ကိုယ္အေလးခ်ိန္ က်ခ်င္သူမ်ားႏွင့္ ေသြးေၾကာအဆီရွင္းခ်င္သူမ်ားအတြက္ ႂကြက္နား႐ြက္မႈိ - YATHAZONE

ကိုယ္အေလးခ်ိန္ က်ခ်င္သူမ်ားႏွင့္ ေသြးေၾကာအဆီရွင္းခ်င္သူမ်ားအတြက္ ႂကြက္နား႐ြက္မႈိ

Health

ကိုယ္အေလးခ်ိန္ က်ခ်င္သူမ်ားႏွင့္ ေသြးေၾကာအဆီရွင္းခ်င္သူမ်ားအတြက္ ႂကြက္နား႐ြက္မႈိ

ကိုယ္အေလးခ်ိန္ က်ခ်င္သူမ်ားႏွင့္ ေသြးေၾကာအဆီရွင္းခ်င္သူမ်ားအတြက္ ႂကြက္နား႐ြက္မႈိ

ေသြးေၾကာမ်ားအတြင္း ပိတ္ဆို႔ေနေသာအဆီမ်ားကို ရွင္းထုတ္မယ္

အရင္အပတ္က ႏွလုံးေသြးေၾကာ ပိတ္ဆို႔ရတဲ့အေၾကာင္းရင္းေတြကို ေျပာျပခဲ့တယ္။

ဒီအပတ္မွာေတာ့ အဲဒီ့လိုပိတ္ဆို႔ေနတာကို အလြယ္တကူရွင္းထုတ္ပစ္ႏိုင္တဲ့ နည္းေကာင္းတစ္ခုကို ေပးပါမယ္။

America မွာ ခ်မ္းသာတဲ့တ႐ုတ္လူမ်ိဳးတစ္ေယာက္ ရွိပါတယ္။ ဝက္သား၊ အမဲသား၊ ဘဲသားစတဲ့ ကုန္းသတၱဝါအသားေတြကို ႀကိဳက္ႏွစ္သက္လို႔ အၿမဲတန္းစားေလ့ရွိသူပါ။

လႈပ္ရွားမႈကလည္း သိပ္မရွိဘဲ ဇိမ္ခံတာသာမ်ားတယ္။ အသက္နဲနဲရလာေတာ့ ရင္ဘတ္ကေအာင့္ေအာင့္လာတယ္။ ဒါနဲ႔သူလည္း ဆရာဝန္ကိုသြားျပရတာေပါ့။

ဆရာဝန္ကစစ္ၾကည့္လိုက္ေတာ့ ႏွလုံးေသြးေၾကာေတြ ၃ေခ်ာင္းလုံး 90% ပိတ္ေနၿပီ။ ခြဲစိတ္ကုသမွရမယ္ဆိုၿပီး သူကိုရက္ခ်ိန္းေပးလိုက္ပါတယ္။

သူလည္း စိတ္ေတာ္ေတာ္ညစ္သြားၿပီး တ႐ုတ္႐ိုးရာတိုင္းရင္းေဆးဆရာႀကီးေတြဆီကို သြားပါတယ္။ တိုင္းရင္းေဆးဆရာႀကီးက သူ႔ကိုေန႔စဥ္ႂကြက္နား႐ြက္မႈိကို စားခိုင္းပါတယ္။

ဘာဟင္းခ်က္ခ်က္ ႂကြက္နား႐ြက္မႈိသုံးေလးခုေလာက္ ထည့္ခ်က္ၿပီး စားခိုင္းေတာ့ သူလည္းမပ်က္မကြက္ စားပါတယ္

ဒီလိုနဲ႔ ၃ပတ္အၾကာ ဆရာဝန္ဆီျပန္ျပေတာ့ သူ႔ရဲ႕ပိတ္ေနတဲ့ ႏွလုံးေသြးေၾကာ ၃ေခ်ာင္းလုံးဟာ လုံးဝျပန္ပြင့္သြားတာကိုေတြ႕ရပါတယ္။

ဆရာဝန္ကမယုံလို႔ အႀကိမ္ႀကိမ္ျပန္စစ္ေပမဲ့ အံ့ၾသစြာေကာင္းေလာက္ေအာင္ပင္ ေသြးေၾကာေတြ ရွင္းလင္းေကာင္းမြန္ေနတာ ေတြ႕ရေတာ့ ခင္ဗ်ားဘယ္လိုမ်ား လုပ္လိုက္တာလဲဗ်ာလို႔ကို ေမးယူရပါတယ္။

ဟုတ္ကဲ့၊ ကြၽန္ေတာ္ဒီရက္ပိုင္းေလးအတြင္းမွာ ႂကြက္နား႐ြက္မႈိကို ေန႔စဥ္နဲနဲစီ စားခဲ့တာပါပဲဗ်ာလို႔ သူကျပန္ေျပာေတာ့ ဆရာဝန္ကသူ႔ကို အႀကိမ္ႀကိမ္ လက္ဆြဲႏႈတ္ဆက္လိုက္ရပါတယ္။

ႏွလုံးေသြးေၾကာပိတ္ဆို႔မႈကို အလြယ္တကူ ေျဖရွင္းေပးလိုက္တာကေတာ့ ႂကြက္နား႐ြက္မႈိပဲျဖစ္ပါတယ္။ ေသြးေၾကာေတြထဲမွာ ပိတ္ဆို႔ေနတဲ့ အနည္အႏွစ္ေတြက္ိုႂကြက္နား႐ြက္မႈိက လြယ္ကူစြာရွင္းလင္းေပးပါတယ္။

ဝက္သားႀကိဳက္တဲ့တ႐ုတ္ေတြအသက္ရွည္ၾကတာဟာႂကြက္နား႐ြက္မႈိစားလို႔လည္းပါပါတယ္။ကြၽန္ေတာ္တို႔ျမန္မာေတြေရွးတုန္းကတည္းက အသက္ရွည္ခဲ့ၾကတာလည္း ႂကြက္နား႐ြက္မႈိစားခဲ့လို႔ပါပဲ။ျမန္မာ့႐ိုးရာအစားအစာတစ္ခုျဖစ္တဲ့ၾကာဆံဟင္းခါးထဲမွာႂကြက္နား႐ြက္မႈိထည့္စားၾကပါတယ္။

အသက္ရလာၿပီဆိုရင္ေသြးေၾကာေတြထဲမွာအနည္ေတြ ထိုင္လာၿပီးေသြးေၾကာက်ဥ္းလာၾကတာ ခ်ည္းပဲ။အဲဒီ့ေရာဂါနဲ႔ပဲေသၾကရတာလည္းမ်ားပါတယ္။ႂကြက္နား႐ြက္မႈိကအဲဒီျပႆနာကိုေကာင္းေကာင္းေျဖရွင္းေပးပါတယ္။ အိမ္မွာ လူႀကီးမိဘေတြရွိရင္ႂကြက္နား႐ြက္မႈိကိုေကြၽးပါ။ အသက္ရွည္ပါလိမ့္မယ္။

ကိုယ္အေလးခ်ိန္မ်ားလို႔ အဆီခ်ခ်င္သူေတြအတြက္လည္း ႂကြက္နား႐ြက္မႈိကလက္နက္ေကာင္းတစ္ခုပါပဲ။အမွန္တကယ္ကိုအဆီက်ပါတယ္။ ဒါေၾကာင့္တစ္ပတ္ကိုတစ္ႀကိမ္ေလာက္ၾကာဆံဟင္းခါးခ်က္စားေပးရင္အမ်ားႀကီးအက်ိဳးရွိပါတယ္။

ႂကြက္နား႐ြက္မႈိကို စားတဲ့အခါမွာေသေသခ်ာခ်ာ ညက္ေအာင္ဝါးေပးဖို႔ေတာ့ လိုပါတယ္။ဒါမွသူ႔အထဲကေကာင္းတဲ့ဓာတ္ေတြထြက္လာမွာျဖစ္တယ္။ အၿမဲတန္းစားေပးရင္ေသြးႀကဲေဆးေသာက္ေနရသူေတြေတာင္ေဆးေသာက္ဖို႔မလိုေတာ့ေအာင္ေကာင္းေနပါလိမ့္မယ္။

ေသြြးေၾကာလည္းရွင္းအဆီလည္း က်ဆိုေတာ့က်န္းမာေရးလည္းေကာင္း လူလည္းလွတာေပါ့။ ဘယ္ေလာက္ေကာင္း လိုက္မလဲေနာ့္။

ခ်စ္ခင္ေလးစားလွ်က္…….

Unicode

ကိုယ်အလေးချိန် ကျချင်သူများနှင့် သွေးကြောအဆီရှင်းချင်သူများအတွက် ကြွက်နားရွက်မှို

ကိုယ်အလေးချိန် ကျချင်သူများနှင့် သွေးကြောအဆီရှင်းချင်သူများအတွက် ကြွက်နားရွက်မှို

သွေးကြောများအတွင်း ပိတ်ဆို့နေသောအဆီများကို ရှင်းထုတ်မယ်

အရင်အပတ်က နှလုံးသွေးကြော ပိတ်ဆို့ရတဲ့အကြောင်းရင်းတွေကို ပြောပြခဲ့တယ်။

ဒီအပတ်မှာတော့ အဲဒီ့လိုပိတ်ဆို့နေတာကို အလွယ်တကူရှင်းထုတ်ပစ်နိုင်တဲ့ နည်းကောင်းတစ်ခုကို ပေးပါမယ်။

America မှာ ချမ်းသာတဲ့တရုတ်လူမျိုးတစ်ယောက် ရှိပါတယ်။ ဝက်သား၊ အမဲသား၊ ဘဲသားစတဲ့ ကုန်းသတ္တဝါအသားတွေကို ကြိုက်နှစ်သက်လို့ အမြဲတန်းစားလေ့ရှိသူပါ။

လှုပ်ရှားမှုကလည်း သိပ်မရှိဘဲ ဇိမ်ခံတာသာများတယ်။ အသက်နဲနဲရလာတော့ ရင်ဘတ်ကအောင့်အောင့်လာတယ်။ ဒါနဲ့သူလည်း ဆရာဝန်ကိုသွားပြရတာပေါ့။

ဆရာဝန်ကစစ်ကြည့်လိုက်တော့ နှလုံးသွေးကြောတွေ ၃ချောင်းလုံး 90% ပိတ်နေပြီ။ ခွဲစိတ်ကုသမှရမယ်ဆိုပြီး သူကိုရက်ချိန်းပေးလိုက်ပါတယ်။

သူလည်း စိတ်တော်တော်ညစ်သွားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးဆရာကြီးတွေဆီကို သွားပါတယ်။ တိုင်းရင်းဆေးဆရာကြီးက သူ့ကိုနေ့စဉ်ကြွက်နားရွက်မှိုကို စားခိုင်းပါတယ်။

ဘာဟင်းချက်ချက် ကြွက်နားရွက်မှိုသုံးလေးခုလောက် ထည့်ချက်ပြီး စားခိုင်းတော့ သူလည်းမပျက်မကွက် စားပါတယ်

ဒီလိုနဲ့ ၃ပတ်အကြာ ဆရာဝန်ဆီပြန်ပြတော့ သူ့ရဲ့ပိတ်နေတဲ့ နှလုံးသွေးကြော ၃ချောင်းလုံးဟာ လုံးဝပြန်ပွင့်သွားတာကိုတွေ့ရပါတယ်။

ဆရာဝန်ကမယုံလို့ အကြိမ်ကြိမ်ပြန်စစ်ပေမဲ့ အံ့သြစွာကောင်းလောက်အောင်ပင် သွေးကြောတွေ ရှင်းလင်းကောင်းမွန်နေတာ တွေ့ရတော့ ခင်ဗျားဘယ်လိုများ လုပ်လိုက်တာလဲဗျာလို့ကို မေးယူရပါတယ်။

ဟုတ်ကဲ့၊ ကျွန်တော်ဒီရက်ပိုင်းလေးအတွင်းမှာ ကြွက်နားရွက်မှိုကို နေ့စဉ်နဲနဲစီ စားခဲ့တာပါပဲဗျာလို့ သူကပြန်ပြောတော့ ဆရာဝန်ကသူ့ကို အကြိမ်ကြိမ် လက်ဆွဲနှုတ်ဆက်လိုက်ရပါတယ်။

နှလုံးသွေးကြောပိတ်ဆို့မှုကို အလွယ်တကူ ဖြေရှင်းပေးလိုက်တာကတော့ ကြွက်နားရွက်မှိုပဲဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အနည်အနှစ်တွေက်ိုကြွက်နားရွက်မှိုက လွယ်ကူစွာရှင်းလင်းပေးပါတယ်။

ဝက်သားကြိုက်တဲ့တရုတ်တွေအသက်ရှည်ကြတာဟာကြွက်နားရွက်မှိုစားလို့လည်းပါပါတယ်။ကျွန်တော်တို့မြန်မာတွေရှေးတုန်းကတည်းက အသက်ရှည်ခဲ့ကြတာလည်း ကြွက်နားရွက်မှိုစားခဲ့လို့ပါပဲ။မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ကြာဆံဟင်းခါးထဲမှာကြွက်နားရွက်မှိုထည့်စားကြပါတယ်။

အသက်ရလာပြီဆိုရင်သွေးကြောတွေထဲမှာအနည်တွေ ထိုင်လာပြီးသွေးကြောကျဉ်းလာကြတာ ချည်းပဲ။အဲဒီ့ရောဂါနဲ့ပဲသေကြရတာလည်းများပါတယ်။ကြွက်နားရွက်မှိုကအဲဒီပြဿနာကိုကောင်းကောင်းဖြေရှင်းပေးပါတယ်။ အိမ်မှာ လူကြီးမိဘတွေရှိရင်ကြွက်နားရွက်မှိုကိုကျွေးပါ။ အသက်ရှည်ပါလိမ့်မယ်။

ကိုယ်အလေးချိန်များလို့ အဆီချချင်သူတွေအတွက်လည်း ကြွက်နားရွက်မှိုကလက်နက်ကောင်းတစ်ခုပါပဲ။အမှန်တကယ်ကိုအဆီကျပါတယ်။ ဒါကြောင့်တစ်ပတ်ကိုတစ်ကြိမ်လောက်ကြာဆံဟင်းခါးချက်စားပေးရင်အများကြီးအကျိုးရှိပါတယ်။

ကြွက်နားရွက်မှိုကို စားတဲ့အခါမှာသေသေချာချာ ညက်အောင်ဝါးပေးဖို့တော့ လိုပါတယ်။ဒါမှသူ့အထဲကကောင်းတဲ့ဓာတ်တွေထွက်လာမှာဖြစ်တယ်။ အမြဲတန်းစားပေးရင်သွေးကြဲဆေးသောက်နေရသူတွေတောင်ဆေးသောက်ဖို့မလိုတော့အောင်ကောင်းနေပါလိမ့်မယ်။

သွွေးကြောလည်းရှင်းအဆီလည်း ကျဆိုတော့ကျန်းမာရေးလည်းကောင်း လူလည်းလှတာပေါ့။ ဘယ်လောက်ကောင်း လိုက်မလဲနော့်။

ချစ်ခင်လေးစားလျှက်…….

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …