2021ခုနွစ် (3)လပိုင်းအတြက္တစ္လစာ ကံကြမ္မာအထူးဟောစာတမ်း(ကြာသပတေး၊သောကြာ၊စနေ) - YATHAZONE
ဗေဒင်
Credit
Unicode
2021ခုနွစ် (3)လပိုင်းအတြက္တစ္လစာ ကံကြမ္မာအထူးဟောစာတမ်း(ကြာသပတေး၊သောကြာ၊စနေ)
1.3.2021မှ 31.3.2021ထိ မိတ်ဆွေများအားလုံးအတွက် ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့မမေ့နဲ့နော်
ကြာသပတေးသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း
ငွေကုန်ကြေးကျ များမည်။မိမိလုပ်ငန်းလုပ်တွင် အခက်အခဲအမျိုးမျိုးနှင့်တွေ့ကြုံရပြီး စကားအချေအတင်ပြောဆိုမှုများ အမှုကိစ္စများပေါ်ပေါက်တတ်၍ သတိနှင့်နေသွားရန်လို့အပ်ပါသည်။လူလိမ်ခံရတတ်သည်။မိတ်ဆွေကောင်းနှင့်စိတ်ဝမ်းကွဲမည်။
မိဘဆွေမျိုးတို့နှင့်ပြသာနာဖြစ်တတ်သည်။ချစ်မှုရေးရာတွင် စန်းပွင့်မည်။ပညာရေးတွင် စိတ်အပူပင်ကျနေမည်။ငွေဆုံးရှုံးမှုများ ကြုံတွေ့ရတတ်သည်။အိမ်ထောင်ရေးတွင် နှောက်ယှက်မှုများကြုံတွေ့ပြီး စိတ်သောကရောက်၍ အခက်ခဲများကျရောက်နေတတ်မည်။
စီးပွားရေးလုပ်ငန်းတွင် လယ်ယာဥယျာဉ်ခြံထွက်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း အထူးအကျိုးပေးမည်။ကျန်းမာရေးညံ့တတ်သည်။အထူးသဖြင့် အစာအိမ်နှင့်လေနာရောဂါများ ခံစားရတတ်သည်။
တစ်လတာယတြာ။မိမိမွေးနေ့တွင်မေမြို့ပန်း(၁၉)ခက်ကိုဘုရားမှာလှူပေးပါ။သံဃာတော်အားဘယာကြော်(၁၉)ခုကပ်လှူပေးပါ။သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ဆရာမင်းသုခ Ph-09440243656(viber)
သောကြာသာသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်
လုပ်ငန်းသစ်များ တိုးချဲ့လျှင် အောင်မြင်မှုကြုံမည်။စးီပွားလာဘ်လာဘ ကောင်းမည်။ပညာရေး ကောင်းမည်။ချစ်မှုရေးရာကိစ္စတွင် စန်းပွင့်မည်။နိုင်ငံရပ်ခြား ခရီးထွက်ရခြင်း(သို့)ဘုရားဖူး ခရီးထွက်ရခြင်း ကြုံတွေ့မည်။စက်ပစ္စည်းဝင်မည်။ငွေအစုပုံကိုင်းရတတ်သည်။
ခြံ မြေ အကျိုးပေး၍ဝင်တတ်မည်။လုပ်ငန်းနှင့်ပက်သက်၍ ရာထူးတိုးခြင်း ဌာနနေရာပြောင်းရခြင်း လေသံများ ထွက်ပေါ်လာတတ်မည်။လက်ထပ်မင်္ဂလာပြုလုပ်ရခြင်းများ ကြုံတွေ့တတ်သည်။ရွှေပစ္စည်းဝင်တတ်သည်။
စီးပွားရေးလုပ်ငန်းတွင် ဆေးဝါးကုသမှုလုပ်ငန်း/စက်မှုလက်မှုလုပ်ငန်း/လျှပ်စစ်ပစ္စည်းနှင့်အစုရှယ်ယာလုပ်ငန်းတို့မှ အကျိုးအမြတ်ရရှိမည်။အိမ်နီးချင်း ပတ်ဝန်းကျင်နှင့်ပြသာနာဖြစ်တတ်သည်။ကျန်းမာရေးညံရတတ်သည်။
အထူးသဖြင့်ကိုယ်လက် ရောင်လာခြင်း/သွေးတိုးသွေးကျဖြစ်ခြင်း/ဦးခေါင်းဝေဒနာခံစားရခြင်းများကြုံတွေ့တတ်သည်။
တစ်လတာယတြာ…..မိမိမွေးနေ့တွင်ဝါးညွန့်(သို့မဟုတ်)ရွက်လှ(၂၁)ခက်၊ ထောပတ်ဆိမီးခွက်(၃)ခွက် အိမ်ဘုရားစဉ်မှာ ထွန်းညှိပူဇော်ပေးပါ၊၊သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ဆရာမင်းသုခ Ph-09440243656(viber)
စနေသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း
သူတစ်ပါးချီးမွမ်းခံရမည်။ဂုဏ်သတင်းကျော်ကြားခြင်းနှင်ထင်ပေါ်စီးပွားတိုးမည်။လာဘ်ကောင်းနှင့်အောင်မြင်တတ်သည်။အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ဤလ၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ ငွေအစုလိုက် အပုံလိုက် ဝင်လာလိမ့်မည်။
လက်ရှိအခြေအနေထက် အဆပေါင်းများစီးပွားတက်လိမ့်မည်။မိမိလုပ်ငန်းများကို အင်နှင့်အားနှင့်တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။မိမိအားပြဿနာလုပ်နေသူများရှိလျှင့် အဆင်ပြေသွားမည်။မသင့်မြတ်သူများနှင့်ပြန်လည်သင့်မြတ်သွားမည်။
နေရာအခြေချဖို့၊အလုပ်သစ်စဖို့၊ဘဝအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေချဖို့မသင့်သေးတဲ့ကာလပါပဲ။ဘာပဲလုပ်လုပ် အထစ်အငေါ့လေးကြုံပြီးမှ အဆင်ပြေလိမ့်မည်။ မိမိလုပ်လိုက်တဲ့ ကိစ္စတစ်ခုက မိခင်နဲ့မကြိုက်တဲ့ ကိစ္စဖြစ်နေတတ်မည်။ကိုယ်လက်မအီမသာဖြစ်တာ အိပ်ရေးမဝတာမျိုးခံစားရလိမ့်မည်။
ကျန်းမာရေး ဂရုစိုက်ပါ။အချစ်ရေးမှာ ဝေးနေတဲ့ ချစ်သူတွေအဆင်ပြေနေပေမဲ့ အနေနီးကြတဲ့ချစ်သူချင်းကတော့ နားလည်မှုလွဲနေတတ်သည်။မိသားစုအတွင်း ကျန်းမာရေးညံသူများကြောင့် ဗျာများရတတ်သည်။
ကိစ္စကြီးငယ်ရှိက ခေါင်းအေးအေးထားပြီး ဆောင်ရွက်ပါ။ပညာရေးမှာ တတ်မြောက်လွယ်မည်။အချစ်ရေး၌ ဝေခွဲရခက်နေသလို ခံစားနေရတတ်သည်။တစ်လတာယတြာ …..မိမိ၏အိမ်ဘုရားစဉ်မှာ ပန်း(၁၀)ပွင၊့် ဖယောင်းတိုင် (၁၀)တိုင်၊ ဖယောင်းတိုင်(၁၀)တိုင်ထွန်းညှိပူဇော်ပေးပါ။
သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ဆရာမင်းသုခ Ph-09440243656(viber)သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….
2021 နှစ်သစ်အတွက် မိမိကံကြမ္မာအဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သည်။ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံကြပါစေ
ကံဇာတာအညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ…ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသုခ ၇၃လမ်း/၃၄-၃၅လမ်းကြား ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့ Ph-09440243656 ဗေဒင်နှင့်လက္ခဏာမေးမြန်းလိုသူများအတွက်
Credit
No Comments
Leave a Reply
Your email address will not be published.
၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ
ဗေဒင်
၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ
၇ လပိုင်းအတွက် ခုပြောပြပေးထားတဲ့ ယတြာလေးကို သေသေချာချာလိုက်လုပ်ကြပါ လုပ်ငန်းစီးပွား၊ ငွေကြေးနဲ့ပတ်သက်တဲ့ အခက်အခဲ ငွေကြေးကံအညံ့ လာဘ်မရွှင်မှု ငွေကြေး လာဘ်တိတ်မှုတို့ကို သိသိသာသာ သက်သာစေပီး ငွေကြေး အခက်အခဲများ ပြေလည်ခြင်း ငွေကြေး ကံကောင်းခြင်း လာဘ်လာဘပေါများခြင်း လာဘ်ပွင့်ခြင်း အကျိုးအားကောင်းစေပါလိမ့်မယ်။ ယတြာအတွက်လိုအပ်တာက လိမ္မော်သီး ၃ လုံး (လိ ၄ မ္မော် ၅) လဘ္ခက်ရည်ကြမ်း တစ်ခွက် (လ ၄ ဘ္ခက် ၅) လိမ္မော်သီး ၃ လုံးကို လင်ဗန်း (လင် ၄ ဗန်း ၅) တစ်ဗန်း ထဲထည့်ပီး မိမိနေအိမ် ဘုရားကျောင်းဆောင်မှာ ကပ်လှူပေးပါ… လင်ဗန်းက …
ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်…
ဗေဒင်
ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်…
ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်… စနေနေ့တိုင်းလုပ်လျှင် အကြွေးကြေ ငွေဝင်လာဘ်ပွင့်စေပါတယ်။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ရက်တစ်ပတ်လျှင် တစ်ကြိမ် စနေနေ့ ကျရောက်သည့် နေ့တွင် ခြေသည်းလက်သည်းညှပ်ခြင်း၊ ဆံပင်ညှပ်ခြင်း (သို့မဟုတ်) ခေါင်းလျှော် ခေါင်းဆေးမင်္ဂလာပြုလုပ်၍ ရေချိုးကာသန့်စင်ခြင်း …၊ အိမ်အတွင်းရှိအမှိုက်သရိုက်များ သန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊ အိမ်ထမင်းစားခန်း သီးသန့်ရှိလျှင် ထိုအခန်းအတွင်းကို သန့်ရှင်းရေးပြုလုပ်ပါ။ မိသားစုပျော်ရွှင်ရယ်မောစေသည့် ဓါတ်ပုံများ၊ ကျက်သရေရှိပြီး လှပသောပန်းပုံများကို တပ်ဆင်ထားလျှင် အင်မတန် စီးပွားတက် လာဘ်ရွှင်စေပါတယ် …။ ပိုက်ဆံ 1000ဖြစ်စေ 10000ဖြစ်စေ ပံသကူပစ်လှူခြင်း၊ သံဃာတော်ဘုန်းကြီး သူတော်စင်များ၊ သက်ကြီးရွယ်အိုများကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများ လှူဒါန်းပေးရခြင်း၊ …
ဗေဒင်
မြန်မာနိုင်ငံ၏ အနာဂါတ်ဟောကိန်း – (ဆရာ လင်းညို့တာရာ)
မြန်မာနိုင်ငံ၏ အနာဂါတ်ဟောကိန်း – (ဆရာ လင်းညို့တာရာ) မြန်မာနိုင်ငံကြီးနဲ့ ပတ်သက်ပြီး လာလာမေးကြတယ် ကျွန်တော်ကလည်း ဟောကိန်းတွေ ဟောချက်တွေ ဘာမှမပြောချင်တာနဲ့ ငြိမ်နေခဲ့တာပါ ဒါပေမယ့် ယုံကြည်သူများက သိချင်တယ် တစ်ကဲကဲ မို့ ဟောကိန်းအချို့ ထုတ်ပြပါရစေ …. ၁. ကိုဗစ်ရောဂါဟာ မြန်မာနိုင်ငံမှာ အနည်းဆုံး လူတစ်သောင်းဝန်းကျင်လောက် ကူးစက်သွားပါလိမ့်အုန်းမည်။ ၂. ပိတ်ပင်ထားသော မြို့များတွင်လည်း ထပ်မံတွေ့ ရှိရတတ်ပြီး စီးပွားရေးကပ်ဆိုက်တတ်ပါလိမ့်မည်။ ၃. ပွဲလမ်းသဘင်များ အားလုံးပိတ်ပင်ခံရပြီး ကိုဗစ်ရောဂါအပြင် အခြားစိတ်ရောဂါများကြောင့် ၂၀၂၁ အတွင်း စိတ်ကျသူများ ၊ သတ်သေသူများ ၊ အကြွေးမြီးများဖြင့် ဒုက္ခရောက်သူများ ပေါများလာတတ်သည်။ ၄. ကိုဗစ်အခြေအနေသည် ၁၁ …