လူတိုင္းရဲ႕ဘဝမွာ မလြဲမေသြ ေရစက္ဆုံရမယ့္ လူ (၇) မ်ိဳး - YATHAZONE

လူတိုင္းရဲ႕ဘဝမွာ မလြဲမေသြ ေရစက္ဆုံရမယ့္ လူ (၇) မ်ိဳး

လူတိုင္းရဲ႕ဘဝမွာ မလြဲမေသြ ေရစက္ဆုံရမယ့္ လူ (၇) မ်ိဳး
Life Style

လူတိုင္းရဲ႕ဘဝမွာ မလြဲမေသြ ေရစက္ဆုံရမယ့္ လူ (၇) မ်ိဳး

ကြၽႏ္ုပ္တို႔ရဲ႕ဘဝမွာ ဘယ္သူ႔ကိုေတာ့ ေတြ႕ဆုံခ်င္တယ္၊ ဘယ္သူကိုေတာ့ မေတြ႕ခ်င္ဘူး ဆိုၿပီး ေ႐ြးခ်ယ္ခြင့္ မရွိပါဘူး။ ေရစက္ဆိုတာ ေရွာင္လႊဲလို႔ရတဲ့ အရာတစ္ခု မဟုတ္ပါဘူး။ တကယ္ေတာ့ အဲလို ေတြ႕ဆုံၾကရတာဟာ မေတာ္တဆ မဟုတ္ပါဘူး။

ေတြ႕ဆုံျခင္းေတြက ဆိုး႐ြားခဲ့တယ္ ဆိုရင္ေတာင္ ျဖစ္ခ်ိန္တန္လို႔ ျဖစ္လာတာပဲလို႔ ေျဖသိမ့္႐ုံအျပင္ ဘာမွမတတ္ႏိုင္ပါဘူး။ ေသခ်ာတာက လူတိုင္းရဲ႕ဘဝမွာ မလြဲမေသြ ဒီလိုလူ (၇) မ်ိဳးနဲ႔ ေတြ႕ဆုံၾကရမွာပါ။

သတိေပးသူ

သတိေပးသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝမွာ လုပ္ဖို႔ ေမ့ေလ်ာ့ေနတဲ့ အရာေတြကို သတိေပးဖို႔ ဝင္လာတတ္ၾကပါတယ္။ ကြၽႏ္ုပ္တို႔ဘဝရဲ႕ အမွတ္ရစရာေတြရဲ႕ အရိပ္အႁမြက္ေတြအျဖစ္ ကြၽႏ္ုပ္တို႔နဲ႔ မနီးမေဝးမွာ ရွိေနတတ္ၾကပါတယ္။

တစ္ခါတေလက်ေတာ့လည္း သူတို႔ ကြၽႏ္ုပ္ဘဝထဲက ထြက္သြားမွသာ ေမ့ေနတာေတြကို ျပန္သတိရလာတတ္ပါတယ္။

အသဲခြဲသူ

အသဲခြဲသမားေတြဟာ ကြၽႏ္ုပ္တို႔ဘဝထဲကို ဝင္လာၿပီး အားနည္းေပ်ာ့ညံံသြားေအာင္၊ အေတြးေတြ ေျဗာင္းဆန္သြားေအာင္၊ သူတို႔မရွိရင္ မျဖစ္ေတာ့သလို ခံစားရေအာင္ လုပ္ၾကပါတယ္။

မဖိတ္ေခၚဘဲ ေရာက္လာၾကတဲ့ သူတို႔ဟာ ကြၽႏ္ုပ္တို႔အသဲကို ခြဲတယ္၊ စိတ္ဝိဉာဥ္ေတြ က်ိဳးပဲ့ ပ်က္စီးသြားေအာင္ လုပ္တယ္၊ လိမ္ညာမႈ ေပါင္းစုံသုံးၿပီး သင္ခန္းစာေတြ ေပးတယ္။ ကြၽႏ္ုပ္တို႔ဘဝမွာ အသည္းခြဲသမား ေပါင္းစုံနဲ႔ ေတြ႕ၾကရမွာပါ။

ဒါေပမဲ့ ကြၽႏ္ုပ္တို႔ဘဝအတြက္ အဖိုးတန္တဲ့ သင္ခန္းစာေတြ ေပးခဲ့တာခ်ည္းပါပဲ။ အသည္းကြဲလို႔ စိတ္မပ်က္ပါနဲ႔။ အမွားေတြကို သင္ခန္းစာယူၿပီး ဘဝကို ေရွ႕ဆက္ပါ။

ထာဝရလူ

ထာဝရလူေတြဟာ ကြၽႏ္ုပ္တို႔ဘဝထဲမွာ တစ္သက္လုံး ေနထိုင္ဖို႔ ေရာက္လာၾကပါတယ္။ မိသားစုလည္း ျဖစ္ခ်င္ျဖစ္မယ္၊ သူငယ္ခ်င္းလည္း ျဖစ္ခ်င္ျဖစ္မယ္။

သူတို႔ေတြဟာ ကြၽႏ္ုပ္တို႔ကို ေထာက္ပံ့ေပးဖို႔၊ ႏွစ္သိမ့္အားေပးဖို႔ ရွိေပးၾကပါတယ္။ သူတို႔ေတြဟာ ကြၽႏ္ုပ္တို႔ကို နားအလည္ႏိုင္ဆုံး၊ ကြၽႏ္ုပ္တို႔ရဲ႕ ျဖစ္တည္မႈကို လက္ခံေပးႏိုင္ဆုံး သူေတြပဲျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔အတြက္ အစားထိုး မရသူေတြေပါ့။

ေျပးသူ

ေျပးသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝထဲကို ဝင္လာၿပီး ျမန္ျမန္ ျပန္ထြက္သြားတတ္ၾကတယ္။ ကြၽႏ္ုပ္တို႔ဘဝထဲမွာ အဆိုးေတြလည္း ေပးခ်င္ေပးခဲ့မယ္၊ အေကာင္းေတြလည္း ထားခ်င္ ထားခဲ့မယ္။ ေသခ်ာတာတစ္ခုကေတာ့ သင္ဘယ္ေလာက္ပဲ ဖက္တြယ္ထားပါေစ ေျပးသူေတြက ခဏေလးအတြင္း ထြက္သြားၾကမွာပဲ။

ဒါေၾကာင့္ သူတို႔ကို ထြက္သြားခြင့္ေပးတာက ကြၽႏ္ုပ္တို႔ကို နာက်င္ေစတယ္ ဆိုရင္ေတာင္ ခြင့္ျပဳတတ္ဖို႔ သင္ယူပါ။ အနည္းဆုံးေတာ့ ေျပးသူေတြဟာ အသဲခြဲသူေတြေလာက္ေတာ့ နာက်င္ေအာင္ မလုပ္တတ္ၾကပါဘူး။

သင္ၾကားသူ

သင္ၾကားသူေတြက သူတို႔ကိုယ္တိုင္ေတာင္ မသိေသးတဲ့ အရာေတြကို ကြၽႏ္ုပ္တို႔ကို သင္ၾကားေပးၾကပါလိမ့္မယ္။

ကိုယ့္ကိုယ္ကို လက္ခံတတ္ဖို႔၊ ဘဝကို ေရွ႕ဆက္ႏိုင္ဖို႔ သင္ေပးပါလိမ့္မယ္။ သင္ၾကားသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝကို ႀကီးႀကီးမားမား ေျပာင္းလဲေပးႏိုင္ၾကပါတယ္။

သင္ယူသူ

တစ္ခါတေလက်ေတာ့လည္း ကြၽႏ္ုပ္တို႔ မသိလိုက္ခင္မွာပဲ သင္ယူသူေတြအတြက္ ကြၽႏ္ုပ္တို႔က သင္ျပသူေတြ ျဖစ္ေနတတ္ျပန္ပါတယ္။

ကြၽႏ္ုပ္တို႔ရဲ႕ အျပဳအမူ၊ အေျပာအဆိုေတြကေန သင္ယူသူေတြဟာ သူတို႔ဘဝ ေျပာင္းလဲေစတဲ့ အရာေတြကို သင္ယူ ရရွိသြားတတ္ၾကပါတယ္။

ဒါကို ကြၽႏ္ုပ္တို႔ကလည္း သိခ်င္မွေတာင္ သိလိုက္မွာပါ။

အားေပးသူ

အားေပးသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝမွာ မလုပ္ႏိုင္တာ မရွိဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိလာေအာင္ လုပ္ေပးသူေတြေပါ့။

သူတို႔ဟာ ကြၽႏ္ုပ္တို႔ လိုအပ္ေနခ်ိန္မွာ အခ်ိန္ကိုက္ ေရာက္လာၿပီး ကြၽႏ္ုပ္တို႔ မွန္ရာကို လုပ္ႏိုင္ေအာင္၊ အားနဲ႔အင္နဲ႔ ေရွ႕ဆက္ႏိုင္ေအာင္ ခြန္အားေပးသူေတြပါ။

ဒီလိုလူေတြဟာလည္း ကြၽႏ္ုပ္တို႔ဘဝအတြက္ အလြန္အဖိုးတန္တဲ့သူေတြပါပဲ။

ဒီလူ (၇) မ်ိဳးနဲ႔ ေတြ႕ခဲ့တယ္ဆိုရင္ ေက်းဇူးတင္လိုက္ပါ။ ဘယ္ေတြ႕ဆုံျခင္းကမွ ကြၽႏ္ုပ္တို႔ဘဝအတြက္ အလဟႆ မျဖစ္ခဲ့ပါဘူး။

#Credit

Unicode

လူတိုင်းရဲ့ဘဝမှာ မလွဲမသွေ ရေစက်ဆုံရမယ့် လူ (၇) မျိုး

ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘယ်သူ့ကိုတော့ တွေ့ဆုံချင်တယ်၊ ဘယ်သူကိုတော့ မတွေ့ချင်ဘူး ဆိုပြီး ရွေးချယ်ခွင့် မရှိပါဘူး။ ရေစက်ဆိုတာ ရှောင်လွှဲလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ တကယ်တော့ အဲလို တွေ့ဆုံကြရတာဟာ မတော်တဆ မဟုတ်ပါဘူး။

တွေ့ဆုံခြင်းတွေက ဆိုးရွားခဲ့တယ် ဆိုရင်တောင် ဖြစ်ချိန်တန်လို့ ဖြစ်လာတာပဲလို့ ဖြေသိမ့်ရုံအပြင် ဘာမှမတတ်နိုင်ပါဘူး။ သေချာတာက လူတိုင်းရဲ့ဘဝမှာ မလွဲမသွေ ဒီလိုလူ (၇) မျိုးနဲ့ တွေ့ဆုံကြရမှာပါ။

သတိပေးသူ

သတိပေးသူတွေဟာ ကျွန်ုပ်တို့ဘဝမှာ လုပ်ဖို့ မေ့လျော့နေတဲ့ အရာတွေကို သတိပေးဖို့ ဝင်လာတတ်ကြပါတယ်။ ကျွန်ုပ်တို့ဘဝရဲ့ အမှတ်ရစရာတွေရဲ့ အရိပ်အမြွက်တွေအဖြစ် ကျွန်ုပ်တို့နဲ့ မနီးမဝေးမှာ ရှိနေတတ်ကြပါတယ်။

တစ်ခါတလေကျတော့လည်း သူတို့ ကျွန်ုပ်ဘဝထဲက ထွက်သွားမှသာ မေ့နေတာတွေကို ပြန်သတိရလာတတ်ပါတယ်။

အသဲခွဲသူ

အသဲခွဲသမားတွေဟာ ကျွန်ုပ်တို့ဘဝထဲကို ဝင်လာပြီး အားနည်းပျော့ညံံသွားအောင်၊ အတွေးတွေ ဗြောင်းဆန်သွားအောင်၊ သူတို့မရှိရင် မဖြစ်တော့သလို ခံစားရအောင် လုပ်ကြပါတယ်။

မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့ သူတို့ဟာ ကျွန်ုပ်တို့အသဲကို ခွဲတယ်၊ စိတ်ဝိဉာဉ်တွေ ကျိုးပဲ့ ပျက်စီးသွားအောင် လုပ်တယ်၊ လိမ်ညာမှု ပေါင်းစုံသုံးပြီး သင်ခန်းစာတွေ ပေးတယ်။ ကျွန်ုပ်တို့ဘဝမှာ အသည်းခွဲသမား ပေါင်းစုံနဲ့ တွေ့ကြရမှာပါ။

ဒါပေမဲ့ ကျွန်ုပ်တို့ဘဝအတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ပေးခဲ့တာချည်းပါပဲ။ အသည်းကွဲလို့ စိတ်မပျက်ပါနဲ့။ အမှားတွေကို သင်ခန်းစာယူပြီး ဘဝကို ရှေ့ဆက်ပါ။

ထာဝရလူ

ထာဝရလူတွေဟာ ကျွန်ုပ်တို့ဘဝထဲမှာ တစ်သက်လုံး နေထိုင်ဖို့ ရောက်လာကြပါတယ်။ မိသားစုလည်း ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်းလည်း ဖြစ်ချင်ဖြစ်မယ်။

သူတို့တွေဟာ ကျွန်ုပ်တို့ကို ထောက်ပံ့ပေးဖို့၊ နှစ်သိမ့်အားပေးဖို့ ရှိပေးကြပါတယ်။ သူတို့တွေဟာ ကျွန်ုပ်တို့ကို နားအလည်နိုင်ဆုံး၊ ကျွန်ုပ်တို့ရဲ့ ဖြစ်တည်မှုကို လက်ခံပေးနိုင်ဆုံး သူတွေပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် အစားထိုး မရသူတွေပေါ့။

ပြေးသူ

ပြေးသူတွေဟာ ကျွန်ုပ်တို့ဘဝထဲကို ဝင်လာပြီး မြန်မြန် ပြန်ထွက်သွားတတ်ကြတယ်။ ကျွန်ုပ်တို့ဘဝထဲမှာ အဆိုးတွေလည်း ပေးချင်ပေးခဲ့မယ်၊ အကောင်းတွေလည်း ထားချင် ထားခဲ့မယ်။ သေချာတာတစ်ခုကတော့ သင်ဘယ်လောက်ပဲ ဖက်တွယ်ထားပါစေ ပြေးသူတွေက ခဏလေးအတွင်း ထွက်သွားကြမှာပဲ။

ဒါကြောင့် သူတို့ကို ထွက်သွားခွင့်ပေးတာက ကျွန်ုပ်တို့ကို နာကျင်စေတယ် ဆိုရင်တောင် ခွင့်ပြုတတ်ဖို့ သင်ယူပါ။ အနည်းဆုံးတော့ ပြေးသူတွေဟာ အသဲခွဲသူတွေလောက်တော့ နာကျင်အောင် မလုပ်တတ်ကြပါဘူး။

သင်ကြားသူ

သင်ကြားသူတွေက သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့ အရာတွေကို ကျွန်ုပ်တို့ကို သင်ကြားပေးကြပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို လက်ခံတတ်ဖို့၊ ဘဝကို ရှေ့ဆက်နိုင်ဖို့ သင်ပေးပါလိမ့်မယ်။ သင်ကြားသူတွေဟာ ကျွန်ုပ်တို့ဘဝကို ကြီးကြီးမားမား ပြောင်းလဲပေးနိုင်ကြပါတယ်။

သင်ယူသူ

တစ်ခါတလေကျတော့လည်း ကျွန်ုပ်တို့ မသိလိုက်ခင်မှာပဲ သင်ယူသူတွေအတွက် ကျွန်ုပ်တို့က သင်ပြသူတွေ ဖြစ်နေတတ်ပြန်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အပြုအမူ၊ အပြောအဆိုတွေကနေ သင်ယူသူတွေဟာ သူတို့ဘဝ ပြောင်းလဲစေတဲ့ အရာတွေကို သင်ယူ ရရှိသွားတတ်ကြပါတယ်။

ဒါကို ကျွန်ုပ်တို့ကလည်း သိချင်မှတောင် သိလိုက်မှာပါ။

အားပေးသူ

အားပေးသူတွေဟာ ကျွန်ုပ်တို့ဘဝမှာ မလုပ်နိုင်တာ မရှိဘူးဆိုတဲ့ ခံစားချက်မျိုး ရှိလာအောင် လုပ်ပေးသူတွေပေါ့။

သူတို့ဟာ ကျွန်ုပ်တို့ လိုအပ်နေချိန်မှာ အချိန်ကိုက် ရောက်လာပြီး ကျွန်ုပ်တို့ မှန်ရာကို လုပ်နိုင်အောင်၊ အားနဲ့အင်နဲ့ ရှေ့ဆက်နိုင်အောင် ခွန်အားပေးသူတွေပါ။

ဒီလိုလူတွေဟာလည်း ကျွန်ုပ်တို့ဘဝအတွက် အလွန်အဖိုးတန်တဲ့သူတွေပါပဲ။

ဒီလူ (၇) မျိုးနဲ့ တွေ့ခဲ့တယ်ဆိုရင် ကျေးဇူးတင်လိုက်ပါ။ ဘယ်တွေ့ဆုံခြင်းကမှ ကျွန်ုပ်တို့ဘဝအတွက် အလဟဿ မဖြစ်ခဲ့ပါဘူး။

#Credit

No Comments

Leave a Reply

Your email address will not be published.

Life Style
ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။ ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔ မၾကည္ျပာ ဆိုတဲ့ လင္မယားမွာ သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ ကိုထြန္းဟာ အရက္ေက်းကြၽန္ ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ ! သားသမီးသုံးေယာက္ကိုလဲ.. စိတ္မဝင္စားေတာ့.. သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။ မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …