ခန္ဓာကိုယ်မှ အနံ့အသက်များကို ပျောက်ကင်းစေသော နည်းလမ်းများ - YATHAZONE


Health














Crd; original uploader

Unicode

ခန္ဓာကိုယ်မှ အနံ့အသက်များကို ပျောက်ကင်းစေသော နည်းလမ်းများ

ခန္ဓာကိုယ်က အနံ့ထွက်ခြင်းက လူမှု ဆက်ဆံရေးကို ထိခိုက်စေနိုင်တာ အားလုံးအသိပါပဲ။ ကိုယ်က ခန္ဓာကိုယ်က နေအနံ့ထွက်တတ်တဲ့ သူဆိုရင်တော့ အခုပြောပြပေးမယ့်နည်းလမ်းလေးတွေနှင့် ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။လွယ်ကူသက်သာတဲ့ အိမ်တွင်းနည်းလမ်းလေးတွေ ဖြစ်တာမို့ ဆက်လက်ပြီးတော့ ဖတ်ရှုလိုက်ကြပါဦးနော်။

ခြေထောက်အနံ့ဆိုးထွက်ခြင်း

တစ်နေကုန် သွားလာလှုပ်ရှားထားရတဲ့သူတွေအနေနှင့် ခြေထောက်အနံ့ဆိုးထွက်တတ်တာ သဘာဝပါပဲ။ရှာလကာရည်ဟာ သဘာဝအတိုင်း အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားများနှင့် မှိုများကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိတာပဲဖြစ်ပါတယ်။

ရှာလကာရည်မှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် အနံ့ဆိုးများကို ပျောက်ကင်းစေနိုင်တာပါ။ ရှာလကာရည် တစ်ဆ၊ ရေနှစ်ဆ တို့ကို ဖလားတစ်ဖလားထဲကို ရောထည့်ပါ။ထိုအရောအနှောအရည်ထဲမှာ ခြေထောက်စိမ်ပေးရမှာပဲဖြစ်ပါတယ်။

သံလွင်ဆီ အနည်းငယ်ကို ထည့်ပေးနိုင်ပြီး ရှာလကာရည်ထဲမှာ မိနစ်၂၀လောက်အထိ စိမ်ပေးနိုင်ပါတယ်။ညစဉ်ညတိုင်း ပုံမှန်အတိုင်း လုပ်ပေးရုံနှင့် တစ်ပတ်အကြာမှာ ခြေထောက်အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

ခန္ဓာကိုယ် အနံ့ဆိုးပျောက်စေဖို့

ခန္ဓာကိုယ် အနံ့ဆိုးပျောက်စေဖို့နှင့် အသားအရည် လှပစေဖို့အတွက် အသုံးဝင်တဲ့ နည်းလမ်းလေးတစ်ခုလည်း ရှိပါသေးတယ်။အဲ့ဒါကတော့ ကော်ဖီနှင့် ချေးချွတ်ခြင်းနည်းလမ်းပါပဲ။တစ်ပတ်တစ်ခါလောက် ရေမချိုးခင်မှာ ကော်ဖီနှင့် ချေးချွတ်ပေးနိုင်ပြီး အနံ့ဆိုးများကို ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။

လုပ်ဆောင်နည်းကတော့ ကော်ဖီမှုန့် နှင့် အုန်းဆီဒါမှမဟုတ် သံလွင်ဆီတစ်ဇွန်းတို့ကို ရောနှောပြီး ခန္ဓာကိုယ် အနှံ့မှာ စက်ဝိုင်း ပုံစံ လိုက်လံပွတ်တိုက်ပေးရမှာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်က အနံ့ဆိုးထွက်စေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့ သံပုရာရည်

ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်များလွန်းနေရင်လည်း အနံ့ဆိုးတွေ ထွက်စေနိုင်ပါတယ်။ရေနွေးတစ်ခွက်ထဲကိုသံပုရာသီးအစိတ်ငယ်မျာ လှီးပေးပြီး စိမ်သောက်ပေးရမှာဖြစ်ပါတယ်။ပုံမှန်သောက်ပေးခြင်းအားဖြင့် အသားအရေကို ပါကြည်လင်လှပစေနိုင်တာပဲဖြစ်ပါတယ်။

အရက်ပြန်ဖြန်းပေးခြင်း

အများစုသော ခန္ဓာကိုယ် အနံ့ထွက်ခြင်းက ခန္ဓာကိုယ်မှာ ရှိတဲ့ အနံ့ဆိုးများကြောင့် ဖြစ်ရတာပါ။ဒါကြောင် အရက်ပြန်နှင့် ရေနှင့် ဆတူ ရောစပ်ထားတဲ့ အရည်ကို ခန္ဓာကိုယ်နေရာအနှံ့ ပက်ဖြန်းပေးခြင်းဖြင့်လည်း အနံ့ဆိုးများကို ကာကွယ်ထားနိုင်ပါတယ်။

Crd; original uploader

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …