* ကုသိုလ္ေလးေတာ့ … သံသရာပါသြားေစခ်င္ * - YATHAZONE

* ကုသိုလ္ေလးေတာ့ … သံသရာပါသြားေစခ်င္ *

* ကုသိုလ္ေလးေတာ့ … သံသရာပါသြားေစခ်င္ *
ဘာသာေရး

* ကုသိုလ္ေလးေတာ့ … သံသရာပါသြားေစခ်င္ *

ေ႐ႊလက္ေကာက္ တစ္ေတာင္ဆစ္အထိ ဝတ္ထားၿပီး

ပါးစပ္က ကြမ္းတံေတြး တဗ်စ္ဗ်စ္ျဖင့္ ဇလုံႀကီးထဲက ငါးမ်ားကို ဓါးမျဖင့္ ခုတ္ေနေသာ ငါးသည္မ ေရွ႕သို႔အသက္ ၆၀ အ႐ြယ္ သီလရွင္ႀကီး တစ္ပါး ဆြမ္းဆန္ သြားရပ္သည္။

ငါးသည္မ က သူ႔ေရွ႕နားေလးက ငါးဆယ္တန္ တစ္႐ြက္ကို ယူ၍ ခဏခဏလာရပ္ရန္ေကာ ဟူေသာ မ်က္ႏွာေဘးျဖင့္ ေစာင့္ေအာင့္၍ ဆရာႀကီး ၏ ဆြမ္းဆန္ ေမာင္းေထာင္ခြက္ထဲ အားျဖင့္ထည့္လိုက္ရာ လက္ကအရွိန္မထိန္းႏိုင္ေတာ့ သျဖင့္ ေမာင္းေထာင္ခြက္ကို ပုတ္ခ်သလို ျဖစ္သြားေလသည္

ဆရာႀကီး ရပ္လာေသာ ဆြမ္းဆန္မ်ားႏွင့္ တစ္ရာတန္ ငါးဆယ္တန္ေလးတို႔သည္ ေျမေပၚ ျပန႔္ႀကဲသြားခိုက္ ‘

ခဏခဏ လာၾကတယ္ ေဈးကိုေကာင္းေကာင္း မေရာင္းရဘူး အားတိုင္း သကၤန္းဝတ္ အခုေတာ့ ဆိုင္ေရွ႕လာ ရႈပ္ဒုကၡေတြ ေပးလိုက္တာ ” ငါးသည္မ၏ ဆိုး႐ြားစြာ ေအာ္ဟစ္သံ ထြက္လာသည္။

ဆရာႀကီးကေတာ့ မ်က္ႏွာတြင္ ပကတိ ျဖဴစင္လ်က္

ဤ ေအာ္ဟစ္သံတို႔ ၾကားမွ သူ႔အား ေလာင္းလႉလိုက္ေသာ အေႂကြေလးမ်ားအား ေကာက္ယူ၍ သာဓု သာဓု သာဓု လို႔ ေခၚ၍ လွည့္ထြက္ သြားေလေတာ့သည္ ။

ေနာက္ သုံးႏွစ္ေလာက္ၾကာေတာ့ အဲဒီငါးသည္မကို ေဆး႐ုံအေရးေပၚဌာနမွာ ပါးစပ္မွ ေသြးမ်ားအန္၍

တြန႔္လိမ္ကာ လူတစ္ကိုယ္လုံး ဖ်တ္ဖ်တ္လူး၍ ကယ္ပါ ကယ္ပါ ေအာ္ဟစ္၍ ေဝဒနာ ျပင္းထန္ေနသည္ကို


အမွတ္မထင္ ေတြ႕ခဲ့ရသည္ ။ ေသေတာ့မည့္ လူနာ အျဖစ္ေပါ့ ။

ဆရာႀကီးကိုေတာ့ ရိပ္သာ တစ္ခုမွာ ဆုံျဖစ္ခဲ့ ျပန္သည္ ။ အဲတုန္းက အျဖစ္ကို ဘယ္လိုစိတ္နဲ႔ ေက်ာ္ျဖတ္ခဲ့သလဲ ေမးမိရာ … သားေရ အေမက သတၱဝါေတြကို အၿမဲ ေမတၱာပို႔တယ္ ။

အကုသိုလ္နဲ႔ အသက္ေမြးတဲ့ လူမ်ားဆို ဆြမ္းဆန္ မၾကာခဏ သြားရပ္ေပးတယ္ ရလာတဲ့ လႉဖြယ္ေတြကို သံဃာေတြကို ဆြမ္း ျပန္ကပ္ေလာင္းလႉေပးတယ္ သားဘာလို႔ အကုသိုလ္အလုပ္နဲ႔ အသက္ေမြးေနသူေတြကိုမွ သြားဆြမ္းရပ္ရတာလဲ ေမးခဲ့လ်င္…

သူတို႔ကို ဘုရားသာသနာႏွင့္ ႀကဳံတုန္း သီလ သမာဓိနဲ႔ ျပည့္စုံတဲ့ ပုဂၢိဳလ္ကို လႉခဲ့ဖူးတဲ့ ကုသိုလ္ေလးေတာ့

သံသရာ ပါသြားေစခ်င္လို႔ပါ သားရယ္တဲ့ ။ ဒီစကားေတြၾကားေတာ့ ေက်ာခ်မ္းသြားသည္ ။ ဒါေၾကာင့္ေလ အလႉခံ ပုဂၢိဳလ္ဆိုတာ သူရလိုလို႔လား ကိုယ့္ကိုရေစခ်င္လို႔ အလႈလာခံသလား မိမိတို႔ စဥ္းစားၾကပါကုန္။

Credit to အညတရလူသား

Unicode

* ကုသိုလ်လေးတော့ … သံသရာပါသွားစေချင် *

ရွှေလက်ကောက် တစ်တောင်ဆစ်အထိ ဝတ်ထားပြီး

ပါးစပ်က ကွမ်းတံတွေး တဗျစ်ဗျစ်ဖြင့် ဇလုံကြီးထဲက ငါးများကို ဓါးမဖြင့် ခုတ်နေသော ငါးသည်မ ရှေ့သို့အသက် ၆၀ အရွယ် သီလရှင်ကြီး တစ်ပါး ဆွမ်းဆန် သွားရပ်သည်။

ငါးသည်မ က သူ့ရှေ့နားလေးက ငါးဆယ်တန် တစ်ရွက်ကို ယူ၍ ခဏခဏလာရပ်ရန်ကော ဟူသော မျက်နှာဘေးဖြင့် စောင့်အောင့်၍ ဆရာကြီး ၏ ဆွမ်းဆန် မောင်းထောင်ခွက်ထဲ အားဖြင့်ထည့်လိုက်ရာ လက်ကအရှိန်မထိန်းနိုင်တော့ သဖြင့် မောင်းထောင်ခွက်ကို ပုတ်ချသလို ဖြစ်သွားလေသည်

ဆရာကြီး ရပ်လာသော ဆွမ်းဆန်များနှင့် တစ်ရာတန် ငါးဆယ်တန်လေးတို့သည် မြေပေါ် ပြန့်ကြဲသွားခိုက် ‘

ခဏခဏ လာကြတယ် ဈေးကိုကောင်းကောင်း မရောင်းရဘူး အားတိုင်း သင်္ကန်းဝတ် အခုတော့ ဆိုင်ရှေ့လာ ရှုပ်ဒုက္ခတွေ ပေးလိုက်တာ ” ငါးသည်မ၏ ဆိုးရွားစွာ အော်ဟစ်သံ ထွက်လာသည်။

ဆရာကြီးကတော့ မျက်နှာတွင် ပကတိ ဖြူစင်လျက်

ဤ အော်ဟစ်သံတို့ ကြားမှ သူ့အား လောင်းလှူလိုက်သော အကြွေလေးများအား ကောက်ယူ၍ သာဓု သာဓု သာဓု လို့ ခေါ်၍ လှည့်ထွက် သွားလေတော့သည် ။

နောက် သုံးနှစ်လောက်ကြာတော့ အဲဒီငါးသည်မကို ဆေးရုံအရေးပေါ်ဌာနမှာ ပါးစပ်မှ သွေးများအန်၍

တွန့်လိမ်ကာ လူတစ်ကိုယ်လုံး ဖျတ်ဖျတ်လူး၍ ကယ်ပါ ကယ်ပါ အော်ဟစ်၍ ဝေဒနာ ပြင်းထန်နေသည်ကို
အမှတ်မထင် တွေ့ခဲ့ရသည် ။ သေတော့မည့် လူနာ အဖြစ်ပေါ့ ။

ဆရာကြီးကိုတော့ ရိပ်သာ တစ်ခုမှာ ဆုံဖြစ်ခဲ့ ပြန်သည် ။ အဲတုန်းက အဖြစ်ကို ဘယ်လိုစိတ်နဲ့ ကျော်ဖြတ်ခဲ့သလဲ မေးမိရာ … သားရေ အမေက သတ္တဝါတွေကို အမြဲ မေတ္တာပို့တယ် ။

အကုသိုလ်နဲ့ အသက်မွေးတဲ့ လူများဆို ဆွမ်းဆန် မကြာခဏ သွားရပ်ပေးတယ် ရလာတဲ့ လှူဖွယ်တွေကို သံဃာတွေကို ဆွမ်း ပြန်ကပ်လောင်းလှူပေးတယ် သားဘာလို့ အကုသိုလ်အလုပ်နဲ့ အသက်မွေးနေသူတွေကိုမှ သွားဆွမ်းရပ်ရတာလဲ မေးခဲ့လျင်…

သူတို့ကို ဘုရားသာသနာနှင့် ကြုံတုန်း သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို လှူခဲ့ဖူးတဲ့ ကုသိုလ်လေးတော့

သံသရာ ပါသွားစေချင်လို့ပါ သားရယ်တဲ့ ။ ဒီစကားတွေကြားတော့ ကျောချမ်းသွားသည် ။ ဒါကြောင့်လေ အလှူခံ ပုဂ္ဂိုလ်ဆိုတာ သူရလိုလို့လား ကိုယ့်ကိုရစေချင်လို့ အလှုလာခံသလား မိမိတို့ စဉ်းစားကြပါကုန်။

Credit to အညတရလူသား

No Comments

Leave a Reply

Your email address will not be published.

“ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုးကျေးဇူးများ”
Religious
“ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုးကျေးဇူးများ”

“ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုးကျေးဇူးများ” နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော်(၉)ပါးကို ပွားများရတယ်။ အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ်။ အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့ ဘုရားရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေလည်း တဖြည်းဖြည်းကူးလာတယ် ဘုန်းဘုန်းတို့ နှစ်သစ်အချိန်အခါက ကာလ တစ်နှစ်ပြောင်းသွားတော့ သိပ္ပံနည်းအရ နေက ဟိုးဒက္ခိဏ အရပ်ကနေ တဖြည်းဖြည်း ရပ်ပြီးတော့ ဒီဘက်ပြန်ပြောင်းလာတာကို နှစ်သစ်လို့ခေါ်တာပေါ့။ ကမ္ဘာကြီးက နေကို ပတ်လှည့်နေတာ။ အဲဒီလိုအချိန်အခါမျိုးမှာ ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သစ်ပင်တောတောင် ရေမြေတွေလည်း ဥတုအလိုက် နေရဲ့အပူရှိန်နဲ့လိုက်ပြီးတော့ ပြောင်းကြတယ်။ အဲဒီလိုပြောင်းသလို သက်ရှိသတ္တဝါတွေက ဘာပြောင်းရလဲဆိုတော့ အကောင်းဆုံးက နှစ်သစ်မှာဘုရားဂုဏ်တော် ပုတီးစိပ် မေတ္တာပွားတာ …

နံနက်ခင်း အိပ်ယာထပြီးနောက် မျက်နှာသစ်တိုင်း နေ့စဉ် ရွတ်ဖတ် ရမည့် မျက်နှာသစ်ရာ ရွတ်ကြပါ
Religious
နံနက်ခင်း အိပ်ယာထပြီးနောက် မျက်နှာသစ်တိုင်း နေ့စဉ် ရွတ်ဖတ် ရမည့် မျက်နှာသစ်ရာ ရွတ်ကြပါ

နံနက်ခင်း အိပ်ယာထပြီးနောက် မျက်နှာသစ်တိုင်း နေ့စဉ် ရွတ်ဖတ် ရမည့် မျက်နှာသစ်ရာ ရွတ်ကြပါ မျက်နှာ သစ်ရာ ရွတ်ကြပါ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္မိ သံဃံသရဏံ ဂစ္ဆာမိ တတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ၊ သရဏဂုံတင် ပြီးပါက မိမိချစ်သူခင်သူ များကို မေတ္တာပို့ပါ။ ကျွန်ုပ်အား မွေးထုတ်ပေး …

လူတိုင္းမွာ ကိုယ့္ကိုေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ရွိပါတယ္။ မိမိကို ဘယ္ပုဂၢိဳလ္ေစာင့္ေရွာက္ေနသလဲ သိခ်င္ရင္ တြက္ၾကည့္ပါ
ဘာသာေရး
လူတိုင္းမွာ ကိုယ့္ကိုေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ရွိပါတယ္။ မိမိကို ဘယ္ပုဂၢိဳလ္ေစာင့္ေရွာက္ေနသလဲ သိခ်င္ရင္ တြက္ၾကည့္ပါ

လူတိုင္းမွာ ကိုယ့္ကိုေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ရွိပါတယ္။ မိမိကို ဘယ္ပုဂၢိဳလ္ေစာင့္ေရွာက္ေနသလဲ သိခ်င္ရင္ တြက္ၾကည့္ပါ လူတိုင္းစိတ္ဝင္စားဆုံးတစ္ခု႔ ရွိပါတယ္။ အေရးႀကဳံရင္ အားကိုး ရွာစၿမဲပါ။ တခါတရံ အလြန္အမင္း သတၱိရွိပါတယ္ဆိုတဲ့သူေတြေတာင္ အခက္အခဲ အက်ပ္အတည္း ႀကဳံေတြ႕လာရင္ အားငယ္ေၾကာက္စိတ္ေတြ ဝင္လာတက္ပါတယ္။ အဲ့လို အခ်ိန္အခါ မ်ိဴးမွာ အားက္ုးရွာတက္ပါတယ္။ ဘုရား တရား သံဃာ မိဘ ဆရာ အနေႏၲာ အနႏၲ ငါးပါးအား တိုင္တည္တက္သိမွတ္သမွ် ဂါထာေတြ႐ြတ္ေပါ့။ ဒါနဲ႔ အားမရဘူး ဆိုပါေတာ့၊ မိမိအားေစာင့္ေရွာက္ ေနေသာ ပုဂၢိဳလ္ရွိတာပဲ၊ ဘာအေရးလဲ၊ ဘာ ေၾကာက္ရမလဲ။ မိမိအေစာင့္က ဖယ္ရွားပစ္လိမ့္မယ္။ ဒီအခ်က္ကို ႀကိဳတင္သိၿပီး ကိုးကြယ္ခ်င္မွာပဲ။ မိမိအားေစာင့္ေသာ ပုဂၢိဳလ္ …