ဈေးရောင်းရင်သူများထက် ရောင်းကောင်းရခြင်း သော့ချက်(၃)ချက်.. - YATHAZONE


Health






















Credit မူရင်းးး

Unicode

ဈေးရောင်းရင်သူများထက် ရောင်းကောင်းရခြင်း သော့ချက်(၃)ချက်..

မိတ်ဆွေအနေနဲ့ ဈေးရောင်းတော့မယ်ဆိုရင်.. အဓိက အားသာချက်ကတော့ စကားပြောတတ်ဖို့ လိုပါတယ်

စကားပြောတတ်ခြင်းသည်..မိမိအတွက် ရလဒ်ကောင်းတွေ ရရှိမှာ..ဖြစ်ပါတယ် စကားပုံတောင်ရှိသေးပါ၏..စကားပြောကောင်းခြင်းသည် လေယဉ်တောင်မှ အလကားစီးရသည်..

(1) Smile အပြုံးမျက်နာရှိရမယ်..

အပြုံးတွေရဲ့ နောက်ကွယ်မှာ ရလဒ်ကောင်းတွေရှိ၏..မိမိအနေနဲ့ ပြုံးတတ်ဖို့လိုပါတယ်ဘာလို့အဲလိုပြောရလဲဆိုရင် အပြုံးတွေရဲ့နောက်ကွယ်မှာငွေတွေရှိနေလို့ဖြစ်ပါတယ် ‌ဈေးဝယ်သူတွေလာရင် ခရီးဦးကြို အရင်ပြုံးပြပါ

အဲလို ပြုံးလိုက်ခြင်းကြောင့် ဖောက်သယ်ရင်ထဲ အေးချမ်းမှုရရှိမှာဖြစ်ပါတယ် ကျွန်တော်လဲ အပြုံးတွေကိုကြိုက်တယ် သင်လဲကြိုက်မှာပါ မဲ့နေတဲ့မျက်နှာကို သင်မကြိုက်သလိုလူအများကလဲ မကြိုက်ပါ ဒါကြောင့် ပြုံးခြင်းကြောင့်ဈေးရောင်းကောင်းခြင်းကို ရရှိမှာဖြစ်ပါတယ်

ပြုံးနေခြင်းကြောင့် ဖောက်သယ်တွေ များလာမှာဖစ်ပါတယ်ငွေကို မိမိခံန္နာကိုယ်မှာရှိတဲ့အပြုံးတွေနဲ့ ဖန်တီခြင်းဖြစ်ပါတယ်အပြုံးတွေရဖို့ ငွေပေးသင်ရတာမဟုတ်ပါ။

မိမိ+အပြုံး=ငွေငွေလိုချင်ရင် များများပြုံးပါ..

(2) Sweet ချိုသာတဲ့စကားလုံးတွေပြောခြင်း..

ဈေးရောင်းတဲ့အခါ ဖောက်သယ်တွေကို ချီးကျူးစကားများများပြောပေးပါ.. လူတွေက ချီးကျူးတာကို သိပ်ကြိုက်သည်

ကျွန်တော်ကိုယ်တိုင်လဲ ချီးကျူးတာကြိုက်လို့ဖစ်တယ် ဒါကြောင့် ဖောက်သယ်တွေကို စကားပြောတဲ့အခါ…မမ သို့မဟုတ် အကို ဦးလေးသို့မဟုတ် အန်တီလေး ဒီနေ့ အရမ်းလှနေပါလား အဝတ်စာလေးလှလိုက် တာအဲဒီအဝတ်စားနဲ့လိုက်တယ်

ဒီလိုစကားများကိုဖောက်သယ်တွေကို များများချီးကျူးစကား ပြောလေသင့်ရဲ့ ပစ္စည်းတွေများများရောင်းရမှာဖြစ်ပါတယ်ချို သာတဲ့စကားလုံးတွေက ငွေတွေဖြစ်လာမှာ သေချာပါတယ်.. ဒါကြောင့် ချီးကျူးစကားများကိုများများပြောခြင်းဖြင့် ဖောက်သယ်တွေများများရပြီ ‌ဝင်ငွေတွေရရှိမှာဖြစ်ပါတယ်..

မိမိ+ချီးကျူးစကား=ငွေငွေလိုချင်ရင် ချိုသာတဲ့စကားများပြောပါ..

(3) Smart ဝတ်စာဆင်ယင်မှုရှိရမည်..

မိမိက ဝတ်စာဆင်ယင်မှုကို စမတ်ကျ‌အောင်..ဝတ်တတ်ဖို့လိုပါတယ် အဓိကတော့လူတွေကို အမြင်အာရုံနဲ့ ဖမ်းစား ခြင်းတစ်မျိုးပေါ့မိမိဆိုင်ကို ဈေးလာဝယ်တာပဲဖြစ်ဖြစ်လာစားတာပဲဖစ်ဖစ် မိမိအနေနဲ့ ဖောက်သယ်‌တွေမျက်လုံးထဲ အမြင်လှပြီး ရှင်းနေရမယ် ဒါမှဖောက်သယ်က မိမိကိုကြည့်ပြီး ရှင်းနေတာတွေတော့ဖောက်သယ်က စိတ်ချမ်းသာမယ်..

ဥပမာအနေနဲ့ပြောရရင် မိတ်ဆွေတို့ ဘဏ်ရုံမှာပဲဖစ်ဖစ် ပိုက်ဆံသွားထုပ်ရင် ကြည့်လေ ဘဏ်ဝန်ထမ်းတွေ ဝတ်စားမှုက ရိုးရှင်းနေတာပဲ ကြည့်လိုက်ရင် စိတ်ကိုအေးနေတာ အကယ်ဤ ဘဏ်ဝန်ထမ်းတွေကသူတို့ဝတ်ချင်တာဝတ်လို့ရ မယ်ဆိုရင်ကြည့်ရတာအဆင်ပြေမှာမဟုတ်ဘူးတွေးကြည့်ပါ

အတိုဝတ်မယ် ဘောင်းဘီရှည်ဝတ်တဲ့သူဝတ်ဂါ ဝန်ဝတ်သူဝတ် အကျီလည်ဟိုက်တွေဝတ်သင့်အနေနဲ့ ကြည့်ရတာမျက်စိရှုပ်မှာသေချာတယ်ဒါကြောင့် ဘဏ်ကုမ္မဏီပိုင်ရှင်က ဝန်ထမ်းတွေကို အဝတ်စားနဲ့ smartရှိအောင် ဝတ်ခိုင်းတာပေါ့ဗျာ

ဖောက်သယ်တွေကို ဝတ်စားဆင်ယင်မှုနဲ့ တစ်မျိုးဆွဲဆောင်တာပေါ့ ငွေကို ဖန်တီးယူ တာဖစ်တယ်ဒီလိုပဲ စမတ်ရှိဖို့လိုတယ်ဆိုတာအဲဒါပါမိမိဝတ်ထားတဲ့ ဝတ်စားက ဖောက်သယ်တွေမျက်စိထဲ အေးသွားစေရမယ် ရှင်းနေဖို့လိုအပ်ပါတယ်ဒါကြောင့် ဒီနေ့ကစပြီး စမတ်ရှိအောင် ဝတ်စားပါလို့ ပြောရခြင်းဖြစ်ပါတယ်..

မိမိ+ဝတ်စားဆင်ယင်မှု=ငွေ

မဂ်လာပါမိတ်ဆွေ သင့်အနေနဲ့ ဈေးရောင်းမယ်ဆိုရင်ဒီအချက်တွေကလဲ အဓိကကျပါတယ်ဒါကြောင့် ဒီနေ့ကစပြီ ဤ(၃)ချက်ကိုသုံးကြည့်ပါ

ဝင်ငွေတွေတိုးလာမှာဖြစ်ပါတယ်ချမ်းသာချင်ရင် productထုပ်လုပ်သူလုပ်ပါရောင်းချသူလုပ်ပါ ကမ္ဘာပေါ်မှာ ချမ်းသာနေတဲ့အများစုကထုပ်လုပ်သူနဲ့ ရောင်းချသူများ ဖြစ်နေတာ တွေ့ရပါတယ်.. ကျွန်တော် အတွေးခေါ်များမျှဝေလိုက်ပါတယ်..

Credit မူရင်းးး

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …