အလွစိုက္ပင္လိုေရာ ေဆးပင္လိုေရာ အသုံးဝင္တဲ့ ျမန္မာ့ေဆးဖက္ဝင္ ဆယ့္ႏွစ္ရာသီပင္ - YATHAZONE

အလွစိုက္ပင္လိုေရာ ေဆးပင္လိုေရာ အသုံးဝင္တဲ့ ျမန္မာ့ေဆးဖက္ဝင္ ဆယ့္ႏွစ္ရာသီပင္

အလွစိုက္ပင္လိုေရာ ေဆးပင္လိုေရာ အသုံးဝင္တဲ့ ျမန္မာ့ေဆးဖက္ဝင္ ဆယ့္ႏွစ္ရာသီပင္
Knowledge

အလွစိုက္ပင္လိုေရာ ေဆးပင္လိုေရာ အသုံးဝင္တဲ့ ျမန္မာ့ေဆးဖက္ဝင္ ဆယ့္ႏွစ္ရာသီပင္

Item Name ——– Exile Oleander ,Yellow Oleander(ဆယ့္ႏွစ္ရာသီ)

Category ———– Raw Material

Botany Term ——- Impatiens balsamina

Species Family —– Apocynaceae

ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ ေပါက္ေရာက္သည္။ သဘာဝအေလ်ာက္ ေပါက္ေရာက္သည္။

အပင္

ပင္လတ္မ်ိဳး ျဖစ္၏ ။ ေပ ၂၀ ခန႔္ ထိျမင့္၏ ။ အေခါက္ထူသည္။ ကိုင္းျဖာသည္။ အေခါက္အညိဳေရာင္ ေပၚတြင္ အျဖဴကြက္မ်ားရွိ၏ ။

အ႐ြက္

အကိုင္းထိပ္ဘက္တြင္ စုၿပဳံ၍ ႐ြက္လႊဲထြက္သည္။ ႐ြက္ျပား က်ဥ္း ၍ ေသးသြယ္ၿပီး ႀကိဳးျပား ေသး ပုံရွိသည္။ ထိပ္ႏွင့္ အရင္းပိုင္း ခြၽန္သည္။ ႐ြက္ညႇာ အလြန္တိုသည္။ ႐ြက္ျပား ေျပာင္ေခ်ာၿပီး ႐ြက္လယ္ေၾကာ ထင္ရွား၍ ႐ြက္နားညီသည္။

အပြင့္

အဝါေရာင္ရွိ၍ ေခါင္းေလာင္းပုံ ျဖစ္သည္။ ဝတ္ဆံ မ်ား ပြင့္ခ်ပ္မ်ားတြင္ ကပ္ေန၏ ။ အေမြးႏု ကေလးမ်ားလည္း ရွိ၏ ။ ပြင့္ဖတ္ႁပြန္ပိုင္း စိမ္းဝါေရာင္ ရွိ၏။

အသီး

အခ်င္း ၁၁/၂ လက္မခန႔္ ရွိ၏ ။ အတြဲလိုက္ သီး၏ ။ေျပာင္ေခ်ာ ၍ ေတာက္ပၿပီး အစိမ္းေရာင္ ရွိသည္။ အလယ္တြင္ လုံးဝိုင္း ၍ ထိပ္ႏွစ္ဖက္သို႔ ခြၽန္သြယ္ သြားသည္။

အသုံးဝင္ပုံ

အပြင့္ ၊ အ႐ြက္ ၊ အျမစ္ ၊ အေခါက္ ။

အာနိသင္

ျမန္မာေဆးက်မ္းမ်ား အလိုအရ ဖန္ ၊ စပ္ ၊ ခါး ေသာအရသာ ရွိ၏ ။ ပူေသာသတၱိ ရွိ၏ ။ ေလကိုႏိုင္၏ ။ ယားနာ ၊ အေရျပားနာ ၊ အနာေပါက္ျခင္းတို႔ကို ေပ်ာက္ေစသည္။ မ်က္စိကို အက်ိဳးျပဳ၏ ။ အဖ်ားေရာဂါ ၊ ႏူနာ ၊ ျမင္းသ႐ိုက္နာတို႔ကို ႏိုင္၏။ ၎ခ်ည္း သက္သက္ စားသုံးလွ်င္ အဆိပ္ျဖစ္ေစ၏။

အပြင့္ ႏွင့္ အ႐ြက္အသုံးျပဳပုံ

၁ ။ အပြင့္ သို႔မဟုတ္ အ႐ြက္ကို ေရႏွင့္ နယ္ၿပီး ၎ေရကို သံလြင္ဆီႏွင့္ ဆီသက္သက္ က်န္ေအာင္ ခ်က္၍ ယားနာ ၊ အေရျပားနာမ်ားကို လိမ္းေပးက ေပ်ာက္ကင္း၏ ။

၂ ။ အ႐ြက္ကို ျပဳတ္၍ ႀကိတ္ၿပီး ဆီႏွင့္ ေရာလိမ္းပါက အဆစ္ အမ်က္ ကိုက္ခဲျခင္း ေပ်ာက္၏ ။

အျမစ္အသုံးျပဳပုံ

၁။ အျမစ္ကို ေသြး၍ မုန္ညင္းဆီႏွင့္ ေရာခ်က္လိမ္းလွ်င္ အေရျပားနာ ေပ်ာက္ေစ၏ ။

၂ ။ အျမစ္ကို ေရႏွင့္ ေသြးလိမ္းလွ်င္ ေပြးနာေပ်ာက္၏ ။

အေခါက္အသုံးျပဳပုံ

၁ ။ အဖ်ားက်ေဆးအျဖစ္ လည္းေကာင္း ၊ အပူေလာင္ျခင္းႏွင့္ ေပြး ၊ ယားနာမ်ားအတြက္ လည္းေကာင္း သုံး၏

ခရက္ဒစ္ ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

Unicode

အလှစိုက်ပင်လိုရော ဆေးပင်လိုရော အသုံးဝင်တဲ့ မြန်မာ့ဆေးဖက်ဝင် ဆယ့်နှစ်ရာသီပင်

Item Name ——– Exile Oleander ,Yellow Oleander(ဆယ့်နှစ်ရာသီ)

Category ———– Raw Material

Botany Term ——- Impatiens balsamina

Species Family —– Apocynaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အပင်

ပင်လတ်မျိုး ဖြစ်၏ ။ ပေ ၂၀ ခန့် ထိမြင့်၏ ။ အခေါက်ထူသည်။ ကိုင်းဖြာသည်။ အခေါက်အညိုရောင် ပေါ်တွင် အဖြူကွက်များရှိ၏ ။

အရွက်

အကိုင်းထိပ်ဘက်တွင် စုပြုံ၍ ရွက်လွှဲထွက်သည်။ ရွက်ပြား ကျဉ်း ၍ သေးသွယ်ပြီး ကြိုးပြား သေး ပုံရှိသည်။ ထိပ်နှင့် အရင်းပိုင်း ချွန်သည်။ ရွက်ညှာ အလွန်တိုသည်။ ရွက်ပြား ပြောင်ချောပြီး ရွက်လယ်ကြော ထင်ရှား၍ ရွက်နားညီသည်။

အပွင့်

အဝါရောင်ရှိ၍ ခေါင်းလောင်းပုံ ဖြစ်သည်။ ဝတ်ဆံ များ ပွင့်ချပ်များတွင် ကပ်နေ၏ ။ အမွေးနု ကလေးများလည်း ရှိ၏ ။ ပွင့်ဖတ်ပြွန်ပိုင်း စိမ်းဝါရောင် ရှိ၏။

အသီး

အချင်း ၁၁/၂ လက်မခန့် ရှိ၏ ။ အတွဲလိုက် သီး၏ ။ပြောင်ချော ၍ တောက်ပပြီး အစိမ်းရောင် ရှိသည်။ အလယ်တွင် လုံးဝိုင်း ၍ ထိပ်နှစ်ဖက်သို့ ချွန်သွယ် သွားသည်။

အသုံးဝင်ပုံ

အပွင့် ၊ အရွက် ၊ အမြစ် ၊ အခေါက် ။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ဖန် ၊ စပ် ၊ ခါး သောအရသာ ရှိ၏ ။ ပူသောသတ္တိ ရှိ၏ ။ လေကိုနိုင်၏ ။ ယားနာ ၊ အရေပြားနာ ၊ အနာပေါက်ခြင်းတို့ကို ပျောက်စေသည်။ မျက်စိကို အကျိုးပြု၏ ။ အဖျားရောဂါ ၊ နူနာ ၊ မြင်းသရိုက်နာတို့ကို နိုင်၏။ ၎င်းချည်း သက်သက် စားသုံးလျှင် အဆိပ်ဖြစ်စေ၏။

အပွင့် နှင့် အရွက်အသုံးပြုပုံ

၁ ။ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။

၂ ။ အရွက်ကို ပြုတ်၍ ကြိတ်ပြီး ဆီနှင့် ရောလိမ်းပါက အဆစ် အမျက် ကိုက်ခဲခြင်း ပျောက်၏ ။

အမြစ်အသုံးပြုပုံ

၁။ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။

၂ ။ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။

အခေါက်အသုံးပြုပုံ

၁ ။ အဖျားကျဆေးအဖြစ် လည်းကောင်း ၊ အပူလောင်ခြင်းနှင့် ပွေး ၊ ယားနာများအတွက် လည်းကောင်း သုံး၏

ခရက်ဒစ် မြန်မာ့ဆေးဖက်ဝင်အပင်များ

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …