ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင် - YATHAZONE


Health











Unicode

၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်

Hello မလှချင်တို့ရေ ဒီကမလှချင်နဲ့ အတူတူ လိုက်လုပ်ရအောင် သဘာဝနည်းလမ်းလေးတွေနဲ့ ပီးရင် အတူတူလှကြတာပေါ့ It’s skin care time!!! ဒီတစ်ပတ်တော့ အမေးများနေတဲ့ မေးခွန်းတွေ ထဲက တစ်ခုဖြစ်တဲ့ တင်းတိပ်တွေ ထွက်နေတယ် ဝက်ခြံအမာရွတ်တွေ ရှိနေတယ် အဆီဖုတွေ ဖြစ်နေတယ်

အမဲစက်တွေကြောင့် စိတ်ညစ်နေ ရတယ် ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူရိုးရှင်းပြီး အကုန် အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ….ဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ ပါဝင်ပစ္စည်းက အာလူးတစ်မျိုးတည်းလား ?

Yes – အာလူးတစ်မျိုးတည်းပါပဲ ဒါပေမယ့်လည်း ပိုပြီးထိရောက်စေတဲ့ နည်းလမ်းလေးတော့ ရှိတာပေါ့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်ရအောင်။ ပြုလုပ်ပုံ အာလူးကို ရေစင်အောင်ဆေးပါ အခွံနွှာပါ

သနပ်ခါးကျောက်ပျဉ်ကိုလည်း ရေစင်အောင်ဆေးပါ (I ကတော့ ရေပူနဲ့ ဆေးပါတယ် မျက်နှာမှာသုံးမှာဖြစ်တဲ့အတွက် bacteria မဝင်ဖို့ သတိထားရပါမယ်) အခွံနွှာထားတဲ့ အာလူးကို ရေအနည်းငယ်ဖြင့် ကျောက်ပျဉ်ပေါ်သွေးပါ ပြီးရင် အာလူးကိုယူပြီး မျက်နှာပေါ်လိမ်းပေးပါ

အရေကုန်သွားရင် ထပ်သွေးပြီး လိမ်းပါ(သွေးထားတဲ့ အရည်ကို မလိမ်းပါဘူးနော်… သွေးထားတဲ့ အာလူးကို ကိုင်ပြီးလိမ်းတာပါ) ဘာကြောင့် သွေးပေးတာ လဲဆိုတော့ အာလူးထဲက အာနိသင်တွေ ပိုထွက်စေချင်လို့ပါရှင့် လိမ်းပြီးပြီဆိုရင် လုံးဝခြောက်ပြီး တင်းလာ တဲ့အထိ မိနစ် ၂၀ ခန့်ထားပေးပါ ပြီးရင်တော့ မိမိသုံးနေကျ facial foam လေးနဲ့ မျက်နှာသစ်လို့ရပါပြီ

ဒီနည်းကတော့ တကယ်ကို ထိရောက်ပြီး ဘေးဥပဒ် (side effect) မရှိတာမို့ တင်းတိပ်အရမ်းများနေတဲ့သူများ၊ အမှန်တကယ် လိမ်းဖို့လိုအပ်နေ တဲ့သူများနေ့တိုင်း လိမ်းပေးလို့ရ ပါတယ်နော် ဒီနည်းလမ်းလေးကို တစ်ချို့က သိတယ် တစ်ချို့က မသိဘူး တစ်ချို့ ကလည်း သိရက်နဲ့ မလုပ်ဘူး Why?

ဘယ်အရာမဆို ဒီနေ့လုပ် ဒီနေ့ပျောက် ဆိုတာ မရှိပါဘူးနော်…. စိတ်ရှည်ရှည် လုပ်မှ result တစ်ခုကို ရတာပါနော် ဒီတစ်ပတ် လွယ်ကူ ရိုးရှင်းတဲ့ အိမ်တွင်း သဘာဝ အသားအရည် ထိန်းသိမ်းတဲ့ နည်းလမ်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်

Iကိုယ်တိုင်က အားလုံးကို လှစေချင်လို့ မေတ္တာဖြင့် sharing လုပ်ပေးခြင်းဖြစ်တာကြောင့် ဒီနည်းလေးကို မသိသေးတဲ့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေအတွက်လည်း post လေးကို ထပ်ပြီး ဝေမျှပေးလိုက်ပါဦး ပေးလိုက်ကြဦးနော်

လေးစားစွာဖြင့် ခရက်ဒစ် ချစ်သော Irene Pretty

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …