မဲညစ်နေတဲ့ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ - YATHAZONE
Health
(၁) ရှားစောင်းလက်ပတ်
(၂) ဒိန်ချဉ်
(၄) ပဲမှုန့်
Credit – မူရင်း
Unicode
မဲညစ်နေတဲ့ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ
ပျိုမေတို့ အနေနဲ့ အတိုတွေ၊ လက်ပြတ်တွေ ဝတ်တဲ့အခါ ချိုင်းသားတွေ၊ ပေါင်ခြံတွေမဲနေရင် ကိုယ့်ကိုယ်ကို ယုံကြည် မှုတွေ လျော့နည်းနေ တတ်ပါတယ်။အခုဖော်ပြပေးမှာ ကတော့
ငွေကုန်ကြေး ကျလည်း သက်သာ တဲ့အပြင် လွယ်ကူ ရိုးရှင်းပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ် လို့ရတဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် အားလုံး လုပ်ကြည့်လို့ အဆင်ပြေမှ ာပါနော် ။
(၁) ရှားစောင်းလက်ပတ်
လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အနှစ်ကိုယူပြီး မည်းနေတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်ခြံတွေအပြင် တခြားမဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကို လိမ်းပေးပါ။လိမ်းပေးပြီးတဲ့အခါမှာတော့ မိနစ် ၂၀ လောက်ထားပြီး ရနွေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲ။ ထူးခြားတဲ့အာနိသင်ကို ချက်ချင်းတွေ့မြင်ပါ လိမ့်မယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ် အသန့်ကို ယူပြီး မည်းနေ တဲ့ခန္ဓာကိုယ် အစိတ်ပိုင်းတွေ ကို လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေး နဲ့ ဆေးကြောပေးလိုက် ရုံပါပဲနော် ။
(၃) စနွင်းမှုန့်နဲ့ လိမ္မော်ရည်
လိမ္မော်ရည်နဲ့ စနွင်းမှုန့်အနည်းငယ် ကိုရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို မည်းနေတဲ့ အစိတ်အ ပိုင်းတွေမှာ လိမ်းပြီး မိနစ် ၂၀ ခန့်ထားပြီးမှ ရေနွေးဖြင့် ဆေးကြောပေးလိုက်ပါ။နေ့စဉ် ပုံမှန် ပြုလုပ်ပေးသွားရင် သိသာထင်ရှားတဲ့ ရလဒ်ကို ရက်ပိုင်း အတွင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
(၄) ပဲမှုန့်
ပဲမှုန့်ကို ရေအနည်းငယ်ရောပြီး ခပ်ပျစ်ပျ ဖျော်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မည်းနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ လိမ်းပြီး နာရီဝက်အကြာမှာ ရေနွေးလေးနဲ့ ဆေးကြောပေးပါ ။နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် သိသာ ထင်ရှားတဲ့ ရလဒ်ကို အမြန်ဆုံးရ ရှိမှာပဲ ဖြစ်ပါတယ်နော် ။ ။
Credit – မူရင်း
No Comments
Leave a Reply
Your email address will not be published.
Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …
Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …
Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …