2021ခုနွစ် (3)လပိုင်းအတြက္တစ္လစာ ကံကြမ္မာအထူးဟောစာတမ်း(တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး) - YATHAZONE
ဗေဒင်
Unicode
2021ခုနွစ် (3)လပိုင်းအတြက္တစ္လစာ ကံကြမ္မာအထူးဟောစာတမ်း(တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး)
1.3.2021မှ 31.3.2021ထိ မိတ်ဆွေများအားလုံးအတွက် ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့မမေ့နဲ့နော်
တနင်္ဂနွေသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း
သူတစ်ပါးငွေများ ကိုင်ခြင်း အာမခံခြင်းများ မလုပ်ပါနှင့်ပြသာနာ တက်ရတတ်သည်။အိမ်ထောင်ရေးတွင် အထူးကံကောင်းကျိုးပြုလာမည်။အချစ်ရေး၌ စန်းပွင့်ပြီး လူငယ်လူရွှယ်များအနေဖြင့် နှလုံးသားရေးရာများတွင် အထင်အမြင်လွဲမှားမှုကြောင့်စိတ်မောရတတ်သည်။
ပညာရေး၌ ရှေ့ပိုင်းကာလတွင် မရောင်မလည်ဖြစ်နေတတ်သော်လည်း နောက်ပိုင်းမှအဆင်ပြေ အောင်မြင်နိုင်ကိန်းရှိသည်။ကျန်းမာရေးမှာ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်မည်။လူမှုရေး၌ အထူးလူချစ်လူခင်ပေါ်များမည်။
မိတ်ဆွေအပေါင်းအသင်းနှင့်ဆက်ဆံရေး မပြေပြစ်စေကာမူ တပည့်လက်သားအလုပ်သမားတို့နှင့် အဆင်ပြေ တိုးတက်ကောင်းမွန်နိုင်၏။စီးပွားရေးလုပ်ငန်းတွင် ဆုံးရှုံးထားသောငွေများ ပြန်လည်အဆင်ပြေလာမည်။ကား၊ကျောက်၊များအရောင်းဝယ်ကံကောင်းမည်။
ယတြာ။ ။မိမိမွေးနေ့တွင် ဇော်စိမ်း(၉)ခက်(သို့မဟုတ်) ဇွန်(၉)ညွန့်ဘုရားမှာလှူပေးပါ။ သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ဆရာမင်းသုခ Ph-09440243656 (viber)
တနင်္လာသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း
စီးပွားရေးလုပ်ငန်း တိုးချဲ့ခြင်း/ဌာနနေရာပြောင်းရခြင်းများ ပြုလုပ်ဖို့ လေသံများထွက်လာတတ်သည်။ပညာရေး ကောင်းမွန်ပြီး အထက်လူကြီးများ၏ ကူညီမှုကိုရတတ်သည်။စီးပွားရေး ကံကောင်းမည်။အချစ်ရေးတွင် စန်းပွင့်မည်။
ရပ်ဝေးခရီးထွက်ရခြင်း ဘုရားဖူး ခရီးထွက်ရခြင်းများ ကြုံတွေ့တတ်သည်။မောင်နှမသားချင်းများအတွက် စိတ်သောက ရောက်တတ်သည်။ခင်မင်ရင်းနှီးသော မိတ်ဆွေတို့၏ လိမ်လည်မှုကို ခံရတတ်သည်။ငွေချေးငှားခြင်း/စပ်တူရှယ်ယာလုပ်ခြင်း အထူးရှောင်ရမည်။
အိမ်ထောင်ရေး၌ အပေါင်းအသင်းမိတ်ဆွေတို့၏ နှောင့်ယှက်မှုကြောင့် အိမ်ထောင်ရှင်နှင့်စကားများပြသာနာများ ပေါ်ပေါက်လာတတ်သည်။ပြန်လည်အဆင်ပြေမည်။အသက်ကြီး အိုဇာတာရှင်များ ကျန်းမာရေးအညံ့ကြုံတွေ့တတ်သည်။အထူးသဖြင့် အဆုတ်ရောဂါ/မျက်စိ/နား/လည်ချောင်းဝေဒနာများခံစားရတတ်သည်။
တစ်လတာယတြာ….မိမိမွေးနေ့တွင် နှင်းဆီပန်း(သို့မဟုတ်)ထန်းညွန့်(သို့မဟုတ်)ဒန်းညွန့်(၁၅)ခက် ချိုချဉ်(၁၅)လုံးကိုဘုရားမှလှူပေးပါ။သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ဆရာမင်းသုခ Ph-09440243656(viber)
အင်္ဂါသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း
စိတ်ဖိစီးမှုများတတ်သော်လည်း အောင်မြင်မှုရရှိတတ်သည်။စီးပွားရေးလုပ်ငန်းများတွင ်နာမည့်ရ ရှိပြီး ငွေကံအဆင်မပြေဖြစ်မည်။အိမ်ပြင် အိမ်ဆောက်ပြုလုပ်ရတတ်သည်။ပညာရေးတွင် အခွင့်အလမ်းကောင်း၍ အောင်မြင်မှုရ ရှိတတ်သည်။
စာပေ/အနုပညာ/ဗိသုကာပညာရပ်တို့တွင် ထူးချွန်မည်။ကုသိုလ်ကောင်းမှု အလှူဒါနများ ပြုလုပ်ရတတ်သည်။အထက်ပုဂ္ဂိုလ် ဆရာသမားတို့၏ ချီးမြှင့်ခြင်းခံရတတ်သည်။ချစ်မှုရေးရာတွင် ပြိုင်ဘက်ပေါ်တတ်သည်။
အိမ်ထောင်ရေးတွင် ဆွေမျိုးတို့၏ နှောင့်ယှက်မှုကြောင့် စိတ်သောကရောက်တတ်သည်။ကျန်းမာရေးကောင်းမည်။စက်ပစ္စည်း ဝင်ထွက်လုပ်မည်။ငွေချေးငှားခြင်း အထူးရှောင်ရမည်။
ယတြာ။ ။မိမိမွေးနေ့တွင် သပြေ(၉)ညွန့်(သို့မဟုတ်) သီးညွန့်(၉)ညွန့်ဘုရားမှာလှူပေးပါ။သံဃာတော်အားသစ်သီးဆွမ်းကပ်လှူပေးပါ။ သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ဆရာမင်းသုခ Ph-09440243656(viber)
ဗုဒ္ဓဟူးသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း
အတိုက်အခံ အပြိုင်အဆိုင်များသော လပိုင်းဖြစ်ပြီး ၎င်းအတိုက်အခံတို့ကြောင့် မိမိလုပ်ငန်း ပိုမိုအောင်မြင်တတ်သည်။ပညာရေး၌ ညံ့တတ်မည်။အပြစ်မရှိပဲ လူမုန်းခံ နေရတတ်သည်။ချစ်မှုရေးရာမှ အဆင်မပြေ၍ စိတ်ပျက်နေမည်။
ပတ်ဝန်းကျင်၏ နှောက်ယှက်မှုကြောင့် အိမ်တွင်းရေး အိမ်ထောင်ရေးတွင ်ပြသာနာတက် တတ်မည်။ခရီးထွက်ခြင်းနှင့်အိုးအိမ်နေရာပြောင်းခြင်း လုပ်ငန်းပြောင်းခြင်းများ အထူးရှောင်ရမည်။အပျော်အပါးစိတ်များ ပေါ်ပေါက်နေတတ်မည်။
အပျော်ဘုရားဖူး ခရီးကံကောင်းခြင်းရှိသည်။ မထင်မှတ်သော အခက်ခဲများလည်း ဝင်ရောက်လာတတ်သည်။မျှော်မှန်းထားသော အရာမှာပြည့်မလာနိုင်ပါ။ အထူးဂရုစိုက်ပါ။စွပ်စွဲခံနေရမည်။ မကောင်းသတင်းများ သင့်ထံရောက်လာပါလိမ့်မည်။
အပေါင်းသင်း အချင်းချင်းဖြစ်စေ၊ရန်သူဖြစ်စေ၊သင့်နှင့်ထင်ပေါ်ရှုပ်ထွေးပြသာနာတက်နေမည်။ကဲ့ရဲခံနေရမည်။ငွေကံမကောင်း၍ ဆုံးရှုံးမှုရှိသည်။သူတစ်ပါး၏ အပြစ်ပြောဆိုမှု ခံရမည်။ကျန်းမာရေးညံ့တတ်သည်။အထူးသဖြင့် ဆီး/မျက်စီ/လိပ်ခေါင်းဝေဒနာများကိုသတိထားရန်လို့အပ်သည်။
တစ်လတာယတြာ…..မိမိမွေးနေ့တွင် အုန်းညွန့်(သို့မဟုတ်)အင်ကြင်းခက်(၁၇)ခက်ကိုဘုရားမှာလှူပေးပါ။ သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ဆရာမင်းသုခ Ph-09440243656(viber)
No Comments
Leave a Reply
Your email address will not be published.
၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ
ဗေဒင်
၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ
၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ လုပ်ငန်းစီးပွား၊ ငွေကြေးနဲ့ပတ်သက်တဲ့ အခက်အခဲ ငွေကြေးကံအညံ့ လာဘ်မရွှင်မှု ငွေကြေး လာဘ်တိတ်မှုတို့ကို သိသိသာသာ သက်သာစေပီး ငွေကြေး အခက်အခဲများ ပြေလည်ခြင်း ငွေကြေး ကံကောင်းခြင်း လာဘ်လာဘပေါများခြင်း လာဘ်ပွင့်ခြင်း အကျိုးအားကောင်းစေပါလိမ့်မယ်။ ယတြာအတွက်လိုအပ်တာက လိမ္မော်သီး ၃ လုံး (လိ ၄ မ္မော် ၅) လဘ္ခက်ရည်ကြမ်း တစ်ခွက် (လ ၄ ဘ္ခက် ၅) လိမ္မော်သီး ၃ လုံးကို လင်ဗန်း (လင် ၄ ဗန်း ၅) တစ်ဗန်း ထဲထည့်ပီး မိမိနေအိမ် ဘုရားကျောင်းဆောင်မှာ ကပ်လှူပေးပါ… လင်ဗန်းက …
ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်…
ဗေဒင်
ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်…
ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်… စနေနေ့တိုင်းလုပ်လျှင် အကြွေးကြေ ငွေဝင်လာဘ်ပွင့်စေပါတယ်။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ရက်တစ်ပတ်လျှင် တစ်ကြိမ် စနေနေ့ ကျရောက်သည့် နေ့တွင် ခြေသည်းလက်သည်းညှပ်ခြင်း၊ ဆံပင်ညှပ်ခြင်း (သို့မဟုတ်) ခေါင်းလျှော် ခေါင်းဆေးမင်္ဂလာပြုလုပ်၍ ရေချိုးကာသန့်စင်ခြင်း …၊ အိမ်အတွင်းရှိအမှိုက်သရိုက်များ သန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊ အိမ်ထမင်းစားခန်း သီးသန့်ရှိလျှင် ထိုအခန်းအတွင်းကို သန့်ရှင်းရေးပြုလုပ်ပါ။ မိသားစုပျော်ရွှင်ရယ်မောစေသည့် ဓါတ်ပုံများ၊ ကျက်သရေရှိပြီး လှပသောပန်းပုံများကို တပ်ဆင်ထားလျှင် အင်မတန် စီးပွားတက် လာဘ်ရွှင်စေပါတယ် …။ ပိုက်ဆံ 1000ဖြစ်စေ 10000ဖြစ်စေ ပံသကူပစ်လှူခြင်း၊ သံဃာတော်ဘုန်းကြီး သူတော်စင်များ၊ သက်ကြီးရွယ်အိုများကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများ လှူဒါန်းပေးရခြင်း၊ …
ဗေဒင်
မြန်မာနိုင်ငံ၏ အနာဂါတ်ဟောကိန်း – (ဆရာ လင်းညို့တာရာ)
မြန်မာနိုင်ငံ၏ အနာဂါတ်ဟောကိန်း – (ဆရာ လင်းညို့တာရာ) မြန်မာနိုင်ငံကြီးနဲ့ ပတ်သက်ပြီး လာလာမေးကြတယ် ကျွန်တော်ကလည်း ဟောကိန်းတွေ ဟောချက်တွေ ဘာမှမပြောချင်တာနဲ့ ငြိမ်နေခဲ့တာပါ ဒါပေမယ့် ယုံကြည်သူများက သိချင်တယ် တစ်ကဲကဲ မို့ ဟောကိန်းအချို့ ထုတ်ပြပါရစေ …. ၁. ကိုဗစ်ရောဂါဟာ မြန်မာနိုင်ငံမှာ အနည်းဆုံး လူတစ်သောင်းဝန်းကျင်လောက် ကူးစက်သွားပါလိမ့်အုန်းမည်။ ၂. ပိတ်ပင်ထားသော မြို့များတွင်လည်း ထပ်မံတွေ့ ရှိရတတ်ပြီး စီးပွားရေးကပ်ဆိုက်တတ်ပါလိမ့်မည်။ ၃. ပွဲလမ်းသဘင်များ အားလုံးပိတ်ပင်ခံရပြီး ကိုဗစ်ရောဂါအပြင် အခြားစိတ်ရောဂါများကြောင့် ၂၀၂၁ အတွင်း စိတ်ကျသူများ ၊ သတ်သေသူများ ၊ အကြွေးမြီးများဖြင့် ဒုက္ခရောက်သူများ ပေါများလာတတ်သည်။ ၄. ကိုဗစ်အခြေအနေသည် ၁၁ …