တန်ဖိုးရှိတဲ့ မိန်းမဆိုတာ (ဖတ်ကြည့်လိုက်နော်) - YATHAZONE


Knowledge











Unicode

တန်ဖိုးရှိတဲ့ မိန်းမဆိုတာ (ဖတ်ကြည့်လိုက်နော်)

ညီမလေးရေ….ကိုကြီး အရင်ဆုံးပြောချင်တာကဒီလို ဗဟုသုတ ရမယ့် စာတွေကိုဖတ်နေတဲ့ညီမလေးဟာ ဘဝမှာ အောင်မြင်ချင်တဲ့မိန်းကလေး တစ်ယောက် ၊ တန်ဖိုးရှိတဲ့မိန်းမကောင်း တစ်ယောက် ဆိုတာပါပဲ

ဘဝမှာ ရုပ်လှဖို့ထက် စိတ်လှဖို့လိုတယ်ဆိုတာ ညီမလေး သိမှာပါအမှန်တိုင်း ဝန်ခံရရင် ကိုယ်တို့ ယောင်္ကျားတွေဟာ အလှကို မက်ကြပါတယ်အဲလိုဖြစ်တာကလည်း ယောင်္ကျားတို့ရဲ့တဏှာကြောင့်ပါsexyအရမ်းကျတဲ့ မိန်းမတစ်ယောက်ကို တို့ယောင်္ကျားတွေ ငမ်းတတ်ပေမယ့်မိန်းမပီသပြီး

ယုံကြည်မှု အပြည့်နဲ့ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးကိုပဲ လက်တွဲဖော် အဖြစ် ရွေးတတ်ကြပါတယ်ဒါ့ကြောင့်…ညီမလေးရဲ့ ရုပ်ရည် အတွက် မှန်ရှေ့မှာအချိန်ကုန်ခံမနေပါနဲ့ညီမလေးက အောင်မြင်မယ့်သူ တစ်ယောက်ဆိုတာ မမေ့ပါနဲ့

လောကမှာ ရုပ်ရည် လှပမှုဟာခဏတာပါ ညီမလေးရဲ့ ကြိုးစားမှုကတာညီမလေးရဲ့ ဘဝအတွက် အရေးကြီးဆုံးပါအဲ့တော့ ညီမလေးကို မလှဘူးလို့လှောင်ပြောင်နေတဲ့သူရှိရင် ခွင့်လွှတ်လိုက်ပါ။အချစ်ဆိုတဲ့ အရာအတွက်စိတ်အား ငယ်မနေပါနဲ့ဘယ်ယောင်္ကျား ကိုမှ အားမကိုးဘဲအောင်မြင်နေတဲ့ မိန်းမတွေ အများကြီးပါပဲ

ကောင်လေးတစ်ယောက် အတွက်ဝမ်းနည်းစွာ ခံစားဖူးလားအခုကော ခံစားနေရတုန်းလားခံစားနေရတာတွေကို အခုရပ်လို့တော့အတင်းကြီး မတိုက်တွန်းလိုပါဘူးဒါပေမယ့် ကိုယ်နဲ့ မတန်လို့ ကိုယ့်ဘဝထဲကထွက်သွားကြတယ်လို့ပဲ သဘောထားလိုက်ပါ။ကိုယ်က ချစ်ရတဲ့သူထက်ကိုယ့်ကို ချစ်တဲ့သူကို ပိုပြီး အလေးထားပါကိုယ့်ကို မချစ်တဲ့သူတစ်ယောက်ကို

လိုက်ကပ်နေရတာ ပင်ပန်းပါတယ်ကြာရင် ကိုယ့်ကို တကယ်ချစ် တကယ်မြတ်နိုးတဲ့ သူတွေကို ဆုံးရှူံးသွားနိုင်လို့ပါ

ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင်စာဖတ်ပါ စာကြီးပေကြီးတွေ မဖတ်နိုင်ရင်တောင်အခုလို စာတိုပေစ လေးတွေကိုဖတ်ပေးတာဟာ ဘာမှ မဖတ်တဲ့သူနဲ့စာရင် အများကြီးသာပါသေးတယ်စာအုပ်စာပေ ဖတ်ခြင်းဟာကိုယ့်ကိုယုံကြည်မှုရှိစေပြီး

အရမ်းကြည့်ကောင်းတဲ့ သူတစ်ယောက်ဖြစ်စေပါလိမ့်မယ်နောက်ဆုံးမှာချင်တာကတော့ဒီစာကို ဆုံးအောင်ဖတ်နေတဲ့ ညီမလေးဟာလောကမှာ အောင်မြင်ချင်တဲ့ သူဆိုတာသေချာပါတယ်လူတိုင်းက စာတစ်ပုဒ်ကို ပြီးအောင်မဖတ်နိုင်ကြပါဘူးဒါပေမယ့် ညီမလေးဟာ အခုဖတ်နိုင်ပြီလေဒါဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်ရဲ့လမ်းစ တစ်ခုပေါ့

ဒီစာကို ဖတ်ပြီး ညီမလေးမှာဝေဖန်အကြံပေးချင်စိတ်၊ တစ်ခုခုပြောစရာများရှိခဲ့ရင် commentမှာရေးသားခဲ့ပါ အရင်ကလည်းတင်ပေးဖူးပါတယ်ဖတ်ပြီးသားသူတွေလည်း ပြန်ဖတ်ပေးတာကျေးဇူးပါ။Ctedit – လေးစားစွာဖြင့် ကိုရဲ

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး

ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …