တခုခုနာက်င္သလို ခံစားေနရလွ်င္ သံပုရာခြံကို သတိရပါ - YATHAZONE

တခုခုနာက်င္သလို ခံစားေနရလွ်င္ သံပုရာခြံကို သတိရပါ

တခုခုနာက်င္သလို ခံစားေနရလွ်င္ သံပုရာခြံကို သတိရပါ
Health

တခုခုနာက်င္သလို ခံစားေနရလွ်င္ သံပုရာခြံကို သတိရပါ

နာက်င္ျခင္းေတြ အတြက္ သံပုရာခြံ

ေလးဖက္နာ၊ အ႐ိုးအဆစ္ ေရာင္ရမ္းနာ၊ ဒူလာ ေခၚ ေဂါက္ေရာဂါ၊ အ႐ြတ္အေၾကာနာ စတဲ့ ေဝဒနာေတြကို ခံစားရလို႔ ေနရထိုင္ရ ကသိကေအာက္ ျဖစ္ရသူေတြအတြက္ သက္သာေစမယ့္ သတင္းေကာင္းတစ္ခုကေတာ့ သံပုရာခြံ ရွိဖို႔ပဲ လိုပါတယ္။

သံပုရာ ဆိုတာ ဗစ္တာမင္ စီ ႂကြယ္ဝတဲ့ပစၥည္းျဖစ္ၿပီး ေန႔စဥ္ ခႏၶာကိယ္အတြက္ ဗစ္တာမင္စီ လိုအပ္ခ်က္က ၃၁ ရာခိုင္ႏႈန္း ရွိပါတယ္။

ဗီတာမင္စီရဲ႕ ဂုဏ္သတၱိေတြက ေျပာမဆုံးေအာင္ မ်ားလွသလို သံပုရာသီး၊ သံပုရာခြံရဲ႕ ေဆးဖက္ဝင္အစြမ္းေတြကလဲ သုံးမကုန္ေအာင္ က်ယ္ျပန႔္လွပါတယ္။ အဲ့ဒီထဲကမွ အ႐ိုးအဆစ္ နာက်င္မႈေတြကို သံပုရာခြံက သက္သာေအာင္ ထိေရာက္ စြမ္းေဆာင္ေပးႏိုင္ပုံကို က်ေနာ္တို႔ က်န္းမာေရးသတင္းမ်ား ေပ့ခ္်ကေန မွ်ေဝတင္ျပလိုက္ပါတယ္။

လိုအပ္တဲ့ပစၥည္းေတြကေတာ့

သံပုရာသီး ၄ လုံးနဲ႔ သံလြင္ဆီတို႔ပါပဲ။ တျခားပစၥည္းေတြကေတာ့ ပလတ္စတစ္အိတ္၊ ဖန္ဘူး သို႔မဟုတ္ ဖန္ပုလင္းတလုံး၊ ေဂါ့ဇ္စ ေခၚ ပတ္တီးအက်ဲစ၊ သိုးေမြးတဘက္ တို႔ပါပဲ။

ေဆးကိုျပင္ဆင္ရမယ့္နည္းလမ္းကေတာ့

သံပုရာခြံေတြကို ဖန္ဘူးထဲထည့္ၿပီး သံလြင္ဆီကို ဖန္ဘူးထိပ္အထိ ထည့္ေပးရပါမယ္။ ၿပီးရင္ေတာ့ ဖန္ဘူးကို ပိတ္ၿပီး ၂ ပတ္ေလာက္ ထားရမွာပါ။ အဲလိုထားၿပီးရင္ ေဆးအဆီ ရလာပါၿပီ။

အဲဒီေဆးအဆီကို ပတ္တီးစမွာ စိမ္ ဆြတ္လိုက္ၿပီး နာတဲ့ အ႐ိုး၊ အဆစ္ေပၚမွာ လိမ္းပါ။ အဲဒီ ေဆးစိုေနတဲ့ ပတ္တီးစကိုပါ နာတဲ့ေနရာေပၚမွာ တင္ထားလိုက္ၿပီး ပတ္တီးစေပၚကေန ပလတ္စတစ္အိတ္ ထပ္ပတ္လိုက္ပါ။

ၿပီးရင္ အဲ့ဒီအေပၚကမွ သိုးေမြးတဘက္ ထပ္ပတ္ေပးရမွာပါ။ နည္းကေတာ့ အဲဒါပါပဲ။ လြယ္ပါတယ္ေနာ္။ အဲလိုလုပ္ေပးရင္ ညဖက္လုပ္ မနက္ဆို ေပ်ာက္ေရာ ဆိုပဲ။ ႏွစ္ရွည္ခံစားရသူေတြကေတာ့ ခ်က္ခ်င္း မေပ်ာက္ေတာင္ သက္သာသြားမွာေတာ့ အေသအခ်ာပါပဲ။

တခ်ိဳ႕ကေတာ့ ေဆးဖက္ဝင္ အစြမ္းစုံတဲ့ သံပုရာခြံကို ေဆးျဖစ္ဝါးျဖစ္ေရာ ႀကိဳက္ႏွစ္သက္လို႔ေရာ စားတတ္ၾကပါတယ္။

သံပုရာခြံက ဗစ္တာမင္စီ ျပည့္ဝလြန္းတာေၾကာင့္ တုပ္ေကြး၊ လည္ေခ်ာင္းနာ၊ သာမန္ အေအးမိတာမ်ိဳးလို ကူးစက္ေရာဂါေတြကို ကာကြယ္ေပးႏိုင္ၿပီး ဝမ္းပုံမွန္ သြားေစတဲ့ ဖိုက္ဘာဓာတ္ကိုလဲ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။

သံပုရာခြံမွာပါတဲ့ ပိုလီဖွီေနာ ဖွေလဗာႏြိဳက္ ဆိုတဲ့ဓာတ္က ကိုလက္ စထေရာကို ေလွ်ာ့ခ်ေပးၿပီး ေသြးဖိအားပမာဏကို ထိန္းသိမ္းေပးႏိုင္တဲ့ ပိုတက္စီယမ္လဲ ပါဝင္ပါတယ္။

ဒါ့အျပင္ ခႏၶာကိုယ္ကေန ကာဘိုဟိုက္ဒရိတ္ ပိုလွ်ံပမာဏကို စုပ္ယူျခင္းကေန တားဆီးေပးႏိုင္တဲ့ ပက္တင္ ဆိုတဲ့ ဓာတ္လဲ ပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ အေထာက္အကူ ျပဳေနျပန္ပါေရာ။ ဒါေၾကာင့္ ပ်ားသံပုရာ ဆိုၿပီး အခြံပါ ထည့္ရတာ ျဖစ္ပါလိမ့္မယ္။

သံပုရာခြံမွာပါတဲ့ ခရစ္တစ္အက္ဆစ္နဲ႔ ဗစ္တာမင္စီေၾကာင့္ အေရျပားေပၚက အမည္းစက္ေတြနဲ႔ အိုမင္းရႈံ႕တြမႈကိုျဖစ္ေစတဲ့ ဖရီးရက္ဒီကယ္ေတြကို တားဆီးရာမွာ အလြန္အမင္းကို အစြမ္းထက္ ထိေရာက္လွတာေၾကာင့္ အေရျပားရဲ႕ အရည္အေသြးကို ထိန္းသိမ္းေပးႏိုင္ပါတယ္။

ကဲ- က်န္းမာေရးနဲ႔အလွအပအတြက္ သံပုရာသီးေရာ သံပုရာခြံပါ လိမ္းရာ၊ စားသုံးရာမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ အစြမ္းထက္တယ္ ဆိုတာ အခုသိသြားၿပီဆိုမွေတာ့ ေနာက္က်တယ္ဆိုတာ မရွိေတာ့ပါဘူးေလ။

ေစာႏြဲ႕ေနဆိုင္(ပူတာအို)

Unicode

တခုခုနာကျင်သလို ခံစားနေရလျှင် သံပုရာခွံကို သတိရပါ

နာကျင်ခြင်းတွေ အတွက် သံပုရာခွံ

လေးဖက်နာ၊ အရိုးအဆစ် ရောင်ရမ်းနာ၊ ဒူလာ ခေါ် ဂေါက်ရောဂါ၊ အရွတ်အကြောနာ စတဲ့ ဝေဒနာတွေကို ခံစားရလို့ နေရထိုင်ရ ကသိကအောက် ဖြစ်ရသူတွေအတွက် သက်သာစေမယ့် သတင်းကောင်းတစ်ခုကတော့ သံပုရာခွံ ရှိဖို့ပဲ လိုပါတယ်။

သံပုရာ ဆိုတာ ဗစ်တာမင် စီ ကြွယ်ဝတဲ့ပစ္စည်းဖြစ်ပြီး နေ့စဉ် ခန္ဓာကိယ်အတွက် ဗစ်တာမင်စီ လိုအပ်ချက်က ၃၁ ရာခိုင်နှုန်း ရှိပါတယ်။

ဗီတာမင်စီရဲ့ ဂုဏ်သတ္တိတွေက ပြောမဆုံးအောင် များလှသလို သံပုရာသီး၊ သံပုရာခွံရဲ့ ဆေးဖက်ဝင်အစွမ်းတွေကလဲ သုံးမကုန်အောင် ကျယ်ပြန့်လှပါတယ်။ အဲ့ဒီထဲကမှ အရိုးအဆစ် နာကျင်မှုတွေကို သံပုရာခွံက သက်သာအောင် ထိရောက် စွမ်းဆောင်ပေးနိုင်ပုံကို ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ မျှဝေတင်ပြလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

သံပုရာသီး ၄ လုံးနဲ့ သံလွင်ဆီတို့ပါပဲ။ တခြားပစ္စည်းတွေကတော့ ပလတ်စတစ်အိတ်၊ ဖန်ဘူး သို့မဟုတ် ဖန်ပုလင်းတလုံး၊ ဂေါ့ဇ်စ ခေါ် ပတ်တီးအကျဲစ၊ သိုးမွေးတဘက် တို့ပါပဲ။

ဆေးကိုပြင်ဆင်ရမယ့်နည်းလမ်းကတော့

သံပုရာခွံတွေကို ဖန်ဘူးထဲထည့်ပြီး သံလွင်ဆီကို ဖန်ဘူးထိပ်အထိ ထည့်ပေးရပါမယ်။ ပြီးရင်တော့ ဖန်ဘူးကို ပိတ်ပြီး ၂ ပတ်လောက် ထားရမှာပါ။ အဲလိုထားပြီးရင် ဆေးအဆီ ရလာပါပြီ။

အဲဒီဆေးအဆီကို ပတ်တီးစမှာ စိမ် ဆွတ်လိုက်ပြီး နာတဲ့ အရိုး၊ အဆစ်ပေါ်မှာ လိမ်းပါ။ အဲဒီ ဆေးစိုနေတဲ့ ပတ်တီးစကိုပါ နာတဲ့နေရာပေါ်မှာ တင်ထားလိုက်ပြီး ပတ်တီးစပေါ်ကနေ ပလတ်စတစ်အိတ် ထပ်ပတ်လိုက်ပါ။

ပြီးရင် အဲ့ဒီအပေါ်ကမှ သိုးမွေးတဘက် ထပ်ပတ်ပေးရမှာပါ။ နည်းကတော့ အဲဒါပါပဲ။ လွယ်ပါတယ်နော်။ အဲလိုလုပ်ပေးရင် ညဖက်လုပ် မနက်ဆို ပျောက်ရော ဆိုပဲ။ နှစ်ရှည်ခံစားရသူတွေကတော့ ချက်ချင်း မပျောက်တောင် သက်သာသွားမှာတော့ အသေအချာပါပဲ။

တချို့ကတော့ ဆေးဖက်ဝင် အစွမ်းစုံတဲ့ သံပုရာခွံကို ဆေးဖြစ်ဝါးဖြစ်ရော ကြိုက်နှစ်သက်လို့ရော စားတတ်ကြပါတယ်။

သံပုရာခွံက ဗစ်တာမင်စီ ပြည့်ဝလွန်းတာကြောင့် တုပ်ကွေး၊ လည်ချောင်းနာ၊ သာမန် အအေးမိတာမျိုးလို ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ဝမ်းပုံမှန် သွားစေတဲ့ ဖိုက်ဘာဓာတ်ကိုလဲ လှုံ့ဆော်ပေးနိုင်ပါတယ်။

သံပုရာခွံမှာပါတဲ့ ပိုလီဖှီနော ဖှလေဗာနွိုက် ဆိုတဲ့ဓာတ်က ကိုလက် စထရောကို လျှော့ချပေးပြီး သွေးဖိအားပမာဏကို ထိန်းသိမ်းပေးနိုင်တဲ့ ပိုတက်စီယမ်လဲ ပါဝင်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ကနေ ကာဘိုဟိုက်ဒရိတ် ပိုလျှံပမာဏကို စုပ်ယူခြင်းကနေ တားဆီးပေးနိုင်တဲ့ ပက်တင် ဆိုတဲ့ ဓာတ်လဲ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ပြုနေပြန်ပါရော။ ဒါကြောင့် ပျားသံပုရာ ဆိုပြီး အခွံပါ ထည့်ရတာ ဖြစ်ပါလိမ့်မယ်။

သံပုရာခွံမှာပါတဲ့ ခရစ်တစ်အက်ဆစ်နဲ့ ဗစ်တာမင်စီကြောင့် အရေပြားပေါ်က အမည်းစက်တွေနဲ့ အိုမင်းရှုံ့တွမှုကိုဖြစ်စေတဲ့ ဖရီးရက်ဒီကယ်တွေကို တားဆီးရာမှာ အလွန်အမင်းကို အစွမ်းထက် ထိရောက်လှတာကြောင့် အရေပြားရဲ့ အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ကဲ- ကျန်းမာရေးနဲ့အလှအပအတွက် သံပုရာသီးရော သံပုရာခွံပါ လိမ်းရာ၊ စားသုံးရာမှာ ပုံစံအမျိုးမျိုးနဲ့ အစွမ်းထက်တယ် ဆိုတာ အခုသိသွားပြီဆိုမှတော့ နောက်ကျတယ်ဆိုတာ မရှိတော့ပါဘူးလေ။

စောနွဲ့နေဆိုင်(ပူတာအို)

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …