အရှက်သည်းလွန်းသူလေးတွေကို ချစ်သူအဖြစ်ရွေးချယ်သင့်တဲ့ အကြောင်းရင်း(၅)ချက် - YATHAZONE


Life Style




(၁) ဂရုစိုက်တတ်တယ်






(၃) စိတ်မရှုပ်ရဘူး


(၄) ဖြည့်ဆည်းပေးတတ်တယ်


(၅) သစ္စာရှိတယ်


crd

Unicode

အရှက်သည်းလွန်းသူလေးတွေကို ချစ်သူအဖြစ်ရွေးချယ်သင့်တဲ့ အကြောင်းရင်း(၅)ချက်

ရှက်တတ်တဲ့ သူလေးတွေဟာ တစ်ခုခုဆိုပွင့်ပွင့် လင်းလင်းမရှိ၊ မပြောရမဆိုရဲ နဲ့ စိတ်မရှည်ချင်စရာလေးတွေပါ။ ဒါပေမယ့် သူတို့တွေမှာ လူသိပ်မသိတဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတွေအများကြီးပိုင် ဆိုင်ထားပါတယ်။ ဒီတော့ ချစ်သူအဖြစ်ရွေး ချယ်မယ်ဆိုရင် ရှက်တတ် တဲ့သူလေးတွေကိုဘာကြောင့်ရွေး သင့်လဲဆိုတဲ့ အကြောင်း ရင်းတွေကတော့ ဒီမှာပါ။

အရှက်သည်းလွန်းသူလေးတွေကို ချစ်သူအဖြစ်ရွေးချယ်သင့်တဲ့ အကြောင်းရင်း(၅)ချက်

(၁) ဂရုစိုက်တတ်တယ်

ရှက်တတ်တဲ့ သူတွေဟာ တစ်ခုခုပြောဖို့၊လုပ်ဖို့ထက် တွေးဖို့ကိုပိုအားသန်တဲ့သူတွေပါ။ ဘာကိုပဲဖြစ်ဖြစ် အသေးစိတ်တွေးတောတတ်ပြီး ကိုယ့်ကိုယ် ကိုအတွက် ဂရုတစိုက်ရှိသလို၊ ကိုယ့်ဘေးကလူတွေရဲ့ကျန်းမာရေး၊ စိတ်ခံစားချက်နဲ့ တခြားအ ရာတွေကို အသေးစိတ်လိုက် ဂရုစိုက်ပေးတတ်တဲ့အကျင့် ရှိကြပါတယ်။ ဒါကြောင့် ရှက်တတ်တဲ့ သူတွေကို ချစ်သူတော်ရင် ဂရုစိုက်ခံ ရပါလိမ့်မယ်။

(၂) ခံစားချက်ကိုအလေးထားတယ်

တစ်ယောက်ယောက်က သူတို့အပြုအမူ၊ အပြောအဆိုတွေ နဲ့ပတ်သက်လို့ ဝေဖန်ပြော ဆိုခံရတာမျိုးကို ရှက်လို့ သူများအပြောအဆိုမ ခံရအောင်နေ တတ်ကြပြီး သူတို့ကိုယ်တိုင် ကလည်း သူများတွေကို ဝေဖန်ပြော ဆိုတာမျိုးမလုပ် တတ်ဘူး။

မဖြစ်မနေပြောရ မယ်ဆိုရင်လည်း တစ်ဖက်သား စိတ်ထဲမှာ ခံရမခက်အောင်၊ မရှက်သွားအောင် စကားလုံး ကိုသေချာရွေးပြီးပြော တတ်ကြ ပါတယ်။ တစ်ဖက်သား စိတ်ကသိ ကအောက်ဖြစ်သွားမှာ စိုးရိမ်ပေး တတ်သူတွေပါ။

အရှက်သည်းလွန်းသူလေးတွေကို ချစ်သူအဖြစ်ရွေးချယ်သင့်တဲ့ အကြောင်းရင်း(၅)ချက်

(၃) စိတ်မရှုပ်ရဘူး

ရှက်တတ်တဲ့ သူတွေက များသောအားဖြင့် စကားလည် းနည်းပြီး ပြဿနာသိပ် မရှာတတ်တဲ့သူမျိုးတွေဖြစ်ကြ ပါတယ်။ ဒါကြောင့် သူတို့နဲ့တွဲရင် မခံမရပ် နိုင်အောင်ရစ်တာ၊နားငြီးတာ မျိုးတွေနဲ့ လူကြားထဲမှ ရန်ဖြစ်ရတာ မျိုးတွေ လုံးဝရှိ မှာမဟုတ် ပါဘူး။

(၄) ဖြည့်ဆည်းပေးတတ်တယ်

သူတို့ကြောင့် ပြဿနာတစ်စုံ တစ်ရာဖြစ် တာမျိုး၊ ကိုယ့်ဘက်ကလိုအပ် ချက်ရှိနေတာမျိုးလုံးဝ မဖြစ်ချင် သူတွေဖြစ် ပါတယ်။ ပြီးတော့ သူတို့စိတ်က သိကအောက်ဖြစ်ရ တဲ့ကိစ္စတွေ အတွက် သူများလည်းဖြစ်မှ ာစိုးတာကြောင့် တစ်ခုခုဆို သူတို့ဘက်က အလျှော့ပေးတတ်တယ် ၊ ဖြည့်ဆည်းပေးတတ် ပါတယ်။

(၅) သစ္စာရှိတယ်

ရှက်တတ်တဲ့ သူတွေဟာ မကောင်းတာ လုပ်ဖို့ကိုပို ပြီးရှက်ကြပါတယ်။ ဒါကြောင့် ချစ်သူကို သစ္စာဖောက်တာမျိုး၊ ဖောက်ပြန်တာ မျိုးတွေလုံးဝ လုပ်မှာမဟုတ် ပါဘူး။ ဒီတစ်ချက်နဲ့တင် ရှက်တတ်တဲ့ သူတွေကို ချစ်သူအဖြစ်ရွေး ချယ်ဖို့ အရမ်းသင့်တော်နေ ပါပြီနော်။

crd

No Comments

Leave a Reply

Your email address will not be published.

Life Style
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။

ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။ ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယားမှာ သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ ! သားသမီးသုံးယောက်ကိုလဲ.. စိတ်မဝင်စားတော့.. သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။ မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …