သွားတိုက်ဆေးကို သွားတိုက်ဖို့မသုံးပဲ တခြားအသုံးဝင်တဲ့နည်းလမ်း ၁၀ ခု - YATHAZONE


Health



၁ — ဝက်ခြံပြဿနာ



၂ — အမဲစက်နဲ့ အမဲကွက်


၃ — အပူလောင်ခြင်း


၎ — ဆားဝက်ခြံ




၆— အနံ့အသက်စွဲခြင်း











Unicode

သွားတိုက်ဆေးကို သွားတိုက်ဖို့မသုံးပဲ တခြားအသုံးဝင်တဲ့နည်းလမ်း ၁၀ ခု

နေ့စဉ်မိုးလင်းတိုင်း ညအိပ်ယာဝင်တိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေးကို ခံတွင်းနံ့ကင်းဖို့နဲ့ သွားတွေ သန့်ရှင်းတောက်ပြောင်နေဖို့ပဲ သုံးလို့ရတာမဟုတ်ပါဘူး။သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ — ဝက်ခြံပြဿနာ

သွားတိုက်ဆေးကို နားကြပ်ဂွမ်းတံလေးနဲ့ယူပြီးတော့ ဝက်ခြံပေါ်ကို ပါးပါးလေးလိမ်းထားပြီး နာရီအနည်းငယ်သို့မဟုတ်တစ်ညလုံးထားပြီး

ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ဝက်ခြံချပ်သွားမှာကိုတွေ့နိုင်မှာပါ။အလွန်အသုံးဝင်တဲ့နည်းလမ်းလေးဖြစ်ပြီးတော့ အသားအရေ sensitive ဖြစ်တဲ့သူတွေအနေနဲ့တော့ မလုပ်သင့်ပါဘူး။

၂ — အမဲစက်နဲ့ အမဲကွက်

သွားတိုက်ဆေးနည်းနည်းနဲ့ သံပုရာရည် နှစ်စက်လောက်ကို ရောပြီးတော့ ကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နဲ့ အမဲကွက်နေရာတွေကို လိမ်းပြီးခဏထားလိုက်ပါ။ပြီးရင်ရေဆေးချလိုက်တာနဲ့ အမဲစက်တွေ လျော့ပါးသွားမှာပါ။

၃ — အပူလောင်ခြင်း

သွားတိုက်ဆေးကို ရေနွေးပူလောင်တာတွေ တခြားအပူလောင်တဲ့အခါမှာ အုပ်လိမ်းခြင်းက အပူလောင်ခြင်းကို သက်သာစေနိုင်ပါတယ်။

၄ — ဆားဝက်ခြံ

သွားတိုက်ဆေး, ဆားနဲ့ Rose Water တို့ကိုပေါင်းပြီးတော့ ဆားဝက်ခြံရှိတဲ့နေရာကို မိနစ်အနည်းငယ်လောက် စက်ဝိုင်းပုံ ပွတ်လိမ်းပြီး ရေအေးနဲ့ဆေးချလိုက်တာနဲ့ ဆားဝက်ခြံတွေသိသိသာသာလျော့နည်းသွားမှာပါ။

၅— အသားအရည်ချောမွေ့ဖြူဖွေးအောင်ထိန်းသိမ်းခြင်း

သွားတိုက်ဆေးတစ်ဇွန်းကို ခရမ်းချဉ်သီးအရည်တစ်ဇွန်းနဲ့ရောပြီး အသားအရည်ပေါ်ကို သုတ်လိမ်းပေးပါ။ဆယ်မိနစ်လောက်ကြာရင် ရေဆေးချခြင်းဖြင့်အသားအရည်ကို ထိန်းသိမ်းလို့ရပါတယ်။

၆— အနံ့အသက်စွဲခြင်း

လက်မှာအနံ့အသက်ပြင်းတာ စွဲနေတယ်ဆိုရင် သွားတိုက်ဆေးကို သုံးပြီး အနံ့အသက်တွေပျောက်အောင်လုပ်လို့ရပါတယ်။

၇ — မလိုချင်တဲ့ အမွှေးများကိုဖယ်ရှားနိုင်

သွားတိုက်ဆေး သံပုရာရည်နဲ့ သကြားတို့ကို ရောမွှေပြီးတော့ ကိုယ်မလိုချင်တဲ့နေရက အမွှေးတွေ ဉပမာ ချိုင်းမှာလိမ်းပြီးခြောက်အောင်စောင့်ပါ။ ပြီးတာနဲ့ရေနဲ့ဆေးချခြင်းဖြင့် အမွှေးကြမ်းများထက်မထွက်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၈ — လက်သည်းခြေသည်းများသန့်ရှင်းနိုင်

သွားတိုက်ဆေးကို သွားမှာတင်မဟုတ်ပဲ လက်သည်းခြေသည်းတွေမှာပါ တိုက်လို့ရပါတယ်။သွားတိုက်ဆေးကိုသွားပွတ်တံလေးနဲ့ လက်သည်းခြေသည်းတွေကို တိုက်ပြီးတော့ ရေဆေးချလိုက်မယ်ဆိုရင် ဖြူဖွေးလှပတဲ့ ခြေသည်းလက်သည်းလေးတွေကိုရရှိမှာပါ။

၉ — နှုတ်ခမ်းသားနူးညံ့အောင်လုပ်နိုင်ခြင်း

သွားတိုက်ဆေးကို မုန့်ဖုတ်ဆိုဒါနဲရောပြီး နှုတ်ခမ်းကိုပါးပါးလေးနဲ့ ညင်ညင်သာသာလေးသုတ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားကို နူးညံ့လာစေမှာပါ။သွားတိုက်ဆေးကိုတော့ နည်းနည်းလေးပဲအသုံးပြုရမှာပါ။

၁၀ — မျက်နှာအဆီပြန်ခြင်း

သွားတိုက်ဆေးကို ဆားရယ် ရေရယ်နဲ့ ဖျော်ပြီး မနက်တိုင်းမျက်နှာသစ်ပေးရင် တစ်နေကုန် အဆီပြန်ခြင်းကို ထိန်းသိမ်းပေးနိုင်မှာပါ။

credit myanmar platform

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …