ရိုးသားမှုကိုတန်ဖိုးထားတဲ့ သူတွေသိထားသင့်တဲ့ အားနည်းချက်လေးများ - YATHAZONE
Life Style
(၁) အလိမ်ခံရမယ်”
(၂) ပစ်မှတ်ထားခံရမယ်”
(3) လွယ်တယ် ထင်ခံရတယ်”
Credit
Unicode
ရိုးသားမှုကိုတန်ဖိုးထားတဲ့ သူတွေသိထားသင့်တဲ့ အားနည်းချက်လေးများ
ရိုးသားမှုဆိုတာ အလွန်တရာတန်ဖိုးရှိတဲ့ ဂုဏ်တစ်ခုပါပဲ။ ရိုးသားမူကို ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။ ရိုးသားမှုဆိုတာ လူတိုင်းမှာ မတွေ့နိုင်လို့ ရိုးသားသူတွေဟာ တန်ဖိုးထား၊လေးစားစရာ အရမ်း ကောင်းလွန်းပါတယ် ။
သို့သော်လည်းပဲ လောကမှာ အဆိုးနဲ့အကောင်း ဒွန်တွဲနေတာကြောင့် ရိုးသားတာကလည်းဘဲ အားနည်းချက်တစ်ခုလို ဖြစ်သွားတတ်ပါတယ် ။ ရိုးသားမှုကို အမြဲထားလို့ ဘယ်လို အားနည်းချက်တွေ ဖြစ်သွားတတ်လဲ ဆိုရင်
(၁) အလိမ်ခံရမယ်”
ရိုးသားတဲ့သူတွေရဲ့ အကျင့်က အမြဲတမ်း စိတ်ခံအတိုင်း တွေးတတ်ကြတာပါ။ တခြားသူတွေကိုလည်း ကိုယ့်လို ရိုးသားမယ် ထင်ပြီး သူတို့ ဟန်ဆောင်တာတောင် မရိပ်မိတတ်ကြပါဘူး ။
အရှိကို အရှိအတိုင်း အဖြောင့်အတိုင်း သဘာဝအတိုင်း တွေးတတ်ကြတာဟာ လိမ်လည်လှည့်ဖြား ချင်သူတွေအတွက်တော့ သဘောကျစရာ အချက်တစ်ချက် ဖြစ်လို့နေတတ်ပါတယ် ။
ရိုးသားမှုကိုတန်ဖိုးထားတဲ့ သူတွေသိထားသင့်တဲ့ အားနည်းချက်လေးများ
(၂) ပစ်မှတ်ထားခံရမယ်”
လိမ်လည် တတ်သူတွေ မကောင်းတဲ့ သူတွေက ဘယ်တော့မှ သူတို့လို လူတွေနဲ့ လည်တဲ့သူတွေကို လိမ်ဖို့ ပစ်မှတ် မထားကြပါဘူး ။ရိုးသားတဲ့သူ၊ မသိနားမ လည်တဲ့သူနဲ့ နုံအသူတွေ ကိုသာ အဓိက ပစ်မှတ်ထားပြီး
လိမ်လည်ဖို့ ရာဇဝတ် မူတွေ ကျူးလွန်ဖို့ကို ပြုလုပ်တတ် ကြတာပါ ။တစ်ခါတစ်ရံမှာ သင့်ရဲ့ ရိုးသားမှုကလည်း ရာဇဝတ် မှုတွေကို လက်ယပ်ခေါ်နေသလို ဖြစ်နေတတ် ပါတယ် ။
(3) လွယ်တယ် ထင်ခံရတယ်”
ရိုးသားတဲ့သူ အများစုကတော့ သူတို့ သိကြတတ်ကြ နားလည်ရင်တောင်မှ ကိုယ့်အပေါ် မရိုးသားတာ လုပ်ခဲ့တာကို ကံရှိလို့ အကြောင်းပါလို့ ဆိုပြီး တွေးလိုက်ကြတာက များပါတယ် ။အခုလိုမျိုး မသိချင်ယောင်ဆောင်ပေး
တတ်တာမျိုး ခွင့်လွှတ်ပေး မိတာက ကိုယ့်အတွေးနဲ့ဆို ဟုတ်သယောင် ရှိပေမယ့် မကောင်းတဲ့သူတွေနဲ့ သင့်ကို အသုံးချတဲ့ သူတွေကတော့ သင်ကို လိမ်ဖို့ လွယ်လိုက် တာလို့ ထင်သွားတတ်ကြပါတယ် ။
ရိုးသားမှုကိုတန်ဖိုးထားတဲ့ သူတွေသိထားသင့်တဲ့ အားနည်းချက်လေးများ
(4) နုံတဲ့သူ တစ်ယောက်လို ဆက်ဆံခံရနိုင်တယ်”
သင့်ရဲ့ ရိုးသားမှုက အားသာချက်လို့ ထင်နိုင်ပေမယ့် တစ်ချို့သူတွေအတွက်တော့ သင့်ရဲ့ရိုးသားမှုက သူတို့အတွက် အခွင့်ကောင်းပဲ ဖြစ်ပါတယ်။သင့်ရဲ့ ရိုးသားတဲ့ အချက်ကို အသုံးချပြီး သင့်အပေါ်မှာ လူလည်ကျသွားတာတွေ ရှိတတ်ပါတယ်။ သူတို့တွေရဲ့ အမြင်မှာတော့ သင်က နုံ အ တဲ့သူတစ်ယောက် ဖြစ်နေမှာပါ ။
(5) အခွင့်အရေးတွေ ဆုံးရှုံးရမယ်”
ရိုးသားတဲ့ သူတွေက မရိုးမသားတာတွေ ဖြစ်သွားမှာကို သိပ်ကိုဝန်လေးတာကြောင့် ကိုယ့်ဆီကို အခွင့်အရေးတွေ လာရင်တောင် သံသယတွေ ပွားနေတတ်ပါတယ် ။ဒါကြောင့် လက်လွှတ်ရတဲ့ အခွင့်အရေးတွေလည်း ရှိပြီ
သူများကို ဦးစားပေးလိုက်တာမျိုးလည်း ရှိလို့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေရတတ်ပါတယ် ။ပရိတ်သတ်ကြီးလည်း ဒီအချက်တွေကို သိပြီးပြီဆိုတော့ အားနည်းချက်လေးတွေကို ရှောင်ကြဉ်နိုင်ကြပါစေနော် ။ ။
Credit
No Comments
Leave a Reply
Your email address will not be published.
Life Style
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။ ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယားမှာ သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ ! သားသမီးသုံးယောက်ကိုလဲ.. စိတ်မဝင်စားတော့.. သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။ မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် …
Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …
Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …