သုံးႏွစ္၊ သုံးလ၊ သုံးရက္ အဓိဌာန္ဂူေအာင္း တရားက်င့္ႀကံျခင္း ေအာင္ျမင္၍ ယေန႔ ဩဂုတ္လ ၁ ရက္ေန႔တြင္ ဂူအတြင္းမွ ျပန္လည္ထြက္ရွိလာခဲ့သည္။ ဆရာေတာ္ႀကီးအား ရဟန္းရွင္လူ တေသာင္းေက်ာ္က ႀကိဳတင္၍ ေစာင့္ဆိုင္းခဲ့ၾကၿပီး ဆရာေတာ္ႀကီးမွ မိုင္းၾကတ္ဂူတြင္ ၅ ရက္တာ ဖူးေမွ်ာ္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ဆရာေတာ္သည္ ၂၀၁၉ ခုႏွစ္ ဧၿပီလမွ စတင္ကာ မိုင္းၾကတ္လႈိဏ္ဂူထဲတြင္ သုံးႏွစ္၊ သုံးလ၊ သုံးရက္ အဓိဌာန္ဂူေအာင္းတရားက်င့္ႀကံခဲ့ျခင္းျဖစ္သည္။ မိုင္းၾကတ္ဂူအတြင္း သုံးႏွစ္သုံးလသုံးရက္ တရားက်င့္ႀကံခဲ့သည့္ မိုင္းဖုန္းဆရာေတာ္ ဂူအတြင္းမွ ျပန္လည္ႂကြခ်ီလာၿပီး အပူေဇာ္ခံမည္ျဖစ္ေၾကာင္း သိရသည္။ …