ဆံပင်ကျွတ် ဆံပင်ပါးတာရပ်ပြီး ဆံပင်အုံထူစေမယ့် ကြက်ဥအစွမ်း - YATHAZONE
Health
Source, myinkwinzone
Unicode
ဆံပင်ကျွတ် ဆံပင်ပါးတာရပ်ပြီး ဆံပင်အုံထူစေမယ့် ကြက်ဥအစွမ်း
ဆံပင်တွေ ကျွတ်လို့ စိတ်ညစ်နေရသူတွေ ရှိတယ်ဆိုရင်တော့ ပိုက်ဆံလဲ အများကြီး ကုန်စရာ မလိုတဲ့နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်
ဆံပင်တွေ ကျွတ်၊ဆံပင်ပါးလာတာတွေကို တော့ ကြက်ဥ လေးကို သုံး ပြီး ဖြေရှင်းလို့ ရပါတယ်။
သဘာဝ နည်းလမ်းကိုတော့ ပုံမှန် သုံးပေးပါ။တစ်လ ၊နှစ်လ အတွင်းမှာပဲ ရ လဒ် ကောင်း ကို ခံစား ရမှာပါ။ အရမ်းကို လွယ်ပါတယ်။
ကြက်ဥ မှာတော့ ဆံပင် အတွက် အာဟာရ ဖြစ်စေတဲ့ ပရိုတင်းနဲ့ အာဟာရ ဓါတ် တွေ အများကြီး ပါရှိ ပါတယ်။ ဆံပင် ကို ကျန်းမာသန်စွမ်း စေတဲ့ အပြင် ဆံပင် ရှည်တာကို လည်းမြန်စေ ပါတယ်။
ကြက်ဥ မှာပါတဲ့ အာဟာရ ဓါတ် တွေ က ဦးရေ ပြားနဲ့ ဆံပင် အမြစ် တွေ အတွက် အရမ်း ကောင်းပါ တယ်။
ဒါကြောင့် ဆံပင်ကျွတ်တာ၊ဆံပင်ပါးတွေ၊ ဆံပင်ရှည် မြန်ချင်တာ .. ဆံပင်နဲ့ ပတ်သက်တာတွေ အတွက် ကြက်ဥကို သုံးလို့ရပါ တယ်။
ကြက်ဥ နဲ့ သံလွင်ဆီကြက်ဥ ကို သူတစ်ခု တည်းပဲ သုံးရင်လည်း ရပါတယ်။ ဒါပေမယ့် ပိုပြီး ထိ ရောက် အောင်လို့ အဆင် ပြေတယ်ဆိုရင် တော့ သံလွင်ဆီ နဲ့ တွဲ သုံး ပေးပါ။
နည်းက အရမ်းလွယ် ပါတယ်။ ကြက်ဥ ကို အနှစ်ဖယ်ပြီး အကာ ရည် တွေကို ယူ လိုက်ပါ။
ပုံမှန် ဆံပင် ဆိုရင်တော့ ကြက်ဥ (၁)လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို ပန်းကန်လုံး(အဆင် ပြေ တဲ့ ခွက်တခုခုကိုလည်း သုံးနိုင်) ထဲ ရော မွှေ ပါ။
ကိုယ်က ဆံပင်ရှည် တယ် ၊အုံ ထူတယ်ဆိုရင် တော့ ကြက်ဥ နဲ့ သံလွင် ဆီ ပမာဏ ကို တိုးသုံးပါ။
ခုနက ပြောတဲ့ အတိုင်း ရောပြီးရင် တော့ ဆံပင်ကို သုတ် လိမ်း ပေးပါ။ဆံပင် အပေါ် ယံ ထက် ဦး ရေပြား နားကို သေချာ နှံ့ အောင် လိမ်းပေးပါ။
မိနစ် (၂၀) လောက် ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ ဆေးချ ပြီး ခေါင်းလျှော်ရည် အ ပျော့ စားလေးနဲ့ ခေါင်းလျှော် ပေးပါ။ တစ်ပတ်ကို နှစ်ကြိမ် လုပ် ပေးပါ။
ကြက်ဥ နဲ့ အုန်းဆီ/ အပေါ်က နည်း အတိုင်းပါပဲ။ ကြက်ဥ (၁)လုံး၊ အုန်းဆီ လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို ပန်းကန်လုံးထဲ ထည့် မွှေပါ။
မိ နစ် (၂၀) လောက် ဆံပင်ကို လိမ်း ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ ဆေးချ ပြီး ခေါင်းလျှော်ရည် အ ပျော့ စားလေးနဲ့ ခေါင်းလျှော် ပေးပါ။ တစ်ပတ်ကို နှစ်ကြိမ် လုပ် ပေးပါ။
တခြား အရာတွေ အနေနဲ့ အုန်းဆီနဲ့ သံလွင်ဆီရဲ့ နေရာမှာလည်း ငှက်ပျောသီး နဲ့ ရှားစောင်းလ က်ပတ် တို့ ကို အ စားထိုးသုံး လို့ရပါတယ်။
လှပ တဲ့ ဆံ ကေသာတွေ ပိုင်ဆိုင် နိုင်ပါစေ နော်…။
Source, myinkwinzone
No Comments
Leave a Reply
Your email address will not be published.
Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …
Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …
Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …