ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေးရှိသေးသကို ( နောက်ကနေ မရီး မရီး နဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့ အခါ.. ) - YATHAZONE
Life Style
Unicode
ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေးရှိသေးသကို ( နောက်ကနေ မရီး မရီး နဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့ အခါ.. )
ဒီအကြောင်းအရာလေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ Daw Su Lay အကောင့်ပိုင်ရှင်မှ တင်ပြ ထားတာကို တွေ့ရ ပါတယ်။ လောကမှာ ဒီလို စိတ်ထားလေး ရိုးဖြောင့်တဲ့ ကလေးတွေ လေးစားဖွယ်ရာ ရှိနေသေးတယ် ဆိုတာ လေး အများသိအောင်
ဒီကလေးကို လေးစား ဂုဏ်ပြု လိုသော ရည်ရွယ်ချက်ဖြင့် တစ်ဆင့် ပြန်လည် မျှဝေပေး လိုက် ပါသည်။73 လမ်း 37 ဒေါင့် ဆိုင်ကယ်လေးရပ်ပီး အထဲဝင် သွားတာ ကိုယ့်အနောက်ကနေ မရီး မရီးနဲ့ခေါ်နေလို့ လှည့်ကြည့် မကြားတစ်ကြားနဲ့ ဆိုတော့
ကိုယ်လဲ ကလေးက မုန့်ဖိုးလေးတောင်းတယ်ထင်နာပေါ့ ပြီးတော့မှ ဆိုင်ကယ်ထဲမယ် မရီးဖုန်းကျန်ခဲ့တယ်တဲ့ ကိုယ်လဲတုံလှုပ်ပီး ဝမ်းသာသွားတယ်…တော်သေးတာပေါ့ ကျေးဇူးပါ မောင်လေးရယ် မရီးဖုန်းလေး မင်းနဲ့သာမတွေ့ရင် လိုချင်တဲ့သူတွေလက်ထဲရောက်နေပီ တစ်ကယ်ဆိုရင်
ဒီဖုန်းကို သူယူလို့ရတာပဲ ရိုးသားလိုက်တဲ့ ကလေး ဒီပစ္စည်းကို သူ မမက်မောဘူးတဲ့ ဒီနားမှာ မရီးလိုပဲ ဆိုင်ကယ်ထဲ ဖုန်းတွေကျန်ကျန်ခဲ့တာသားနဲ့တွေ့တဲ့သူတွေဆိုပြန်ရတာပေါ့ မရီးရယ် သူများဆိုပြန်ရမှာမဟုတ်ဘူး
မရီးလဲနောက်ဆို ဂရုစိုက်ပါနော် သူစိတ်ပူစကားပြောအပြီး မေးခွန်းလေးမေး မိတယ် မောင်လေးရေ ခုလို မုန့်ဖိုးတောင်း ရတာ အစဉ်ပြေလား သူတမ်း မဖြေနိုင်ပဲ ခေါင်းလေးငုံ့ချခါ မျက်ရည်လေး ဝဲလာပီး မရီးရယ် အစဉ်မပြေပါဘူး တစ်ရာနှစ်ရာကို လူတွေကမပေးချင်ပါဘူး သားလဲ ခုလိုမျိုးမလုပ်ချင်ဘူး
ဒါပေမဲ့ သားတို့မိသားစုက ပိုက်ဆံ မရှိဘူးလေ အပြင်အလုပ် လုပ်ဖို့ကျ သားကငယ်တော့ သားအရွယ်နဲ့ အပြင် အလုပ်လဲ ဘယ်အလုပ်မှမခေါ်ဘူးလေ စိတ်ချပါ မရီး သားကြီးရင် အလုပ်လုပ်တော့မှာ ညီလေးကိုလဲ ကျောင်းထားမှာဘာ သူ့မှာရည်ရွယ်ချက်တွေ အိမ်မက်တွေ ရှိနေတယ်
မရီးဖုန်းနံပါတ်ယူသွားနော် တစ်စုံတစ်ခု အခက်အခဲ အကူအညီ ရှိလာရင် မရီးစီ အချိန်မရွေး ဆက်သွယ်နော် မရီးအတတ် နိုင်ဆုံးထိကူညီပေးမယ်နော် မနက်ဖြန် မရီး ဒီဘက်ကို ဒီချိန်လောက်ပြန်လာခဲ့မယ်နော် အများကြီး မကူညီနိုင်တောင် မရီးတတ်နိုင် သလောက် ကူညီပေးမယ်နော်
မနက်ဖြန်မတွေ့ရင် မရီး မတွေ့မချင်းပြန်လာရှာမယ်နော် မရီးကို ဓာတ်ပုံလေးရိုက်ပီး တင်ခွင့်ပြုလို့ ကျေးဇူးပါနော်…။ credit: thutasone
No Comments
Leave a Reply
Your email address will not be published.
Life Style
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။ ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယားမှာ သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ ! သားသမီးသုံးယောက်ကိုလဲ.. စိတ်မဝင်စားတော့.. သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။ မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် …
Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …
Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …