ကြက်ဥလတ်မလတ် သိနိုင်မယ့် အလွယ်စမ်းသပ်နိုင်သည့် နည်းလမ်း ၄ မျိုး - YATHAZONE

ကြက်ဥလတ်မလတ် သိနိုင်မယ့် အလွယ်စမ်းသပ်နိုင်သည့် နည်းလမ်း ၄ မျိုး

Knowledge

ကြက်ဥလတ်မလတ် သိနိုင်မယ့် အလွယ်စမ်းသပ်နိုင်သည့် နည်းလမ်း ၄ မျိုး

ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့် ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥတွေ လတ်မလတ် သိနိုင်ဖို့ရန်အတွက် စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း ၄ မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ။

ကြက်ဥတစ်လုံးကို ယူပြီး နားအနားမှာ အသာ ဖြေးဖြေးလှုပ်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥမှန်ရင် ဘာအသံမှ မထွက်ပါဘူး။ အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး။

၂။ ရေထဲသို့ထည့်ကြည့်ပါ။

ခွက်တစ်ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ။ ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာထည့်ကြည့်ပါ။ လတ်ဆတ်သော ကြက်ဥများသည် ရေအောက်သို့ နစ်မြုပ်သွားပြီး သိပ်မလတ်သော ကြက်ဥများသည် ရေထဲသို့ အနည်းငယ် နစ်သွားမည် ဖြစ်သည်။ လုံးဝမလတ်သော ကြက်ဥများသည် ရေပေါ်သို့ ပေါ်လာပါလိမ့်မည်။

၃။ ကြက်ဥ အနစ်ကို ကြည့်ပါ။

ကြက်ဥကို ခွဲပြီး အကာနှင့် အနှစ်ကို ကြည့်နိုင်ပါတယ်။ လတ်ဆတ်တဲ့ ကြက်ဥအနှစ်အရောင်က အဝါရောင် ကြည်တောက်နေပြီး အနှစ်ပုံစံကလည်း လုံးဝန်းနေပါသေးတယ်။ မလတ်ဆတ်တော့တဲ့ ကြက်ဥအနှစ်အရောင်ကတော့ အရောင်ဖျော့နေပြီးတော့ အနှစ်ပုံစံကလည်း ပြားနေပါလိမ့်မယ်။

၄။ ကြက်ဥ အကာကို ကြည့်ပါ။

ကြက်ဥတစ်လုံးကို ခွဲပြီး ပန်းကန်ပြားတစ်ချပ် ထဲသို့ ထည့်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥဆိုရင်တော့ အနှစ်က အကာထက် နည်းနည်းလေး မြင့်နေပြီးတော့ အနှစ်တဝိုက်မှာ အကာကရှိနေတာ တွေ့ရပါလိမ့်မယ်။ အဲလိုမှ မဟုတ်ဘဲ အကာက အနည်းငယ် ကြည်နေတယ် ဒါပေမယ့် အနှစ်နဲ့တော့ ကပ်နေသေးတယ် ဆိုရင် ဒီကြက်ဥ သိပ်မလတ်တော့ဘူးလို့ ပြောလို့ရပါတယ်။ လုံးဝမလတ်တော့တဲ့ ကြက်ဥဆိုရင်တော့ အကာက ရေလိုဖြစ်နေပြီး ကြက်ဥအနှစ်နဲ့ သိပ်မကပ်တော့ပါဘူး။

Crd

Zawgyi

ၾကက္ဥလတ္မလတ္ သိႏိုင္မယ့္ အလြယ္စမ္းသပ္ႏိုင္သည့္ နည္းလမ္း ၄ မ်ိဳး

ေဈးဝယ္ထြက္တဲ့အခါ ကိုယ္ဝယ္မယ့္ ၾကက္ဥေတြ လတ္မလတ္နဲ႔ ခ်က္ျပဳတ္စားေသာက္မယ့္ ၾကက္ဥေတြ လတ္မလတ္ သိႏိုင္ဖို႔ရန္အတြက္ စမ္းသပ္ႏိုင္မယ့္ အလြယ္နည္းလမ္း ၄ မ်ိဳးကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ၾကက္ဥကို နား အနားမွာကပ္ၿပီး လႈပ္ၾကည့္ပါ။

ၾကက္ဥတစ္လုံးကို ယူၿပီး နားအနားမွာ အသာ ေျဖးေျဖးလႈပ္ၾကည့္ပါ။ လတ္ဆတ္တဲ့ ၾကက္ဥမွန္ရင္ ဘာအသံမွ မထြက္ပါဘူး။ အဲလိုမဟုတ္ဘဲ ၾကက္ဥထဲကေန အသံထြက္ေနၿပီ ဆိုရင္ေတာ့ အဲဒီၾကက္ဥဟာ လတ္ဆတ္မႈ မရွိေတာ့ပါဘူး။

၂။ ေရထဲသို႔ထည့္ၾကည့္ပါ။

ခြက္တစ္ခု ဒါမွမဟုတ္ ဇလုံတစ္လုံးထဲကို ၾကက္ဥ ျမဳပ္ၿပီး ၁ လက္မခန႔္ေလာက္ ေရေအးထည့္ထားပါ။ ထိုဇလုံထဲသို႔ ၾကက္ဥမ်ားကို ေျဖးညႇင္းစြာထည့္ၾကည့္ပါ။ လတ္ဆတ္ေသာ ၾကက္ဥမ်ားသည္ ေရေအာက္သို႔ နစ္ျမဳပ္သြားၿပီး သိပ္မလတ္ေသာ ၾကက္ဥမ်ားသည္ ေရထဲသို႔ အနည္းငယ္ နစ္သြားမည္ ျဖစ္သည္။ လုံးဝမလတ္ေသာ ၾကက္ဥမ်ားသည္ ေရေပၚသို႔ ေပၚလာပါလိမ့္မည္။

၃။ ၾကက္ဥ အနစ္ကို ၾကည့္ပါ။

ၾကက္ဥကို ခြဲၿပီး အကာႏွင့္ အႏွစ္ကို ၾကည့္ႏိုင္ပါတယ္။ လတ္ဆတ္တဲ့ ၾကက္ဥအႏွစ္အေရာင္က အဝါေရာင္ ၾကည္ေတာက္ေနၿပီး အႏွစ္ပုံစံကလည္း လုံးဝန္းေနပါေသးတယ္။ မလတ္ဆတ္ေတာ့တဲ့ ၾကက္ဥအႏွစ္အေရာင္ကေတာ့ အေရာင္ေဖ်ာ့ေနၿပီးေတာ့ အႏွစ္ပုံစံကလည္း ျပားေနပါလိမ့္မယ္။

၄။ ၾကက္ဥ အကာကို ၾကည့္ပါ။

ၾကက္ဥတစ္လုံးကို ခြဲၿပီး ပန္းကန္ျပားတစ္ခ်ပ္ ထဲသို႔ ထည့္ၾကည့္ပါ။ လတ္ဆတ္တဲ့ ၾကက္ဥဆိုရင္ေတာ့ အႏွစ္က အကာထက္ နည္းနည္းေလး ျမင့္ေနၿပီးေတာ့ အႏွစ္တဝိုက္မွာ အကာကရွိေနတာ ေတြ႕ရပါလိမ့္မယ္။ အဲလိုမွ မဟုတ္ဘဲ အကာက အနည္းငယ္ ၾကည္ေနတယ္ ဒါေပမယ့္ အႏွစ္နဲ႔ေတာ့ ကပ္ေနေသးတယ္ ဆိုရင္ ဒီၾကက္ဥ သိပ္မလတ္ေတာ့ဘူးလို႔ ေျပာလို႔ရပါတယ္။ လုံးဝမလတ္ေတာ့တဲ့ ၾကက္ဥဆိုရင္ေတာ့ အကာက ေရလိုျဖစ္ေနၿပီး ၾကက္ဥအႏွစ္နဲ႔ သိပ္မကပ္ေတာ့ပါဘူး။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …