စောင်ကျိုးနဲ ရည်းစားစာ - YATHAZONE

စောင်ကျိုးနဲ ရည်းစားစာ

စောင်ကျိုးနဲ ရည်းစားစာ
Funny

စောင်ကျိုးနဲ ရည်းစားစာ

ဒီမယ်.. ကို အရမ်း Crush ရပါတဲ့ Crush လေးရယ်..

လိုင်းပေါ်မှာ မင်း ရှိနေပါ့မလား ဆိုတဲ့ အတွေးနဲ့ မင်းရဲ့ မီးစိမ်းလေးကို သိန်းငှက်လို မျက်လုံးနဲ့ ကြည့်နေရတာကို ဆင်ကြံကြံ ပြီး ကျားချောင်း ချောင်းနေတယ်လို့ တစ်ဖတ်သတ်ကြီး မြင်းလို ခွာနဲ့ မပေါက်လိုက်ပါနဲ့ကွာ ။

တကယ်တော့ ကိုယ်က မင်းတင်တဲ့ ဓါတ်ပုံလေး ကို တွေ့လိုက်ရတာနဲ့ ရင်ခုန်သံတွေက ” တဂိန် ဂိန် ” နဲ့ ခဲမှန်တဲ့ ခွေးလေးလို ဖြစ်နေရတာကို အကောက်ကြံတဲ့ ဝံပုလွေ ကြီးပါ လို့ မင်း မပြောသင့်ပါဘူး ။

တကယ်ဆို ကိုယ်က မင်းနဲ့တွေ့မှ ခွေးအကြီး လုံးလုံး ဖြစ်ခဲ့ရတာ လွမ်းတယ် ။ အရမ်းကို လွမ်းတယ် ။ မင်းကို လွမ်းတဲ့ နေတိုင်းဆို ကိုယ့်မှာ လဒ ကြီး လို မှိုင်မှိုင်နေရတာ သိပ်ကို ခက်ပါတယ် ။

မင်း လိုင်းပေါ် ကို မတက် တဲ့ ရက်တွေ ဆို မင်းကို သစ်ကုလားအုတ် လို မျှော်နေရတာ လည်တံတောင် ရှည်လု နီးပါးဖြစ်နေပြီ ။ ကိုယ့်မှာ မင်းကို မျှော်ရသလောက် မင်းကတော့ ကိုယ်ပို့တဲ့ စာတွေဆို seen ဖြစ်ဖို့ ဆိုက လိပ် သွားသလောက် ကြာတယ် ။

reply ပြန်ရင်လည်း ခရုနဲ့ ပတ်ကျိ လို တစ်အားနှေးတယ် ။ ကိုယ် မင်း post တွေမှာ မန့် တဲ့ comment လေးတွေကို မင်း reply လေး ပြန်ရုံနဲ့ ကိုယ့်ဘဝ ကြီးက ဝက် ရွှံ့ လူးသလို ပျော်နေရတယ် ။

ဘယ်လောက်ထိ ပျော်လဲ ဆိုရင် ရင်ထဲ မှာ ” တကျွိ ကျွိ ” နဲ့ မြေကြွက်ကြီး လုံးလုံးကို ဖြစ်လို့ ။ ဒါတွေကို မင်းကတော့ မသိဘူးနော် ။

ကိုယ့်မှာ မင်းကို ချစ်တဲ့ အကြောင်းတွေ ဘယ်လို ချပြ ချပြ ငဒူငအ ကြီး လုပ်နေတာ မင်းမှာ ပုရွတ်ဆိတ် ဦးနှောက် လောက်တောင် မရှိဘူးလား ။

တကယ်ဆို ကိုယ်က မင်းဘေးမှာ တောက်တဲ့လို တွယ်ကပ်နေချင်တာကို မင်းသိသင့်တယ် ။ ကိုယ့်မှာ မင်းကို ချစ်တဲ့ စိတ်တခုထဲနဲ့ ကိုယ့်မာနနဲ့ သိက္ခာတွေကို စာကလေးချီး ပါ ချ သလို ခံ လိုက်ရပြီ ။

ကိုယ် . . မင်းကို တခါတခါ လွမ်းတိုင်း မျောက်မီးခဲ ဖင်ခု ထားသလို ပျာယာတွေ ခတ် ခတ် နေရတယ် ။ မင်း ကိုယ့်ကို ချေ , လိုက်တဲ့နေ့ ဆိုရင် ကျွဲတကောင်လို ဒေါသတွေ ထွက်ပြီး မြင်မြင်ရာ လိုက်ခွေ့မိတော့ တာပဲ ။

crush ရယ်.. ကိုယ့် အချစ်က ငါး တကောင်လို ညှီစော် မနံပါဘူး ။ အရမ်းကို ဖြူစင်တယ် ကိုယ့်အသည်းလေးက ကြောင်လေး တကောင်လို အရမ်း ထိရှခံစား လွယ်တယ် ။

ပုတ်သင်ညိုလို တွေ့သမျှ လိုက်ပြီး ခေါင်းညိတ်နေတဲ့ သူလည်း ကိုယ်က မဟုတ်ရတာ အာမခံပါတယ် ။ ဒီစကားတွေက လိပ်လို ကိုယ့်ဘက်ကို ယက်ပြီး ပြောနေတာ မဟုတ်ရပါဘူး ။ ကြက်တူရွေး တကောင်လို စကား တတ်နေတာလည်း မဟုတ်ဘူး ။

မင်းရဲ့ စပါးကြီးမြွေလို ညို့ချက်တွေ ထဲမှာ ကိုယ် မိသွားခဲ့ရုံပါ ။ မင်းက ကိုယ်လိုက်လေ ပြေးလေ လုပ်နေတဲ့ ယုန် တကောင်လိုပဲ ။ မင်းဥပေက္ခာ ပြုထားတဲ့ ကိုယ့်အချစ်နဲ့ မျှော်လင့်ချက်တွေက သမင်မွေးရင်း ကျားစားရင်းပဲ ။

ဟုတ်တယ် ။ မင်းက သိပ်ကို အရှောင်တိမ်းကောင်းလွန်းတယ် ။ တော ရဲ့ အထာကို နပ်နေတဲ့ တောဘုရင် ခြေင်္သေ့ နဲ့လည်း တူတယ် ။

မင်းက ဘယ်လို ဖမ်းဖမ်း ဖမ်းမရတဲ့ ကြက်နဲ့လည်း တူတယ် ။ ကိုယ့်လက်ထဲ က ချလွှတ်ကနဲ ထွက်သွားတဲ့ ငရှည့်မြွေ လိုပဲ ။ အရမ်း အပုန်းကောင်းတဲ့ ငါးခူ ကြီးပဲ ။

မင်းကို ချစ်မိလို့ ကိုယ့်ကို လူတိုင်းက နွားလို့ ပြောကြတယ် ။ ဘယ်သူတွေ ဘာပဲ ပြောပြောပါ ကိုယ်က မင်းအတွက် ဆိုရင် မင်း သေဆုံးသွားရင်တောင် ကိုယ်က လိုက်သေပေးမဲ့ အောက်ချင်းငှက်လို မျိုးပါ ။

ကျီးကန်းက ဘဲဥကို ချီတယ် ပဲ ပြောပြောပါ ။ ကျွဲလို အသားမည်း မိတာ ကိုယ့်အပြစ်လား ။ တကယ်ဆို ဗျိုင်းလေး တကောင်လို ဖြူ စင်နုနယ်တဲ့ သူကို ချစ်မိတာ ကိုယ့်အမှားမှ မဟုတ်ပဲ ။ ကိုယ့် နှလုံးသား နှစ် ၁၀၀၀ လောက်နေမှ တခါလောက် ပေါ်တဲ့ ဇာမဏီ ငှက်လိုပါ ။

ကိုယ့်လို အချစ်စစ်နဲ့ ချစ်လာနိုင်မဲ့ သူမျိုးက ပိုလာဝက်ဝံ လို ရှားသွားပါပြီ ။ ကိုယ့်အချစ်တွေက ဆင်တစ်ကောင်လို ခွန်အားကြီးတယ်။

မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက ကျားသစ် တကောင်လို ဘယ်သူ လိုက်လိုက် မမှီစေရဘူး။ ကျေးဇူးပြုပြီး မင်း အချစ်တွေက ကိုယ့်အပေါ် ပင်ကွင်းငှက်တွေ နေတဲ့ ဒေသက ရေခဲတွေလို မအေးစက်ပါနဲ့တော့ ။

ကုလားအုတ်တွေ ကျက်စားတဲ့ သဲ ကန္တာရလို မင်း အချစ်တွေ ကိုယ့်အပေါ် ပူနွေးပေးပါတော့ ။ တကယ်တော့ ကိုယ်ဆိုတာ မင်းဘေးမှာ မင်းကို ဖွန်လာကြောင်တဲ့ သူတွေကို မရမက ကိုက်ချင်နေတဲ့ ခြင်တကောင်ရယ်ပါ ။

ရွှေစွန်ညို ဘာကိုလိုလို့ ဝဲသလဲ ဆိုတာ သိနေတော့လည်း မင်းဘေးက သူတွေကို မိကျောင်းလို အစိမ်းလိုက် အသေကိုက်ချင်တာ ကိုယ့်အမှားတော့ မဟုတ်ပါဘူးနော်

crush ရယ်.. မင်းကြောင့် ကိုယ့်မှာ ဖွတ်ကြီး လုံးလုံး ဖြစ်ခဲ့ရပါပြီ ။ မင်းသာ ကိုယ့်ကို ပြန်မချစ်ရင် ဂေါ်ဇီလာတွေလို မျိုးတုံးရ ပါတော့မယ် ။

အခုဆို မင်းကြောင့် ကိုယ့်နှလုံးသားလေး ပျားအတုတ် ခံရတာထက် ပိုပြီး ကင်းထိုးတာထက် နာပါတယ် ။

ဒါ့ကြောင့် မင်းဘေးနားမှာ ခါချဉ်ကောင်တွေလို ဝိုင်းအုံနေတဲ့ သူတွေကို ခါချပြီး ကိုယ်နှလုံးသားကို သားပိုက်ကောင်လို မင်းရင်ခွင်ထဲ ထည့်ပြီး သိမ်းပိုက်လိုက်ပါတော့ ။

ခဲတံ

#Credit

Zawgyi

ေစာင္က်ိဳးနဲ ရည္းစားစာ

ဒီမယ္.. ကို အရမ္း Crush ရပါတဲ့ Crush ေလးရယ္..

လိုင္းေပၚမွာ မင္း ရွိေနပါ့မလား ဆိုတဲ့ အေတြးနဲ႔ မင္းရဲ႕ မီးစိမ္းေလးကို သိန္းငွက္လို မ်က္လုံးနဲ႔ ၾကည့္ေနရတာကို ဆင္ႀကံႀကံ ၿပီး က်ားေခ်ာင္း ေခ်ာင္းေနတယ္လို႔ တစ္ဖတ္သတ္ႀကီး ျမင္းလို ခြာနဲ႔ မေပါက္လိုက္ပါနဲ႔ကြာ ။

တကယ္ေတာ့ ကိုယ္က မင္းတင္တဲ့ ဓါတ္ပုံေလး ကို ေတြ႕လိုက္ရတာနဲ႔ ရင္ခုန္သံေတြက ” တဂိန္ ဂိန္ ” နဲ႔ ခဲမွန္တဲ့ ေခြးေလးလို ျဖစ္ေနရတာကို အေကာက္ႀကံတဲ့ ဝံပုေလြ ႀကီးပါ လို႔ မင္း မေျပာသင့္ပါဘူး ။

တကယ္ဆို ကိုယ္က မင္းနဲ႔ေတြ႕မွ ေခြးအႀကီး လုံးလုံး ျဖစ္ခဲ့ရတာ လြမ္းတယ္ ။ အရမ္းကို လြမ္းတယ္ ။ မင္းကို လြမ္းတဲ့ ေနတိုင္းဆို ကိုယ့္မွာ လဒ ႀကီး လို မႈိင္မႈိင္ေနရတာ သိပ္ကို ခက္ပါတယ္ ။

မင္း လိုင္းေပၚ ကို မတက္ တဲ့ ရက္ေတြ ဆို မင္းကို သစ္ကုလားအုတ္ လို ေမွ်ာ္ေနရတာ လည္တံေတာင္ ရွည္လု နီးပါးျဖစ္ေနၿပီ ။ ကိုယ့္မွာ မင္းကို ေမွ်ာ္ရသေလာက္ မင္းကေတာ့ ကိုယ္ပို႔တဲ့ စာေတြဆို seen ျဖစ္ဖို႔ ဆိုက လိပ္ သြားသေလာက္ ၾကာတယ္ ။

reply ျပန္ရင္လည္း ခ႐ုနဲ႔ ပတ္က်ိ လို တစ္အားေႏွးတယ္ ။ ကိုယ္ မင္း post ေတြမွာ မန႔္ တဲ့ comment ေလးေတြကို မင္း reply ေလး ျပန္႐ုံနဲ႔ ကိုယ့္ဘဝ ႀကီးက ဝက္ ႐ႊံ႕ လူးသလို ေပ်ာ္ေနရတယ္ ။

ဘယ္ေလာက္ထိ ေပ်ာ္လဲ ဆိုရင္ ရင္ထဲ မွာ ” တကြၽိ ကြၽိ ” နဲ႔ ေျမႂကြက္ႀကီး လုံးလုံးကို ျဖစ္လို႔ ။ ဒါေတြကို မင္းကေတာ့ မသိဘူးေနာ္ ။

ကိုယ့္မွာ မင္းကို ခ်စ္တဲ့ အေၾကာင္းေတြ ဘယ္လို ခ်ျပ ခ်ျပ ငဒူငအ ႀကီး လုပ္ေနတာ မင္းမွာ ပု႐ြတ္ဆိတ္ ဦးေႏွာက္ ေလာက္ေတာင္ မရွိဘူးလား ။

တကယ္ဆို ကိုယ္က မင္းေဘးမွာ ေတာက္တဲ့လို တြယ္ကပ္ေနခ်င္တာကို မင္းသိသင့္တယ္ ။ ကိုယ့္မွာ မင္းကို ခ်စ္တဲ့ စိတ္တခုထဲနဲ႔ ကိုယ့္မာနနဲ႔ သိကၡာေတြကို စာကေလးခ်ီး ပါ ခ် သလို ခံ လိုက္ရၿပီ ။

ကိုယ္ . . မင္းကို တခါတခါ လြမ္းတိုင္း ေမ်ာက္မီးခဲ ဖင္ခု ထားသလို ပ်ာယာေတြ ခတ္ ခတ္ ေနရတယ္ ။ မင္း ကိုယ့္ကို ေခ် , လိုက္တဲ့ေန႔ ဆိုရင္ ကြၽဲတေကာင္လို ေဒါသေတြ ထြက္ၿပီး ျမင္ျမင္ရာ လိုက္ေခြ႕မိေတာ့ တာပဲ ။

crush ရယ္.. ကိုယ့္ အခ်စ္က ငါး တေကာင္လို ညႇီေစာ္ မနံပါဘူး ။ အရမ္းကို ျဖဴစင္တယ္ ကိုယ့္အသည္းေလးက ေၾကာင္ေလး တေကာင္လို အရမ္း ထိရွခံစား လြယ္တယ္ ။

ပုတ္သင္ညိဳလို ေတြ႕သမွ် လိုက္ၿပီး ေခါင္းညိတ္ေနတဲ့ သူလည္း ကိုယ္က မဟုတ္ရတာ အာမခံပါတယ္ ။ ဒီစကားေတြက လိပ္လို ကိုယ့္ဘက္ကို ယက္ၿပီး ေျပာေနတာ မဟုတ္ရပါဘူး ။ ၾကက္တူေ႐ြး တေကာင္လို စကား တတ္ေနတာလည္း မဟုတ္ဘူး ။

မင္းရဲ႕ စပါးႀကီးေႁမြလို ညိဳ႕ခ်က္ေတြ ထဲမွာ ကိုယ္ မိသြားခဲ့႐ုံပါ ။ မင္းက ကိုယ္လိုက္ေလ ေျပးေလ လုပ္ေနတဲ့ ယုန္ တေကာင္လိုပဲ ။ မင္းဥေပကၡာ ျပဳထားတဲ့ ကိုယ့္အခ်စ္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြက သမင္ေမြးရင္း က်ားစားရင္းပဲ ။

ဟုတ္တယ္ ။ မင္းက သိပ္ကို အေရွာင္တိမ္းေကာင္းလြန္းတယ္ ။ ေတာ ရဲ႕ အထာကို နပ္ေနတဲ့ ေတာဘုရင္ ေျခေသၤ့ နဲ႔လည္း တူတယ္ ။

မင္းက ဘယ္လို ဖမ္းဖမ္း ဖမ္းမရတဲ့ ၾကက္နဲ႔လည္း တူတယ္ ။ ကိုယ့္လက္ထဲ က ခ်လႊတ္ကနဲ ထြက္သြားတဲ့ ငရွည့္ေႁမြ လိုပဲ ။ အရမ္း အပုန္းေကာင္းတဲ့ ငါးခူ ႀကီးပဲ ။

မင္းကို ခ်စ္မိလို႔ ကိုယ့္ကို လူတိုင္းက ႏြားလို႔ ေျပာၾကတယ္ ။ ဘယ္သူေတြ ဘာပဲ ေျပာေျပာပါ ကိုယ္က မင္းအတြက္ ဆိုရင္ မင္း ေသဆုံးသြားရင္ေတာင္ ကိုယ္က လိုက္ေသေပးမဲ့ ေအာက္ခ်င္းငွက္လို မ်ိဳးပါ ။

က်ီးကန္းက ဘဲဥကို ခ်ီတယ္ ပဲ ေျပာေျပာပါ ။ ကြၽဲလို အသားမည္း မိတာ ကိုယ့္အျပစ္လား ။ တကယ္ဆို ဗ်ိဳင္းေလး တေကာင္လို ျဖဴ စင္ႏုနယ္တဲ့ သူကို ခ်စ္မိတာ ကိုယ့္အမွားမွ မဟုတ္ပဲ ။ ကိုယ့္ ႏွလုံးသား ႏွစ္ ၁၀၀၀ ေလာက္ေနမွ တခါေလာက္ ေပၚတဲ့ ဇာမဏီ ငွက္လိုပါ ။

ကိုယ့္လို အခ်စ္စစ္နဲ႔ ခ်စ္လာႏိုင္မဲ့ သူမ်ိဳးက ပိုလာဝက္ဝံ လို ရွားသြားပါၿပီ ။ ကိုယ့္အခ်စ္ေတြက ဆင္တစ္ေကာင္လို ခြန္အားႀကီးတယ္။

မင္းအေပၚထားတဲ့ ကိုယ့္အခ်စ္ေတြက က်ားသစ္ တေကာင္လို ဘယ္သူ လိုက္လိုက္ မမွီေစရဘူး။ ေက်းဇူးျပဳၿပီး မင္း အခ်စ္ေတြက ကိုယ့္အေပၚ ပင္ကြင္းငွက္ေတြ ေနတဲ့ ေဒသက ေရခဲေတြလို မေအးစက္ပါနဲ႔ေတာ့ ။

ကုလားအုတ္ေတြ က်က္စားတဲ့ သဲ ကႏၲာရလို မင္း အခ်စ္ေတြ ကိုယ့္အေပၚ ပူေႏြးေပးပါေတာ့ ။ တကယ္ေတာ့ ကိုယ္ဆိုတာ မင္းေဘးမွာ မင္းကို ဖြန္လာေၾကာင္တဲ့ သူေတြကို မရမက ကိုက္ခ်င္ေနတဲ့ ျခင္တေကာင္ရယ္ပါ ။

ေ႐ႊစြန္ညိဳ ဘာကိုလိုလို႔ ဝဲသလဲ ဆိုတာ သိေနေတာ့လည္း မင္းေဘးက သူေတြကို မိေက်ာင္းလို အစိမ္းလိုက္ အေသကိုက္ခ်င္တာ ကိုယ့္အမွားေတာ့ မဟုတ္ပါဘူးေနာ္

crush ရယ္.. မင္းေၾကာင့္ ကိုယ့္မွာ ဖြတ္ႀကီး လုံးလုံး ျဖစ္ခဲ့ရပါၿပီ ။ မင္းသာ ကိုယ့္ကို ျပန္မခ်စ္ရင္ ေဂၚဇီလာေတြလို မ်ိဳးတုံးရ ပါေတာ့မယ္ ။

အခုဆို မင္းေၾကာင့္ ကိုယ့္ႏွလုံးသားေလး ပ်ားအတုတ္ ခံရတာထက္ ပိုၿပီး ကင္းထိုးတာထက္ နာပါတယ္ ။

ဒါ့ေၾကာင့္ မင္းေဘးနားမွာ ခါခ်ဥ္ေကာင္ေတြလို ဝိုင္းအုံေနတဲ့ သူေတြကို ခါခ်ၿပီး ကိုယ္ႏွလုံးသားကို သားပိုက္ေကာင္လို မင္းရင္ခြင္ထဲ ထည့္ၿပီး သိမ္းပိုက္လိုက္ပါေတာ့ ။

ခဲတံ

Credit

No Comments

Leave a Reply

Your email address will not be published.

Funny
အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်…

အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်… ခင်ဗျားတို့တော့ မသိဘူး။ ကျွန်တော်တို့ လင်မယား ရန်ဖြစ်ရင် မိန်းမက ကျွန်တော့်ကို ပြန်ချော့ရတာပဲ။ ချော့ဖို့က အကြောင်းလည်း ရှိတာကိုး။ ကျွန်တော်တော့ ယောက္ခမကို အဖေနဲ့ အမေလို့ပဲခေါ်တယ်။ အဲ ယောက္ခအိမ်ရောက်နေတုန်းကာလပေါ့။ `စိတ်ညစ်လို့ သား နည်းနည်းသောက်လာတာ အဖေ၊ အမှားပါရင် ခွင့်လွှတ်ပါ၊ ကန်တော့နှော်။ တစ်ခွက်ပဲ သောက်ရသေးတယ်။ မသောက်နိုင်တော့လို့ အဲဒါ ပုလင်းယူလာတာ။ အဖေလည်း နည်းနည်းသုံးတယ်မို့လား။ဒါယူထားလိုက်ပါ´လို့ ပြောပြီး ရိုရိုသေသေနဲ့ ပုလင်းအပ်တော့ သူက အင်တင်တင်၊၊ သူ့စိတ်ကို သိလို့လည်း ပေးရဲတာ။ နို့မို့ ယောက္ခမနဲ့ သားမက်ဘဝမှာ ဒီလို ဘယ်ပေးရဲမလဲ။ ယူပါ လို့ …

Funny
ေအာင္ျမင္တဲ့ ေယာက်ၤားတေယာက္ရဲ႕ ေနာက္ကြယ္မွာ…

ေအာင္ျမင္တဲ့ ေယာက်ၤားတေယာက္ရဲ႕ ေနာက္ကြယ္မွာ… ေဒၚလာဘီလီယံေပါင္းမ်ားစြာ ခ်မ္းသာတဲ့ သူေဌးႀကီးတစ္ေယာက္ဟာ သူဝါသနာပါလို႔ ေမြးျမဴထားတဲ့ မိေခ်ာင္းေတြထားတဲ့ ကန္အလယ္က အေဆာက္အဦးေပၚမွာ သူ႔ရဲ႕ ေမြးေန႔ပါတီပြဲ က်င္းပေနပါတယ္ … လူေတြက သူေမြးထားတဲ့ မိေခ်ာင္းေတြကို အေဆာက္အဦးေပၚကေန တအံ့တဩ အထိတ္တလန႔္နဲ႔ ၾကည့္ေနၾကတာေပါ့ … အဲဒီအခ်ိန္မွာ သူေဌးက အစီအစဥ္တခုကို ႐ုတ္တရက္ ေၾကျငာလိုက္ပါတယ္ … မိတ္ေဆြမ်ားခင္ဗ်ား… ယခု ေရာက္ရွိေနတဲ့ ေနရာကေန ကန္ထဲကို ခုန္ခ်ပီး ကန္ေဘာင္ေပၚကို ေရာက္ေအာင္ သြားႏိုင္တဲ့သူကို ဆုအျဖစ္ ေဒၚလာႏွစ္သန္း ေပးမွာ ျဖစ္ပီး- ကန္ေဘာင္ကို ေရာက္ေအာင္ မသြားႏိုင္ပဲ မိေခ်ာင္းအကိုက္ခံရလို႔ အသက္ဆုံးရႉံး သြားမယ္ဆိုရင္ေတာ့ က်န္ရစ္တဲ့ မိသားစုကို …

Funny
(၁၆)ႏွစ္သားေကာင္ေလးနဲ႔ခ်စ္သူျဖစ္ပီး ခ်ိန္းေတြ႕မိတဲ့ (၄၀)ေက်ာ္ အပ်ိဳႀကီးတစ္ေယာက္ရဲ႕အျဖစ္

(၁၆)ႏွစ္သားေကာင္ေလးနဲ႔ခ်စ္သူျဖစ္ပီး ခ်ိန္းေတြ႕မိတဲ့ (၄၀)ေက်ာ္ အပ်ိဳႀကီးတစ္ေယာက္ရဲ႕အျဖစ္ တစ္ခါတုန္းက ပဲ အရမ္းမ်ားတဲ့ အပ်ိဳ ႀကီး တေယာက္ဟာ သူ႔ကို ခ်စ္ခြင့္ပန္တဲ့သူတိုင္း အိုက္တင္အရမ္းခံၿပီး ျငင္းပယ္ရင္းနဲ႔ အသက္ (၄၀) ေက်ာ္သြားေတာ့ သူ႔ကို ႀကိဳက္မဲ့သူ မရွိေတာ့ဘူး… ဒါနဲ႔ ေနာက္ဆုံး ရွားရွား ပါးပါး (၁၆) ႏွစ္သားေကာင္ေလး ခ်စ္သူတေယာက္ ရ လိုက္တယ္… တိုတိုေျပာရရင္ ေကာင္ေလးရဲ႕ ခ်ိန္းဆိုမႈနဲ႔အတူ ကန္ေဘာင္ေပၚကို အပ်ိဳႀကီးတေယာက္ ေရာက္လာပါေတာ့တယ္… ဒါနဲ႔ကန္ေဘာင္ျမက္ခင္းေပၚ စကားစေျပာ တေယာက္နဲ႔တေယာက္ ဘယ္ဘဝထိ ခ်စ္ၾကမည္ ျဖစ္ေၾကာင္း စသျဖင့္ေပါ့… ထီးေလးကြယ္ရင္း ေကာင္ေလးက အပ်ိဳႀကီးကို အနမ္းေတြေပးၿပီး အရမ္းဖက္ထားေတာ့တယ္… ျပႆနာက အဲ့မွာ စၿပီ …