အလွန်အဖိုးတန်ပြီး လူတိုင်းသိထားသင့်တယ် - YATHAZONE

အလွန်အဖိုးတန်ပြီး လူတိုင်းသိထားသင့်တယ်

အလွန်အဖိုးတန်ပြီး လူတိုင်းသိထားသင့်တယ်
Knowledge

အလွန်အဖိုးတန်ပြီး လူတိုင်းသိထားသင့်တယ်

ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား (၁၀)မျိုး

( ၁ ) အိမ်တွင်းမီး အပြင်မထုတ်ရ။

( ၂ ) အိမ်ပြင်မီး အတွင်းမသွင်းရ။

( ၃ ) ပြန်ပေးမည့်သူကိုသာပေး။

( ၄ ) ပြန် မပေးမဲ့သူကို မပေးနဲ့။

( ၅ ) ပေးသင့်သူကိုလည်း ပေး။

( ၆ ) ချမ်းသာစွာထိုင်။

( ၇ ) ချမ်းသာစွာ စား။

( ၈ ) ချမ်းသာစွာ အိပ်။

( ၉ ) မီးကို ရိုသေစွာလုပ်ကျွေး။

( ၁၀ ) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်တို့ဖြစ်ပါသည်။

( ၁ ) အိမ်တွင်း မီး အပြင် မထုတ်ရ ဆိုတာ ..

အိမ်တွင်း မှာရှိတဲ့ အိမ်တွင်းရေး ပြဿ နာ ကိစ္စ အဝဝ ကို အပြင် ဖောက်သည်မချ နဲ့ လို့ ဆိုလို တာပါ။

( ၂ ) အိမ်ပြင် မီး အတွင်း မသွင်းရ ဆိုတာ…

ပြင်ပမှာ ဖြစ်လာတဲ့ ပြဿ နာ တွေ ကိုလည်း အိမ်တွင်း သယ်မလာ နဲ့ လို့ဆိုလိုတာ ပါ။

( ၃ ) ပြန်ပေးမယ့် သူကို ပေးဆိုတာ..

ချေးငှား တဲ့ အခါပြန်တောင်း ရမည့် သူ ကိုသာေ ချးငှား လို့ ဆိုတာပါ။

( ၄ ) ပြန်မပေးမယ့် သူကို မပေးနဲ့ ဆိုတာ…

ပစ္စည်း ဥစ္စာ ချေးငှားတဲ့ အခါ ပြန်တောင်းရမ်း လို့မရမည့် သူ ကို မချေးငှား နဲ့လို့ဆိုလို တာပါ။

( ၅ ) ပေးသင့် သည် ဖြစ်စေ၊ မပေးသင့် သည် ဖြစ်စေ ပေးပါဆိုတာက…

မိမိဆွေမျိုး အသိုင်းအဝိုင်း ထဲမှာ .. ဘဝပေးအရ မပြည့်စုံတဲ့ သူတွေ ကိုတော့ ဘာမှ မျှော်လင့်
တောင့်တ မနေပဲထောက်ပံ့ လိုက်ပါ ဟု ဆိုလိုတာပါ။

( ၆ ) ချမ်းသာစွာ ထိုင်ပါ ဆိုတာ..

မိမိ လင်ယောက်ျား၊ ယောက္ခမတွေရဲ့ အထက် အရပ်၊ လေညာ အရပ် စသော အပြစ် မလွတ်
သောနေရာ မှာ မထိုင်ဘဲ အပြစ်ကင်း သောေ နရာ မှာ ထိုင်လို့ ပြောတာပါ။

( ၇ ) ချမ်းသာစွာ စားပါ ဆိုတာ…

မိဘ၊ ယောက္ခမ၊ ခင်ပွန်း တို့ကိုရှေးဦးစွာ ကျွေးပြီးနောက်မှ စားပါလို့ ပြော တာပါ။

( ၈ ) ချမ်းသာစွာ အိပ်ပါ ဆိုတာ..

မိဘ၊ ယောက္ခမ၊လင်ယောက်ျားတို့ ကို သင့်တင့်သော ဝေယျာဝစ္စ ပြု ပြီးမှာအိပ်ပါ လို့ ပြောတာပါ။

( ၉ ) မီးကို ရိုသေစွာ လုပ်ကျွေး ဆိုတာ..

ယောက္ခမ တွေ ကိုကောင်းစွာ စောင့်ရှောက်လို့ပြောတာပါ။

( ၁၀ ) အိမ်ဦးနတ်ကိုရိုသေ ဆိုတာ..

မိမိ လင်ယောက်ျား ကိုအိမ်ဦးနတ် ကဲ့သို့ ဆက်ဆံ ရမယ် လို့ဆိုလို တာပါ။

လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊
ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။

အပ္ပမာဒေန သမ္မာဒေထ

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး

ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …