မဲမသမာမှု ရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့ ရှင်နဲ့ကျမ စင်ပေါ်တက်ပြီး ပြည်သူဆန္ဒကို ပေါ်တင်ရွေးချယ်ခံရအောင် ဆိုတဲ့ နန်းခင်ထွေးမြင့် - YATHAZONE

မဲမသမာမှု ရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့ ရှင်နဲ့ကျမ စင်ပေါ်တက်ပြီး ပြည်သူဆန္ဒကို ပေါ်တင်ရွေးချယ်ခံရအောင် ဆိုတဲ့ နန်းခင်ထွေးမြင့်

မဲမသမာမှု ရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့ ရှင်နဲ့ကျမ စင်ပေါ်တက်ပြီး ပြည်သူဆန္ဒကို ပေါ်တင်ရွေးချယ်ခံရအောင် ဆိုတဲ့ နန်းခင်ထွေးမြင့်
News

မဲမသမာမှု ရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့ ရှင်နဲ့ကျမ စင်ပေါ်တက်ပြီး ပြည်သူဆန္ဒကို ပေါ်တင်ရွေးချယ်ခံရအောင် ဆိုတဲ့ နန်းခင်ထွေးမြင့်

စစ်တပ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဒီနေ့ မနက် ၁၀ နာရီမှာ အစိုးရနေအိမ်ကို ပို့ဆောင်ခံ ရပြီး အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းခံထား ရပါတယ်။

RFA သတင်းဌာန က ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့တဲ့ အင်တာဗျူးမှာ ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြ လိုက်ရ ပါတယ်။

ဒီနေ့ အိမ်ကို ၁၀ နာရီခွဲလောက်မှာ ပြန်ရောက် တယ်။ အိမ်ဆိုတာ သူတို့ အစိုးရက ချပေးထားတဲ့ အိမ်။ အပြင်တော့ ပေးမထွက်ဘူး။ လုံခြုံရေးတွေ ချထားတယ်။

အကျယ်ချုပ်ပေါ့လေ။ လာခေါ်သွားတဲ့နေ့က ၂၀၂ ကိုခေါ်သွားတာ။ တစ်ညပဲထားတယ်။ အခု လာပြန်ပို့တယ်။ ဘာမှတော့ မမေးဘူး။ သူတို့ရဲ့ ၁/၂၀၂၁ အမိန့်စာကို လာဖတ်ပြတယ်။ တစ်နှစ် အာဏာသိမ်းတယ် ဘာညာပေါ့လေ။

ကျွန်မကို ဘာပြောချင်သေးလဲလို့ မေးတော့ ကျွန်မ တစ်အချက်အနေနဲ့ ကျွန်မ အိမ်ပြန်ချင်တယ်လို့ ပြောလိုက် တယ်။ ပြီးတော့ နှစ်အချက် အနေနဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့တွေ

ဘာတွေ ပါတော့ အခု ကျွန်မကို လာခေါ်တဲ့ တပ်မမှူး နဲ့ လျှို့ဝှက်မဲတွေ မပါဘဲနဲ့ပေါ့လေ။ စင်ပေါ်မှာ တက်ပြီး မဲပြိုင်ရဲတယ် အချိန်မရွေးပဲလို ပြောလိုက်တော့ ဘာမှ ပြန်မပြောဘူး။ ဟဲဟဲ ဆို ရယ်ပြီး ပြန်ထွက်သွားတယ်။

Mask တွေတပ် ထားတော့ သေချာတော့ မသိဘူး။

ပခုံးက အပွင့်ကို ကြည့်လိုက်တာ အရ ၂၀၂ က တပ်မမှူးလို့ ထင်တာပဲ။ ရဲတွေနဲ့ပဲ ထားတာ များပါတယ်။

တပ်က အဲ့ဒီတစ်ကြိမ်လောက်ပဲ လာတွေ့တာ။ ကြမ်းကြမ်းတမ်းတမ်းတော့ ပြောတာမျိုး မရှိပါဘူး။ ကောင်းကောင်းမွန်မွန် ထားပြီး ဘာစားချင်လဲ ဘာညာ ကတော့ ခဏ ခဏ လာမေးတယ်။

ကျွန်မ အိမ်ကိုတော့ မရောက်သေးဘူး သူတို့ထားတဲ့ အိမ်မှာနေရတာ။ အပြင်က ကျွန်မတူလေးကို တွေ့ချင်တယ် ဆိုတော့ ပေးဝင်ပါ့မယ် လို့ပြောတယ်။

ကျွန်မ အခု ဖုန်းအဆက်အသွယ် လုပ်ခွင့် ရပြီ ဆိုရင် ကျွန်မရဲ့ ပါတီကို အရင်ဆက်သွယ် မှာပါ။ ကျွန်မတို့ ကတော့ အေးအေးချမ်းချမ်းပဲ ပြန်ပြီး တုံ့ပြန်မှာပါ။

မဲသမာမှုနဲ့ ပတ်သက်လို့ ကျွန်မတို့ကို စွပ်စွဲတဲ့ စွပ်စွဲချက်တွေ ကတော့ သာမန်ပြည်သူ တစ်ယောက်တောင် ဒါက မျှတလား မမျှတလား သူတို့ စဉ်းစားတတ် ပါတယ်။

ပြည်သူတွေကို ပြောချင်တာ ကတော့ နောက်ဆုံးတစ်ခေါက် ကျွန်မတို့ ကြိုးစားကြရဦး မယ်ထင်တယ်။ ရွေးကောက်ပွဲတုန်း ကလည်း ပြည်သူတွေက တခဲနက် ကျွန်မတို့ကို ထောက်ခံ ခဲ့ကြတယ်။

အခုလည်း ကျွန်မတို့ကို ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ ဝန်းရံကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကျွန်မတို့ ညီလို့ကတော့ လူထု ဆန္ဒအတိုင်းဖြစ်စေမှာပါ” လို့ ဒေါ်နန်းခင်ထွေးမြင့်က ဆိုပါတယ်။

Credit

No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …