အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဖုိးထားပါ - YATHAZONE

အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဖုိးထားပါ

အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ
Life Style

အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ

မြန် မာနိုင်ငံ ရဲ့ စီးပွားရေး ထိခိုက်မှု ပမာဏက ၂၀၂ဝခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမှာ တဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ် ခင်ဗျာ။ လုပ်ငန်းလည်ပတ်ဖို့ ငွေကို အသဲအသန်လို လာကြပါလိမ့်မယ်။

ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ်။ လုပ်ငန်းတွေကို ပိတ်သိမ်းမလား၊ ရှိတဲ့ ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကို ဆက်လက် လည်ပတ်မလား လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်။

ရွှေ ။ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော် သာမာန်လုပ်ငန်းရှင် အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီး မရှိကြ ပါဘူး။

ကား။ လုပ်ငန်းရှင်တိုင်းမှာ ရှိပါတယ်။ ဒုတိယ အမြန်ဆုံး ငွေဖော်လို့ရတဲ့ ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွားတဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ။ မြန်မာပြည်ကလူတွေဟာ ‌ငွေသားပိုင်ဆိုင်မှု ပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့ လွဲမှားစွာ အသုံးပြုထားကြတဲ့အတွက်ပါ။

ဥပမာ ငွေသား သိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြပါတယ်။နောက် တစ်ချက်နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေ လစဉ်ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။ တချို့ သိန်းထောင် ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျဝယ်ရင် တစ်လကို

၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို

လစဉ်သွင်းကြရပါတယ်။ ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီး ငွေဖော်ကြပါလိမ့်မယ်။

အိမ် ။ လက်ရှိအချိန်မှာ ငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။ နေရာကောင်းလေးတွေသာ ဗိုက်နာဈေး နဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။ဒီအချိန် ဝယ်မည့်အစား ငှားနေတာ ပိုကိုက်ပါတယ်။အဲ့ဒီတော့ အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက် တန်ဘိုး ပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့ အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ

ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်း ရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။ ရေဟာ လေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကို ဥပမာပြတာပါ။

ဒီအချိန်အထူးသတိထားသင့်တာက မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့ မကြိုးစား ပါနဲ့။ ‌မည်သူ့ကိုမှ ငွေမချေးပါနဲ့။ ချေးမိရင် သေချာပေါက် ဆုံးမယ့် ကာလပါ။ အစားအစာမှလွဲပြီး ကျန်တဲ့ ပစ္စည်းတွေ ဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ။

လုပ်ငန်းတွေအသက်ဆက်ဖို့ မလိုအပ်ပဲခန့်ထားတဲ့ ဝန်ထမ်းတွေကို လျှော့ချရပါမယ်။ မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။ အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကို ‌ရပ်ဆိုင်း ရပါမယ်။ ဝန်ထမ်းရော အလုပ်ရှင်ပါ ပိတ်ရက်မရှိ အတူတကွ ရုန်းကန်ကြရပါမယ်။။

စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ။ကျွန်တော်ဆို ဝင်ငွေရှိတာမရှိတာထက် အလုပ်မလုပ်ပဲ နေရရင် လုံးဝ စိတ်မပျော်ပါဘူး။ တော်တော် အားတင်းပြီးနေရပါတယ်။မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေ။

Credit

No Comments

Leave a Reply

Your email address will not be published.

Life Style
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။

ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။ ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယားမှာ သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ ! သားသမီးသုံးယောက်ကိုလဲ.. စိတ်မဝင်စားတော့.. သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။ မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …