ငယ္႐ြယ္စဥ္ ဆံပင္ျဖဴရျခင္း အေၾကာင္းရင္းမ်ား - YATHAZONE

ငယ္႐ြယ္စဥ္ ဆံပင္ျဖဴရျခင္း အေၾကာင္းရင္းမ်ား

ငယ္႐ြယ္စဥ္ ဆံပင္ျဖဴရျခင္း အေၾကာင္းရင္းမ်ား
Knowledge

ငယ္႐ြယ္စဥ္ ဆံပင္ျဖဴရျခင္း အေၾကာင္းရင္းမ်ား

“ဆရာရယ္။ က်မသမီးေလးက ခုမွ ၉တန္းပဲရွိေသးတယ္။ ၾကည့္ပါဦး။ ေခါင္းမွာ ဆံပင္ျဖဴေတြေပါက္ေနၿပီ။ ဘယ္လိုလုပ္ရမလဲမသိဘူး။

ကေလးက အ႐ြယ္ေလးလည္းေရာက္လာၿပီဆိုေတာ့ ရွက္တာေပါ့။ သူ႔ေခါင္းကဆံပင္ျဖဴေတြကို သူငယ္ခ်င္းေတြျမင္ရင္ စၾကလို႔တဲ့။ ငိုေတာင္ငိုရတယ္”

အသက္ငယ္႐ြယ္သူေတြမွာ ဆံပင္ျဖဴေပါက္တာကလည္း အျဖစ္မ်ားတဲ့က်န္းမာေရးျပႆနာတစ္ခုပါပဲ။ အသက္ႀကီးလာလို႔ သဘာဝအတိုင္းဆံပင္ေတြျဖဴလာတာက ျပႆနာမရွိေပမယ့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ဆံပင္ျဖဴေပါက္ရင္ေတာ့ ေတာ္ေတာ္စိတ္ညစ္ၾကရတယ္။

ခုလိုမ်ိဳး ဆယ္ေက်ာ္သက္အ႐ြယ္ေက်ာင္းသူေလးဆိုေတာ့ ပိုဆိုးတာေပါ့။ လွခ်င္ပခ်င္တဲ့အ႐ြယ္ဆိုေတာ့သူ႔ခမ်ာ ရွက္ရွာမွာေပါ့ေလ။

က်ေနာ့္သူငယ္ခ်င္းေတြထဲမွာလည္း အထက္တန္းေက်ာင္းသားအ႐ြယ္ေလာက္ကတည္းက ဆံပင္ျဖဴေပါက္တဲ့သူေတြ ေတြ႕ဖူးတယ္။ ေဆးေက်ာင္းတက္ေနရင္းနဲ႔ ဆံပင္ေတြျဖဴလာတဲ့သူေတြလည္း အမ်ားႀကီးေတြ႕ဖူးတယ္။

အခုအသက္ ၄၀ ေက်ာ္အ႐ြယ္သူငယ္ခ်င္းေတြထဲမွာေတာ့ တေခါင္းလုံးနီးပါးျဖဴေနတဲ့သူ တစ္ေယာက္စႏွစ္ေယာက္စရွိေနၿပီေလ။

ဆံပင္ျဖဴရတဲ့အေၾကာင္းရင္းကိုသိဖို႔အတြက္ ဆံပင္ေတြကဘာေၾကာင့္အမည္းေရာင္ျဖစ္ေနတာလဲဆိုတာ အရင္ေလ့လာၾကည့္ၾကရေအာင္။

အမွန္ကေတာ့ က်ေနာ္တို႔ႏိုင္ငံမွာသာ ဆံပင္ဆိုရင္အမည္းေရာင္ပဲလို႔သိၾကေပမယ့္ ကမာၻ႔လူဦးေရအခ်ိဳးအစားနဲ႔တြက္ၾကည့္ရင္ ကမာၻ႔လူဦးေရရဲ႕ သုံးပုံတစ္ပုံ ၃၆% ေလာက္က ဆံပင္အညိဳေရာင္ဗ်။ က်ေနာ္တို႔ကလည္း ကိုယ့္ဆံပင္ကိုကိုယ္အမည္းေရာင္လို႔ထင္ေနၾကေပမယ့္ ေသေသခ်ာခ်ာၾကည့္ရင္ အညိဳဘက္ကိုလုေနတာမ်ားပါတယ္။

တကယ္ကိုဆံပင္ေတြမည္းနက္ေနတတ္တာက အာဖရိကန္အႏြယ္ဝင္ေတြပါ။ ၿပီးေတာ့ ေဒၚနယ္ထြမ့္လိုဆံပင္အဝါေရာင္ေတြက ကမာၻ႔လူဦးေရရဲ႕ ၂၉% ရွိပါတယ္တဲ့။

ေဂ်ာ့ခ်္ကလူးနီလို ဆံပင္မီးခိုးေရာင္ေတြကေတာ့ ၁၅% ရွိၿပီး၊ လုံးဝမည္းနက္ေနတဲ့ဆံပင္ပိုင္ရွင္ေတြကေတာ့ ၁၂% ေလာက္ပဲရွိပါတယ္။ က်န္တဲ့ ၈% ေလာက္က ဆံပင္အနီေရာင္ေတြပါတဲ့။ အဲ့ဒါေၾကာင့္ ေအာ္ရီဂ်င္နယ္ဆံပင္ျဖဴတဲ့မ်ိဳးႏြယ္ကေတာ့ ေတာ္ေတာ္ကိုရွားတယ္ေျပာရမွာပါ။

အဲ့ဒီလို လူေတြရဲ႕ဆံပင္အေရာင္ေတြကို ညိဳ၊ နက္၊ ဝါ၊ နီ ျဖစ္ေစဖို႔အတြက္ အလုပ္လုပ္ေပးေနတာက Melanin လို႔ေခၚတဲ့ အေရာင္ျခယ္တဲ့ဓာတ္တစ္မ်ိဳးပါ။ အဲ့ဒီ Melanin ကိုထုတ္ေပးတဲ့ေနရာက အေရျပားေအာက္က ဆံပင္ထြက္တဲ့အေမြးအိတ္ကေလးေတြရဲ႕အရင္းနားမွာရွိပါတယ္။

အသက္ႀကီးလာလို႔ပဲျဖစ္ေစ၊ တျခားအေၾကာင္းတခုခုေၾကာင့္ပဲျဖစ္ေစ အဲ့ဒီ Melanin ကိုမထုတ္ႏိုင္ေတာ့ရင္ ဆံပင္ေတြကအေရာင္ေတြမထြက္ေတာ့ဘဲ အျဖဴေရာင္ျဖစ္လာတာပါပဲ။ ဆိုေတာ့ အသက္အ႐ြယ္ေၾကာင့္မဟုတ္ဘဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ဆံပင္ျဖဴေစတဲ့အေၾကာင္းေတြက ဘာေတြလဲ။

(၁)မ်ိဳး႐ိုးလိုက္တာေၾကာင့္လည္း ဆံပင္ျဖဴတတ္တယ္။ မိဘဘိုးဘြားေတြက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ဆံပင္ျဖဴတယ္ဆိုရင္ ကိုယ္လည္းအဲ့ဒီလိုပဲငယ္ငယ္ေလးနဲ႔ဆံပင္ျဖဴတတ္တယ္။ အဲ့ဒါကေတာ့ ေရွာင္လႊဲလို႔မရဘူး။ ျပဳျပင္လို႔မရဘူး။ ကိုယ့္မိဘဘိုးဘြားေတြကိုသာ အျပစ္တင္ေပေတာ့ပဲ။

(၂)စိတ္ဖိစီးမႈမ်ားတာေၾကာင့္လည္း ဆံပင္ျဖဴတတ္တယ္။ ဒါကလည္း လူေတာ္ေတာ္မ်ားမ်ားယုံၾကည္ထားၾကၿပီးသားပါ။ အလုပ္ေတြရႈပ္လြန္းလို႔၊ ေခါင္းေတြေျခာက္လြန္းလို႔ ဆံပင္ေတြျဖဴကုန္ပါၿပီဆိုတာ တကယ္ပါေနာ္။ သိပၸံနည္းက်စမ္းသပ္ထားတဲ့ အေျဖေတြလည္းရွိပါတယ္။

စိတ္ဖိစီးမႈမ်ားတာ၊ Stress မ်ားတာနဲ႔ ဆက္စပ္ၿပီးေတာ့ ညညအိပ္မေပ်ာ္တာေတြ၊ စိတ္တိုလြယ္တာေတြ၊ အစားအေသာက္ပ်က္တာေတြ၊ ေသြးေပါင္ခ်ိန္တက္တာေတြပါ ျဖစ္တတ္ပါတယ္။

(၃)Autoimmune လို႔ေခၚတဲ့ လူ႔ခႏၶာကိုယ္ခုခံအားစနစ္ေဖာက္ျပန္တဲ့ေရာဂါေတြေၾကာင့္လည္း ဆံပင္ျဖဴတတ္တယ္။ ထိပ္ေျပာင္တာ၊ ဆံပင္ကြၽတ္တာ၊ သမင္ျဖဴကြက္ေတြေပၚတာနဲ႔လည္း ဆက္စပ္ေနတယ္။

(၄)သိုင္း႐ြိဳက္ေဟာ္မုန္း နည္းလြန္းတဲ့ Hypothyroidism ေရာဂါနဲ႔၊ မ်ားလြန္းတဲ့ Hyperthyroidism ေရာဂါေတြမွာလည္း Melanin ထြက္တာကိုထိခိုက္ၿပီး ဆံပင္ေတြျဖဴတတ္တာေတြ႕ရတတ္တယ္။

(၅)Vitamin B 12 ဓာတ္ခ်ိဳ႕တဲ့သူေတြမွာလည္း ဆံပင္ျဖဴတတ္တယ္။ B 12 ဓာတ္ခ်ိဳ႕တဲ့သူေတြမွာ ေသြးအားနည္းေရာဂါျဖစ္တတ္ၿပီး ဆံပင္ရဲ႕က်န္းမာေရးနဲ႔ Melanin ထုတ္လုပ္မႈကိုပါ ထိခိုက္ေစတယ္။

(၆)ကဲ ဒါကေတာ့ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ား သတိထားၾကရမွာပါ။ ေဆးလိပ္ေသာက္ျခင္းဟာလည္း ဆံပင္ျဖဴျခင္းကိုအားေပးပါတယ္တဲ့။ ေဆးလိပ္မွာပါတဲ့ ဓာတုပစၥည္းေတြဟာ ေသြးေၾကာေတြကိုက်ဥ္းေစတာေၾကာင့္ ဆံပင္ေတြထြက္တဲ့အေမြးအိတ္ေလးေတြဆီ ေသြးသြားေသြးလာနည္းေစပါတယ္။ အဲ့ဒါေၾကာင့္ ဆံပင္ဆံသားေတြရဲ႕က်န္းမာေရးကိုထိခိုက္ၿပီး ဆံပင္ျဖဴေစပါတယ္။

(၇)တခ်ိဳ႕ေသာ ေခါင္းေလွ်ာ္ရည္ေတြ၊ ဆံပင္ေပါင္းေဆးေတြ၊ ဆံပင္ေပ်ာ့ေဆးေတြ၊ ေခါင္းလိမ္းဆီေတြကလည္း အခန႔္မသင့္ရင္ဆံပင္ျဖဴတာကို ပိုဆိုးေစပါတယ္တဲ့။ဒါ့အျပင္ တျခားတျခားေသာေရာဂါတခ်ိဳ႕မွာလည္း ဆံပင္ျဖဴတာေတြျဖစ္တတ္ပါတယ္။

အဲ့ဒါေၾကာင့္ ကိုယ့္မိဘမ်ိဳး႐ိုးမွာဆံပင္ျဖဴတတ္တယ္ဆို ကိုယ္ကလည္းအသက္ငယ္ငယ္ကတည္းက ေရွာင္သင့္တာေတြေရွာင္ရပါမယ္။ ေဆးလိပ္ေသာက္တာ၊ စိတ္ဖိစီးမႈမ်ားတာ၊ အစာအာဟာရကို မွ်တေအာင္မစားတာေတြက ဒုကၡေပးပါလိမ့္မယ္။

ဒီေနရာမွာ အေရးႀကီးတာတစ္ခ်က္က ဆံပင္ျဖဴေတြကိုႏႈတ္ပစ္ျခင္းဟာ ဆံပင္အရင္းအေရျပားေအာက္က အေမြးအိတ္ကေလးေတြကိုထိခိုက္ေစပါတယ္။ အဲ့ဒီေနရာကေန ေနာက္ထပ္ဆံပင္ထပ္ေပါက္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဆံပင္ျဖဴကိုႏႈတ္ပါမ်ားလြန္းရင္ ဆံပင္က်ဲလာတာ၊ ပါးလာတာ၊ ထိပ္ေျပာင္တာေတြ ျဖစ္လာႏိုင္လို႔ မႏႈတ္သင့္ဘူးလို႔ဆိုပါတယ္။

ေစ်းကြက္ထဲကဆံပင္ဆိုးေဆးေတြကလည္း ဓာတ္မတည့္တဲ့သူ၊ Allergic ျဖစ္တတ္တဲ့သူေတြရ်ိတာေၾကာင့္ သတိထားၿပီးသုံးသင့္ပါတယ္။ က်ေနာ့္ေဆးခန္းမွာဆို ဆံပင္ေဆးဆိုးၿပီး Allergic ျဖစ္လို႔ေရာက္လာတဲ့သူေတြ ေတာ္ေတာ္မ်ားပါတယ္။ သူတို႔ခမ်ာမွာလည္း လွခ်င္ေတာ့ အယားခံၿပီးေတာ့ကို ဆိုးၾကတာပါပဲ။

ဒါဆို အႏၲရာယ္ကင္းတဲ့သဘာဝဆံပင္ဆိုးေဆး မရွိဘူးလား။ ဒိန္ခ်ဥ္ရယ္၊ ေကာ္ဖီမႈန႔္ရယ္၊ လက္ဘက္အခ်ိဳေျခာက္အရည္ ခပ္က်က်ခပ္မည္းမည္းရယ္ကို ေရာစပ္ၿပီးတစ္ညသိပ္ထားပါ။ ေနာက္တေန႔မနက္က်ရင္ အဲ့ဒီအႏွစ္နဲ႔ဆံပင္ကိုႏွံ႔စပ္ေအာင္သုတ္လိမ္းၿပီး ၂ နာရီေလာက္ ေခါင္းကိုပုဝါနဲ႔ေပါင္းထားပါ။

ၿပီးရင္ ဘာေခါင္းေလွ်ာ္ရည္မွမပါဘဲ ႐ိုး႐ိုးေရနဲ႔ပဲေခါင္းေလွ်ာ္ၿပီးအေျခာက္ခံပါတဲ့။ ျပင္းထန္တဲ့ဓာတုပစၥည္းေတြမပါဘဲ သဘာဝပစၥည္းေတြပဲျဖစ္တာေၾကာင့္ အႏၲရာယ္သိပ္မရွိဘူးလို႔ထင္ပါတယ္။ စမ္းခ်င္သူေတြ စမ္းၾကည့္သင့္ပါတယ္။

ဆံပင္ျဖဴျခင္းကို ေလ်ာ့ပါးသက္သာေစတဲ့အစားအေသာက္ေတြကေတာ့ ဟင္းခ်က္ရင္ဆီသတ္တဲ့ ပ်ဥ္းေတာ္သိမ္႐ြက္၊ လက္ဘက္ရည္အခ်ိဳ၊ မႈိအမ်ိဳးမ်ိဳး၊ အမဲအသည္း၊ ေနၾကာေစ့၊ ဆယ္လမြန္ငါး၊ အေစ့အဆံေတြ၊ ဘယ္ရီသီးအမ်ိဳးမ်ိဳးနဲ႔ ပင္လယ္ကမာေကာင္ေတြျဖစ္ၾကပါတယ္။

သို႔ေသာ္ တန္ေဆးလြန္ေဘးဆိုသလို ဆံပင္ျဖဴသက္သာခ်င္လို႔ အဲ့ဒီအစားအေသာက္ေတြကို လိုတာထက္ပိုၿပီးအလြန္အကြၽံစားလြန္းရင္လည္း မေကာင္းဘူးေပါ့။

ဘာပဲေျပာေျပာေပါ့ေလ။ ဘယ္နည္းနဲ႔မွ ဆံပင္ျဖဴတာမသက္သာဘူး ဆိုရင္လည္း စိတ္မပ်က္ပါနဲ႔။ ခုေခတ္ႀကီးမွ လူေတြကအျပင္သိပ္မထြက္ၾကေတာ့ဘဲ Online မွာပဲေတြ႕ၾကတာမ်ားပါတယ္။ ဖိုတိုေရွာ့ေတြလည္း အရမ္းကိုတိုးတက္လာပါၿပီလို႔။

Dr Okka Kyi Winn

Sanpya Online Clinic

crd

Unicode

ငယ်ရွယ်စဉ် ဆံပင်ဖြူရခြင်း အကြောင်းရင်းများ

“ဆရာရယ်။ ကျမသမီးလေးက ခုမှ ၉တန်းပဲရှိသေးတယ်။ ကြည့်ပါဦး။ ခေါင်းမှာ ဆံပင်ဖြူတွေပေါက်နေပြီ။ ဘယ်လိုလုပ်ရမလဲမသိဘူး။

ကလေးက အရွယ်လေးလည်းရောက်လာပြီဆိုတော့ ရှက်တာပေါ့။ သူ့ခေါင်းကဆံပင်ဖြူတွေကို သူငယ်ချင်းတွေမြင်ရင် စကြလို့တဲ့။ ငိုတောင်ငိုရတယ်”

အသက်ငယ်ရွယ်သူတွေမှာ ဆံပင်ဖြူပေါက်တာကလည်း အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါပဲ။ အသက်ကြီးလာလို့ သဘာဝအတိုင်းဆံပင်တွေဖြူလာတာက ပြဿနာမရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူပေါက်ရင်တော့ တော်တော်စိတ်ညစ်ကြရတယ်။

ခုလိုမျိုး ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးဆိုတော့ ပိုဆိုးတာပေါ့။ လှချင်ပချင်တဲ့အရွယ်ဆိုတော့သူ့ခမျာ ရှက်ရှာမှာပေါ့လေ။

ကျနော့်သူငယ်ချင်းတွေထဲမှာလည်း အထက်တန်းကျောင်းသားအရွယ်လောက်ကတည်းက ဆံပင်ဖြူပေါက်တဲ့သူတွေ တွေ့ဖူးတယ်။ ဆေးကျောင်းတက်နေရင်းနဲ့ ဆံပင်တွေဖြူလာတဲ့သူတွေလည်း အများကြီးတွေ့ဖူးတယ်။

အခုအသက် ၄၀ ကျော်အရွယ်သူငယ်ချင်းတွေထဲမှာတော့ တခေါင်းလုံးနီးပါးဖြူနေတဲ့သူ တစ်ယောက်စနှစ်ယောက်စရှိနေပြီလေ။

ဆံပင်ဖြူရတဲ့အကြောင်းရင်းကိုသိဖို့အတွက် ဆံပင်တွေကဘာကြောင့်အမည်းရောင်ဖြစ်နေတာလဲဆိုတာ အရင်လေ့လာကြည့်ကြရအောင်။

အမှန်ကတော့ ကျနော်တို့နိုင်ငံမှာသာ ဆံပင်ဆိုရင်အမည်းရောင်ပဲလို့သိကြပေမယ့် ကမ္ဘာ့လူဦးရေအချိုးအစားနဲ့တွက်ကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ ၃၆% လောက်က ဆံပင်အညိုရောင်ဗျ။ ကျနော်တို့ကလည်း ကိုယ့်ဆံပင်ကိုကိုယ်အမည်းရောင်လို့ထင်နေကြပေမယ့် သေသေချာချာကြည့်ရင် အညိုဘက်ကိုလုနေတာများပါတယ်။

တကယ်ကိုဆံပင်တွေမည်းနက်နေတတ်တာက အာဖရိကန်အနွယ်ဝင်တွေပါ။ ပြီးတော့ ဒေါ်နယ်ထွမ့်လိုဆံပင်အဝါရောင်တွေက ကမ္ဘာ့လူဦးရေရဲ့ ၂၉% ရှိပါတယ်တဲ့။

ဂျော့ချ်ကလူးနီလို ဆံပင်မီးခိုးရောင်တွေကတော့ ၁၅% ရှိပြီး၊ လုံးဝမည်းနက်နေတဲ့ဆံပင်ပိုင်ရှင်တွေကတော့ ၁၂% လောက်ပဲရှိပါတယ်။ ကျန်တဲ့ ၈% လောက်က ဆံပင်အနီရောင်တွေပါတဲ့။ အဲ့ဒါကြောင့် အော်ရီဂျင်နယ်ဆံပင်ဖြူတဲ့မျိုးနွယ်ကတော့ တော်တော်ကိုရှားတယ်ပြောရမှာပါ။

အဲ့ဒီလို လူတွေရဲ့ဆံပင်အရောင်တွေကို ညို၊ နက်၊ ဝါ၊ နီ ဖြစ်စေဖို့အတွက် အလုပ်လုပ်ပေးနေတာက Melanin လို့ခေါ်တဲ့ အရောင်ခြယ်တဲ့ဓာတ်တစ်မျိုးပါ။ အဲ့ဒီ Melanin ကိုထုတ်ပေးတဲ့နေရာက အရေပြားအောက်က ဆံပင်ထွက်တဲ့အမွေးအိတ်ကလေးတွေရဲ့အရင်းနားမှာရှိပါတယ်။

အသက်ကြီးလာလို့ပဲဖြစ်စေ၊ တခြားအကြောင်းတခုခုကြောင့်ပဲဖြစ်စေ အဲ့ဒီ Melanin ကိုမထုတ်နိုင်တော့ရင် ဆံပင်တွေကအရောင်တွေမထွက်တော့ဘဲ အဖြူရောင်ဖြစ်လာတာပါပဲ။ ဆိုတော့ အသက်အရွယ်ကြောင့်မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူစေတဲ့အကြောင်းတွေက ဘာတွေလဲ။

(၁)မျိုးရိုးလိုက်တာကြောင့်လည်း ဆံပင်ဖြူတတ်တယ်။ မိဘဘိုးဘွားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတယ်ဆိုရင် ကိုယ်လည်းအဲ့ဒီလိုပဲငယ်ငယ်လေးနဲ့ဆံပင်ဖြူတတ်တယ်။ အဲ့ဒါကတော့ ရှောင်လွှဲလို့မရဘူး။ ပြုပြင်လို့မရဘူး။ ကိုယ့်မိဘဘိုးဘွားတွေကိုသာ အပြစ်တင်ပေတော့ပဲ။

(၂)စိတ်ဖိစီးမှုများတာကြောင့်လည်း ဆံပင်ဖြူတတ်တယ်။ ဒါကလည်း လူတော်တော်များများယုံကြည်ထားကြပြီးသားပါ။ အလုပ်တွေရှုပ်လွန်းလို့၊ ခေါင်းတွေခြောက်လွန်းလို့ ဆံပင်တွေဖြူကုန်ပါပြီဆိုတာ တကယ်ပါနော်။ သိပ္ပံနည်းကျစမ်းသပ်ထားတဲ့ အဖြေတွေလည်းရှိပါတယ်။

စိတ်ဖိစီးမှုများတာ၊ Stress များတာနဲ့ ဆက်စပ်ပြီးတော့ ညညအိပ်မပျော်တာတွေ၊ စိတ်တိုလွယ်တာတွေ၊ အစားအသောက်ပျက်တာတွေ၊ သွေးပေါင်ချိန်တက်တာတွေပါ ဖြစ်တတ်ပါတယ်။

(၃)Autoimmune လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ်ခုခံအားစနစ်ဖောက်ပြန်တဲ့ရောဂါတွေကြောင့်လည်း ဆံပင်ဖြူတတ်တယ်။ ထိပ်ပြောင်တာ၊ ဆံပင်ကျွတ်တာ၊ သမင်ဖြူကွက်တွေပေါ်တာနဲ့လည်း ဆက်စပ်နေတယ်။

(၄)သိုင်းရွိုက်ဟော်မုန်း နည်းလွန်းတဲ့ Hypothyroidism ရောဂါနဲ့၊ များလွန်းတဲ့ Hyperthyroidism ရောဂါတွေမှာလည်း Melanin ထွက်တာကိုထိခိုက်ပြီး ဆံပင်တွေဖြူတတ်တာတွေ့ရတတ်တယ်။

(၅)Vitamin B 12 ဓာတ်ချို့တဲ့သူတွေမှာလည်း ဆံပင်ဖြူတတ်တယ်။ B 12 ဓာတ်ချို့တဲ့သူတွေမှာ သွေးအားနည်းရောဂါဖြစ်တတ်ပြီး ဆံပင်ရဲ့ကျန်းမာရေးနဲ့ Melanin ထုတ်လုပ်မှုကိုပါ ထိခိုက်စေတယ်။

(၆)ကဲ ဒါကတော့ အမျိုးသားတော်တော်များများ သတိထားကြရမှာပါ။ ဆေးလိပ်သောက်ခြင်းဟာလည်း ဆံပင်ဖြူခြင်းကိုအားပေးပါတယ်တဲ့။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေကိုကျဉ်းစေတာကြောင့် ဆံပင်တွေထွက်တဲ့အမွေးအိတ်လေးတွေဆီ သွေးသွားသွေးလာနည်းစေပါတယ်။ အဲ့ဒါကြောင့် ဆံပင်ဆံသားတွေရဲ့ကျန်းမာရေးကိုထိခိုက်ပြီး ဆံပင်ဖြူစေပါတယ်။

(၇)တချို့သော ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပေါင်းဆေးတွေ၊ ဆံပင်ပျော့ဆေးတွေ၊ ခေါင်းလိမ်းဆီတွေကလည်း အခန့်မသင့်ရင်ဆံပင်ဖြူတာကို ပိုဆိုးစေပါတယ်တဲ့။ဒါ့အပြင် တခြားတခြားသောရောဂါတချို့မှာလည်း ဆံပင်ဖြူတာတွေဖြစ်တတ်ပါတယ်။

အဲ့ဒါကြောင့် ကိုယ့်မိဘမျိုးရိုးမှာဆံပင်ဖြူတတ်တယ်ဆို ကိုယ်ကလည်းအသက်ငယ်ငယ်ကတည်းက ရှောင်သင့်တာတွေရှောင်ရပါမယ်။ ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှုများတာ၊ အစာအာဟာရကို မျှတအောင်မစားတာတွေက ဒုက္ခပေးပါလိမ့်မယ်။

ဒီနေရာမှာ အရေးကြီးတာတစ်ချက်က ဆံပင်ဖြူတွေကိုနှုတ်ပစ်ခြင်းဟာ ဆံပင်အရင်းအရေပြားအောက်က အမွေးအိတ်ကလေးတွေကိုထိခိုက်စေပါတယ်။ အဲ့ဒီနေရာကနေ နောက်ထပ်ဆံပင်ထပ်ပေါက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဆံပင်ဖြူကိုနှုတ်ပါများလွန်းရင် ဆံပင်ကျဲလာတာ၊ ပါးလာတာ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်လို့ မနှုတ်သင့်ဘူးလို့ဆိုပါတယ်။

စျေးကွက်ထဲကဆံပင်ဆိုးဆေးတွေကလည်း ဓာတ်မတည့်တဲ့သူ၊ Allergic ဖြစ်တတ်တဲ့သူတွေရျိတာကြောင့် သတိထားပြီးသုံးသင့်ပါတယ်။ ကျနော့်ဆေးခန်းမှာဆို ဆံပင်ဆေးဆိုးပြီး Allergic ဖြစ်လို့ရောက်လာတဲ့သူတွေ တော်တော်များပါတယ်။ သူတို့ခမျာမှာလည်း လှချင်တော့ အယားခံပြီးတော့ကို ဆိုးကြတာပါပဲ။

ဒါဆို အန္တရာယ်ကင်းတဲ့သဘာဝဆံပင်ဆိုးဆေး မရှိဘူးလား။ ဒိန်ချဉ်ရယ်၊ ကော်ဖီမှုန့်ရယ်၊ လက်ဘက်အချိုခြောက်အရည် ခပ်ကျကျခပ်မည်းမည်းရယ်ကို ရောစပ်ပြီးတစ်ညသိပ်ထားပါ။ နောက်တနေ့မနက်ကျရင် အဲ့ဒီအနှစ်နဲ့ဆံပင်ကိုနှံ့စပ်အောင်သုတ်လိမ်းပြီး ၂ နာရီလောက် ခေါင်းကိုပုဝါနဲ့ပေါင်းထားပါ။

ပြီးရင် ဘာခေါင်းလျှော်ရည်မှမပါဘဲ ရိုးရိုးရေနဲ့ပဲခေါင်းလျှော်ပြီးအခြောက်ခံပါတဲ့။ ပြင်းထန်တဲ့ဓာတုပစ္စည်းတွေမပါဘဲ သဘာဝပစ္စည်းတွေပဲဖြစ်တာကြောင့် အန္တရာယ်သိပ်မရှိဘူးလို့ထင်ပါတယ်။ စမ်းချင်သူတွေ စမ်းကြည့်သင့်ပါတယ်။

ဆံပင်ဖြူခြင်းကို လျော့ပါးသက်သာစေတဲ့အစားအသောက်တွေကတော့ ဟင်းချက်ရင်ဆီသတ်တဲ့ ပျဉ်းတော်သိမ်ရွက်၊ လက်ဘက်ရည်အချို၊ မှိုအမျိုးမျိုး၊ အမဲအသည်း၊ နေကြာစေ့၊ ဆယ်လမွန်ငါး၊ အစေ့အဆံတွေ၊ ဘယ်ရီသီးအမျိုးမျိုးနဲ့ ပင်လယ်ကမာကောင်တွေဖြစ်ကြပါတယ်။

သို့သော် တန်ဆေးလွန်ဘေးဆိုသလို ဆံပင်ဖြူသက်သာချင်လို့ အဲ့ဒီအစားအသောက်တွေကို လိုတာထက်ပိုပြီးအလွန်အကျွံစားလွန်းရင်လည်း မကောင်းဘူးပေါ့။

ဘာပဲပြောပြောပေါ့လေ။ ဘယ်နည်းနဲ့မှ ဆံပင်ဖြူတာမသက်သာဘူး ဆိုရင်လည်း စိတ်မပျက်ပါနဲ့။ ခုခေတ်ကြီးမှ လူတွေကအပြင်သိပ်မထွက်ကြတော့ဘဲ Online မှာပဲတွေ့ကြတာများပါတယ်။ ဖိုတိုရှော့တွေလည်း အရမ်းကိုတိုးတက်လာပါပြီလို့။

Dr Okka Kyi Winn

Sanpya Online Clinic

crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …