အမ်ိဳးသားေတြက ေရွာင္ရွားသင့္တဲ့မိန္းမ - YATHAZONE

အမ်ိဳးသားေတြက ေရွာင္ရွားသင့္တဲ့မိန္းမ

အမ်ိဳးသားေတြက ေရွာင္ရွားသင့္တဲ့မိန္းမ
Life Style

အမ်ိဳးသားေတြက ေရွာင္ရွားသင့္တဲ့မိန္းမ

ဒီထဲမွာ ပါတဲ့ မိန္းမဆိုးအဂၤါရပ္ေတြ ညီမတို႔ အစ္မတို႔မွာ မရွိဘူးလို႔ စာေရးသူက ယုံပါတယ္..။ ဒီေတာ့ အမ်ိဳးသားေတြက ေရွာင္ရွားသင့္တဲ့မိန္းမရယ္လို႔ ရွိပါေသးတယ္။

မ်က္ႏွာမ်ားေသာေလာ္လီေသာ မိန္းမ ။ မ်က္ႏွာမ်ားေသာ၊ ေလာ္လီေသာ၊ ေယာက္်ားတို႔တြင္ ေပ်ာ္႐ႊင္ေသာ မိန္းမေတြကို အမ်ိဳးေကာင္းသားတို႔ ေရွာင္ရွားသင့္ ပါတယ္။ ဘာေၾကာင့္ ေရွာင္ရွားသင့္သလဲ မေမးပါနဲ႔။ အေျဖက တစ္လုံးတည္းပါ။

စိတ္မခ်ရလို႔ပါ။ မ်က္ႏွာမ်ားမ်ားတယ္ ဆိုတာ ရည္းစားမ်ား တာကို ဆိုလိုပါတယ္။ ဒါကို မ်က္ေစာင္ းမထိုးၾက ပါနဲ႔။ ဘယ္သူပဲျဖစ္ျဖစ္ သူမ်ားပစ္လို႔ က်န္ေနခဲ့ ရတာ ဆိုရင္လည္း တစ္ေယာက္စ ႏွစ္ေယာက္စ မ်ားတာ အျပစ္မေျပာ လိုပါ။

တစ္ခ်ိဳ႕ကက်ေတာ့ အဲဒီထက္ မ်ားတယ္။ အဲသေလာက္မ်က္ႏွာမ်ားတဲ့မိန္းမကို ဘယ္လိုပုံစံနဲ႔ သင္နဲ႔ရမယ့္ ကေလးေတြရဲ႕ မိခင္ ျဖစ္ေစမွာလဲ။ ဒါ အေျဖကရွင္းပါတယ္။

လက္ဖြာေသာ မိန္းမ/ လက္ဖြာတယ္ဆိုတာ ေငြေရးေၾကးေရး အသုံးအႏႈန္းမွာ စည္းနဲ႔ကမ္းနဲ႔ မသုံးတာပါဘဲ။ကြၽန္ေတာ္တစ္ခါက ေတြ႕ဖူးေသးတယ္။ တံငါသည္ လင္မယားေပါ့။

အသုံးအစြဲႀကီးေသာ မိန္းမယူမိလို႔ကေတာ့ တစ္သက္လုံး အိပ္ေပါက္နဲ႔ ဖားေကာက္ျဖစ္ေန ပါလိမ့္မယ္။ ကြၽန္ေတာ္ ဆိုလိုတာက ဒါန လုပ္တာကို အျပစ္မေျပာ လိုပါ။

အရပ္တကာလည္ တတ္ေသာ မိန္းမ (သို႔) ပြဲလန္းသဘင္ ခင္တြယ္လြန္းေသာမိန္းမ ။ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ဆိုတာ ျမန္မာႏိုင္ငံမွာ (12)ရာသီ မျပတ္ပါဘူး။

​ေရွးဆရာေတြေရး ခဲ့တဲ့ စာေပထဲမွာ ဇာတ္ပြဲမက္သူေတြဟာ အဲဒီဇာတ္အဖြဲ႕ သြားၿပီးက,တဲ့႐ြာစဥ္လိုက္ အားေပးတာေတြ ရွိတယ္လို႔ေတာင္ သိရပါတယ္။

အဲဒီအထဲမွာ အမ်ားစုက အမ်ိဳးသမီးေတြလို႔ ဆိုပါတယ္။ အခုလည္းအေပ်ာ္အပါးကို ေတာ္႐ုံမက္ပါ။ အရပ္ထဲလည္ၿပီး အတင္းတုတ္တာလည္း ေလွ်ာ့ပါ။

ၿမိဳ႕ႀကီးျပႀကီးလို ေနတဲ့ မိန္းမေတြထဲမွာေတာ့ ကလပ္အၿမဲတမ္းလိုလိုတက္တာတို႔၊ အိမ္လည္ ထြက္တာ မ်ားတာတို႔ေတြ လည္း ပါဝင္ပါတယ္။ လင္တို႔ မယားတို႔ ဘဝမွာ တစ္ျခား ဘဝေရွ႕ေရးအတြက္ လုပ္စရာေတြ ရွိေသးတယ္ မဟုတ္လား။

ေမာက္မာလြန္းေသာ မိန္းမ။ ​ေမာက္မာတယ္ဆိုတာ စကားလုံးေလး လွေအာင္သုံ းထားတာပါ။ အမွန္ေတာ့ ႐ိုင္းစိုင္းပါတယ္။

လူၾကားသူၾကားထဲ ငါနဲ႔ ေကာ္ဆဲတာမ်ိဳး၊ ရွက္ရေကာင္းမွန္းမသိ ထဘီလွန္ျပတာမ်ိဳး၊ ကတ္ကတ္လန္ ႏႈတ္လန္ျပန္ထိုး တာေတြဟာ မိန္းမေတြအဖို႔ အေတာ္ေလး တန္ဖိုးက်ေစတဲ့ အျပဳအမူေတြျဖစ္ပါတယ္။

အဲဒီလို ႐ိုင္းစိုင္းတဲ့ မိန္းမေတြကို ငါးစိမ္းသည္နဲ႔ ႏႈိင္းၾက ပါတယ္။ ငါးစိမ္းသည္တိုင္း မ႐ိုင္းပါ။ ဒါေပမယ့္ စာနဲ႔ေရးျပဖို႔မေတာ္ေလာက္ေအာင္ ႐ိုင္းစိုင္းတဲ့သူေတြ တစ္ပုံႀကီးရွိ ပါတယ္။

ေလာင္းကစားလုပ္ေသာ မိန္းမ ။ တစ္ခ်ိဳ႕ မိန္းမေတြ ထဘီႀကီးရင္ေခါင္းတင္ၿပီး ဖဲ႐ိုက္ ၾကက္တိုက္ လုပ္ၾကတာ ေတာဘက္မွာ ေတြ႕ဘူးပါတယ္ ။ၿမိဳ႕သူမ်ားကေတာ့ ဝတ္ေကာင္းစား လွေလးဝတ္ၿပီး ဂ်င္ဝိုင္း ကာစီႏိုဝိုင္း ပိုကာဝိုင္း သြားၾက တာေပါ့။

ေနာက္ၿပီး ႏွစ္လုံး သုံးလုံး ကစားတာေတြဟာ ဘယ္တုန္းကမွ ေကာင္းက်ိဳးမေပးပါဘူး။ ဒါ့အျပင္ မိန္းမႀကီးတန္မဲ့ ေဘာလုံးပြဲဝင္ေလာင္းတာေတြေတာင္ ေတြ႕ရဖူးပါတယ္။

ပ်င္းရိလြန္းေသာ မိန္းမ ။တစ္ခ်ိ႕ အရမ္းပ်င္းလြန္းတဲ့ မိန္းမေတြ ရွိပါတယ္။ ဘယ္ေလာက္ေတာင္ ပ်င္းသလဲဆိုရင္ ဝတ္ပီးသားထဘီ ေလွ်ာ္ဖို႔ ေနေနသာသာ ခြၽတ္ၿပီး အကြင္းလိုက္ ပုံထားတဲ့ အမ်ိဳးသမီးေတြ ရွိပါတယ္။

တစ္ခ်ိဳ႕ကက်ေတာ့ ပ်င္းလြန္းေတာ့ ထူ၊ ထူလြန္းေတာ့ န၊ နလြန္းေတာ့ အ-ဆိုသလို တစ္ေနကုန္ထိုင္ၿပီး ဘာမွမလုပ္ပဲ မႈိင္ေနတဲ့ မိန္းမေတြလည္း အမ်ားသားပါ။ အဲဒီလို မိန္းမမ်ိဳး ကိုယ့္ဆရာယူမိလို႔ကေတာ့ ထဘီေတြ အတြင္းခံေတြ ေလွ်ာ္ေပးဖို႔သာ ျပင္ထားေပေတာ့။

မိန္းမေပါ့ ။ မိန္းမေပါ့ ဆိုတာ မိန္းမပ်က္ကို ေျပာတာပါ။ ဒါဆို ျပည့္တန္ဆာမေတြက ေယာက္်ားမယူ ရေတာ့ ဘူးလား၊ ကေလးမေမြးရေတာ့ဘူးလား ေမးစရာ ရွိပါတယ္။

ဒါက သူတို႔ အခြင့္အေရးပါ။ ဒါေပမယ့္ အမ်ိဳးသားတို႔ ေ႐ြးခ်ယ္တဲ့အခါ ဘာေၾကာင့္ ေရွာင္ၾကဥ္သင့္တာလဲဆိုတာ ေျပာပါရေစ။ေမြးလာတဲ့ကေလး မ်က္ႏွာငယ္မယ္၊ လူေတာမတိုးဘူး၊ သင့္ရဲ႕ ဂုဏ္သိကၡာကိုလည္း တစ္စတစ္စ က်ဆင္းေစမယ္၊

ပိုအဆိုးဆုံးက ေမြးလာတဲ့ကေလးေတြက အေၾကာင္းမလွလို႔ သင့္႐ုပ္ရည္နဲ႔ လာမတူဘူးဆိုရင္ ငါနဲ႔ရတဲ့ ကေလးမွ ဟုတ္ရဲ႕လား-လို႔ သံသယေတြ ပြားရမယ္။ ဒါေတြ အတြက္ မယူသင့္တဲ့မိန္းမထဲမွာ သူတို႔ကို ထည့္ရတာ ျဖစ္ေၾကာင္းပါ။ Source. Myanmar Online Media

Unicode

အမျိုးသားတွေက ရှောင်ရှားသင့်တဲ့မိန်းမ

ဒီထဲမှာ ပါတဲ့ မိန်းမဆိုးအင်္ဂါရပ်တွေ ညီမတို့ အစ်မတို့မှာ မရှိဘူးလို့ စာရေးသူက ယုံပါတယ်..။ ဒီတော့ အမျိုးသားတွေက ရှောင်ရှားသင့်တဲ့မိန်းမရယ်လို့ ရှိပါသေးတယ်။

မျက်နှာများသောလော်လီသော မိန်းမ ။ မျက်နှာများသော၊ လော်လီသော၊ ယောက်ျားတို့တွင် ပျော်ရွှင်သော မိန်းမတွေကို အမျိုးကောင်းသားတို့ ရှောင်ရှားသင့် ပါတယ်။ ဘာကြောင့် ရှောင်ရှားသင့်သလဲ မမေးပါနဲ့။ အဖြေက တစ်လုံးတည်းပါ။

စိတ်မချရလို့ပါ။ မျက်နှာများများတယ် ဆိုတာ ရည်းစားများ တာကို ဆိုလိုပါတယ်။ ဒါကို မျက်စောင် းမထိုးကြ ပါနဲ့။ ဘယ်သူပဲဖြစ်ဖြစ် သူများပစ်လို့ ကျန်နေခဲ့ ရတာ ဆိုရင်လည်း တစ်ယောက်စ နှစ်ယောက်စ များတာ အပြစ်မပြော လိုပါ။

တစ်ချို့ကကျတော့ အဲဒီထက် များတယ်။ အဲသလောက်မျက်နှာများတဲ့မိန်းမကို ဘယ်လိုပုံစံနဲ့ သင်နဲ့ရမယ့် ကလေးတွေရဲ့ မိခင် ဖြစ်စေမှာလဲ။ ဒါ အဖြေကရှင်းပါတယ်။

လက်ဖွာသော မိန်းမ/ လက်ဖွာတယ်ဆိုတာ ငွေရေးကြေးရေး အသုံးအနှုန်းမှာ စည်းနဲ့ကမ်းနဲ့ မသုံးတာပါဘဲ။ကျွန်တော်တစ်ခါက တွေ့ဖူးသေးတယ်။ တံငါသည် လင်မယားပေါ့။

အသုံးအစွဲကြီးသော မိန်းမယူမိလို့ကတော့ တစ်သက်လုံး အိပ်ပေါက်နဲ့ ဖားကောက်ဖြစ်နေ ပါလိမ့်မယ်။ ကျွန်တော် ဆိုလိုတာက ဒါန လုပ်တာကို အပြစ်မပြော လိုပါ။

အရပ်တကာလည် တတ်သော မိန်းမ (သို့) ပွဲလန်းသဘင် ခင်တွယ်လွန်းသောမိန်းမ ။ ပျော်ပွဲရွှင်ပွဲတွေ ဆိုတာ မြန်မာနိုင်ငံမှာ (12)ရာသီ မပြတ်ပါဘူး။

ရှေးဆရာတွေရေး ခဲ့တဲ့ စာပေထဲမှာ ဇာတ်ပွဲမက်သူတွေဟာ အဲဒီဇာတ်အဖွဲ့ သွားပြီးက,တဲ့ရွာစဉ်လိုက် အားပေးတာတွေ ရှိတယ်လို့တောင် သိရပါတယ်။

အဲဒီအထဲမှာ အများစုက အမျိုးသမီးတွေလို့ ဆိုပါတယ်။ အခုလည်းအပျော်အပါးကို တော်ရုံမက်ပါ။ အရပ်ထဲလည်ပြီး အတင်းတုတ်တာလည်း လျှော့ပါ။

မြို့ကြီးပြကြီးလို နေတဲ့ မိန်းမတွေထဲမှာတော့ ကလပ်အမြဲတမ်းလိုလိုတက်တာတို့၊ အိမ်လည် ထွက်တာ များတာတို့တွေ လည်း ပါဝင်ပါတယ်။ လင်တို့ မယားတို့ ဘဝမှာ တစ်ခြား ဘဝရှေ့ရေးအတွက် လုပ်စရာတွေ ရှိသေးတယ် မဟုတ်လား။

မောက်မာလွန်းသော မိန်းမ။ မောက်မာတယ်ဆိုတာ စကားလုံးလေး လှအောင်သုံ းထားတာပါ။ အမှန်တော့ ရိုင်းစိုင်းပါတယ်။

လူကြားသူကြားထဲ ငါနဲ့ ကော်ဆဲတာမျိုး၊ ရှက်ရကောင်းမှန်းမသိ ထဘီလှန်ပြတာမျိုး၊ ကတ်ကတ်လန် နှုတ်လန်ပြန်ထိုး တာတွေဟာ မိန်းမတွေအဖို့ အတော်လေး တန်ဖိုးကျစေတဲ့ အပြုအမူတွေဖြစ်ပါတယ်။

အဲဒီလို ရိုင်းစိုင်းတဲ့ မိန်းမတွေကို ငါးစိမ်းသည်နဲ့ နှိုင်းကြ ပါတယ်။ ငါးစိမ်းသည်တိုင်း မရိုင်းပါ။ ဒါပေမယ့် စာနဲ့ရေးပြဖို့မတော်လောက်အောင် ရိုင်းစိုင်းတဲ့သူတွေ တစ်ပုံကြီးရှိ ပါတယ်။

လောင်းကစားလုပ်သော မိန်းမ ။ တစ်ချို့ မိန်းမတွေ ထဘီကြီးရင်ခေါင်းတင်ပြီး ဖဲရိုက် ကြက်တိုက် လုပ်ကြတာ တောဘက်မှာ တွေ့ဘူးပါတယ် ။မြို့သူများကတော့ ဝတ်ကောင်းစား လှလေးဝတ်ပြီး ဂျင်ဝိုင်း ကာစီနိုဝိုင်း ပိုကာဝိုင်း သွားကြ တာပေါ့။

နောက်ပြီး နှစ်လုံး သုံးလုံး ကစားတာတွေဟာ ဘယ်တုန်းကမှ ကောင်းကျိုးမပေးပါဘူး။ ဒါ့အပြင် မိန်းမကြီးတန်မဲ့ ဘောလုံးပွဲဝင်လောင်းတာတွေတောင် တွေ့ရဖူးပါတယ်။

ပျင်းရိလွန်းသော မိန်းမ ။တစ်ချိ့ အရမ်းပျင်းလွန်းတဲ့ မိန်းမတွေ ရှိပါတယ်။ ဘယ်လောက်တောင် ပျင်းသလဲဆိုရင် ဝတ်ပီးသားထဘီ လျှော်ဖို့ နေနေသာသာ ချွတ်ပြီး အကွင်းလိုက် ပုံထားတဲ့ အမျိုးသမီးတွေ ရှိပါတယ်။

တစ်ချို့ကကျတော့ ပျင်းလွန်းတော့ ထူ၊ ထူလွန်းတော့ န၊ နလွန်းတော့ အ-ဆိုသလို တစ်နေကုန်ထိုင်ပြီး ဘာမှမလုပ်ပဲ မှိုင်နေတဲ့ မိန်းမတွေလည်း အများသားပါ။ အဲဒီလို မိန်းမမျိုး ကိုယ့်ဆရာယူမိလို့ကတော့ ထဘီတွေ အတွင်းခံတွေ လျှော်ပေးဖို့သာ ပြင်ထားပေတော့။

မိန်းမပေါ့ ။ မိန်းမပေါ့ ဆိုတာ မိန်းမပျက်ကို ပြောတာပါ။ ဒါဆို ပြည့်တန်ဆာမတွေက ယောက်ျားမယူ ရတော့ ဘူးလား၊ ကလေးမမွေးရတော့ဘူးလား မေးစရာ ရှိပါတယ်။

ဒါက သူတို့ အခွင့်အရေးပါ။ ဒါပေမယ့် အမျိုးသားတို့ ရွေးချယ်တဲ့အခါ ဘာကြောင့် ရှောင်ကြဉ်သင့်တာလဲဆိုတာ ပြောပါရစေ။မွေးလာတဲ့ကလေး မျက်နှာငယ်မယ်၊ လူတောမတိုးဘူး၊ သင့်ရဲ့ ဂုဏ်သိက္ခာကိုလည်း တစ်စတစ်စ ကျဆင်းစေမယ်၊

ပိုအဆိုးဆုံးက မွေးလာတဲ့ကလေးတွေက အကြောင်းမလှလို့ သင့်ရုပ်ရည်နဲ့ လာမတူဘူးဆိုရင် ငါနဲ့ရတဲ့ ကလေးမှ ဟုတ်ရဲ့လား-လို့ သံသယတွေ ပွားရမယ်။ ဒါတွေ အတွက် မယူသင့်တဲ့မိန်းမထဲမှာ သူတို့ကို ထည့်ရတာ ဖြစ်ကြောင်းပါ။ Source. Myanmar Online Media

No Comments

Leave a Reply

Your email address will not be published.

Life Style
ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။ ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔ မၾကည္ျပာ ဆိုတဲ့ လင္မယားမွာ သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ ကိုထြန္းဟာ အရက္ေက်းကြၽန္ ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ ! သားသမီးသုံးေယာက္ကိုလဲ.. စိတ္မဝင္စားေတာ့.. သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။ မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …