မကြာခင်မှာ ထိုးရတော့မယ့် ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီး သိထားသင့်သမျှကို မျှဝေပေးလိုက်တဲ့ ဆရာဝန်တစ်ဦး - YATHAZONE
News
(၂) ဖျားခြင်း (၁၈%)
(၆) ခေါင်းကိုက်ခြင်း (၆၈%)
(၁) ဓာတ်မတည့်သူများ
crd
Unicode
မကြာခင်မှာ ထိုးရတော့မယ့် ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီး သိထားသင့်သမျှကို မျှဝေပေးလိုက်တဲ့ ဆရာဝန်တစ်ဦး
အိန္ဒိယနိုင်ငံက COVISHIELD နာမည်နဲ့ Oxford-AstraZeneca ကာကွယ်ဆေးထိုးရင် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ နဲ့ ဘယ်သူကိုထိုးပေးလို့ရလဲ..
ဆေးအရှိန်တက်ခြင်း လက္ခဏာများ
ကာကွယ်ဆေးထိုးပြီး ကိုယ်ထဲမှာ ကိုယ်ခံအားတွေ ထုတ်လုပ်ချိန်မှာ ဆေးရဲ့ ဘေးထွက်အာနိသင်အဖြစ် ဆေးအရှိန်ပြတာကို ၂ ရက်လောက် ခံစားရနိုင်ပါတယ်။
(၁) ဆေးထိုးထားသောနေရာမှာနာခြင်း (၆၇%)
(၂) ဖျားခြင်း (၁၈%)
(၃) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း (၅၁%)
(၄) ကြွက်သားနာကျင်ခြင်း (၆၀%)
(၅) ပင်ပန်းနွမ်းလျှခြင်း (၇၀%)
(၆) ခေါင်းကိုက်ခြင်း (၆၈%)
(၇) အဆစ်နာကျင်ခြင်း (၃၁%) စတာတွေဖြစ်ပေါ်တတ်ပါတယ်။
ဆေးထိုးပြီး ဒီလိုခံစားရတာဟာ ကိုယ်ခံအားတွေထွက်လာဖို့ ကိုယ်ခန္ဓာကတုန့်ပြန်တဲ့ လက္ခဏာတွေပါပဲ၊ အများကြီးစိတ်ပူမနေပါနဲ။ ၁-၂ ရက်နေပျောက်ပါတယ်။
နာကျင်တာ ဖျားတာ ခေါင်းကိုက်တာတွေအတွက် ပါရာစီတီမောဆေး တစ်လုံးမှ နှစ်လုံးကို ၆ နာရီခြားသောက်လို့ရပါတယ်၊ ပျောက်သွားတာနဲ့ ဆက်မသောက်ပါနဲ့၊ ရပ်လိုက်ပါ။ ဆေးထိုးပြီးတဲ့ ရက်တွေမှာ အနားသေချာယူပေးပါ။
၃ ရက်ကျော်လို့ ခံစားရတာတွေ မပျောက်သေးရင်တော့ ဆရာဝန်ပြန်ကို ဆက်သွယ်ပြီး ဆွေးနွေးပေးရပါမယ်။ တခါတလေမှာ ဆေးကိုကိုယ်ခန္ဓာကတုန့်ပြန်ချက်ကြောင့် လည်ပင်းနဲ့ ဂျိုင်းကြားမှာ အကြိတ်ဖုလေးထွက်လာတတ်ပါတယ်။ တစ်ပတ်လောက်ကြာရင် ပျောက်သွားပါလိမ့်မယ်။
💉 ဆေးကိုဘယ်သူတွေကို ထိုးသင့်/မထိုးသင့်ဘူးလဲ
(၁) ဓာတ်မတည့်သူများ
Oxford-AstraZeneca ဆေးနဲ့ ဓာတ်မတည့်ခြင်းများက အလွန့်အလွန်ရှားပါးပါတယ်။
သို့သော်လည်း ဆေးရုံမှာ ဆေးဆိုးပြီး နာရီဝက်စောင့်ကြည့်ခြင်းဖြင့် ဓာတ်မတည့်ခြင်းကို စောလျှင်ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ဒါကြောင့် အရင်က သောက်ဆေး ထိုးဆေး ဒါမှမဟုတ် အစားအသောက် တစ်ခုခုကြောင့် အန္တရာယ်ရှိလောက်အောင် ပြင်းပြင်းထန်ထန် ဓာတ်မတည့်ဖူးသူများကို သတိထားတဲ့ အနေနဲ့ မထိုးပေးကြပါဘူး။
သိပ်မပြင်းထန်တဲ့ ဓာတ်မတည့်သူတွေ (ယားယံခြင်း၊ အနီကွက်ထခြင်းလောက်သာ ဖြစ်ပေါ်သူများ) ကိုတော့ ဆရာဝန်တွေရဲ့ စစ်ဆေးခွင့်ပြုချက်နဲ့အညီ ထိုးသင့်မထိုးသင့် ဆုံးဖြတ်ရပါတယ်။
crd
No Comments
Leave a Reply
Your email address will not be published.
News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …
News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …
News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …