သင်ဘာကြောင့် မအောင်မြင်သေးတာလဲ(သင်သိပါသလား) - YATHAZONE

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ(သင်သိပါသလား)

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ(သင်သိပါသလား)
Knowledge

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ(သင်သိပါသလား)

ဟောင်ကောင်သူဋ္ဌေးကြီးလီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလို ပြောသွားပါတယ်။ သင်ဘာလို့ မအောင်မြင်သေးတာလဲ???

သင်ရေစုန်မျောနေတယ်၊ အနုတ်လက္ခဏာ ဆောင်တဲ့ လူတွေနဲ့ ပေါင်းသင်းနေပါတယ် တိုးတက်မှုအတွက် ဦးနှောက် အချောက်မခံဘူး၊ လက်ထဲမှာ ပိုက်ဆံမရှိဘူး

မျက်နှာကျတော့ အသေလိုချင်တယ်၊ မိဘနဲ့ ခွဲရမှာကို ကြောက်တယ် ဆွေမျိုးတွေရဲ့စကားကို အမြဲနားယောင်တယ်၊ ကိုယ့်ကိုယ်ကိုဘယ်တော့မှ ဆုံးဖြတ်ချက် ရဲရဲမချရဲဘူး….

ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲနေတယ်၊ ဘဝကို ကံကြမ္မာ ပေးတဲ့အတိုင်းပဲ အသက်ရှင်ချင်တယ်

ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး၊ အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့ အလုပ်ပဲ လုပ်ချင်တယ် အိမ်မှာအေးဆေးနေပြီး လာဘ်လာဘ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်

ထီပေါက်ဖို့လောက်ပဲ အိပ်မက်စောင့်နေတတ်တယ်၊ အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင်ပြောဆိုတယ်

တကယ်အခွင့်ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။

ဆင်းရဲတော့ စိတ်အားငယ်တယ် စိတ်သိမ်ငယ်တော့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်တယ်၊ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး…

ဘာတစ်ခုမှလည်း ကျွမ်းကျင်အောင် တတ်မြောက်အောင် မသင်ကြားထားဘူး အဆိုးဆုံး ဘဝသံသရာကြီးထဲမှာ ဒီလိုပဲ တဝဲလည်လည်ဖြစ်နေတယ်

လူတော်တော်များများဟာ အခွင့်ရှိတုန်း .တစ်ခုခုတော့ လုပ်ချင်ပါရဲ့ အခက်အခဲလေးနည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့…

ဆုတ်လမ်း ရှာထားပြန်တယ်၊ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။

အများဆုံးတွေ့တတ်တဲ့ ဥပမာမ်ားကေတာ့ . . .

၁။ ပိုက်ဆံမရှာတတ် ကြဘူး

မှားတယ်။ အမှန်တော့ ပိုက်ဆံရှာတတ်တဲ့ ဦးနှောက်မရှိလို့ပါ။ စုလည်း မစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေးလည်း မစဉ်းစားတတ်လို့။

၂။ အရည်အချင်းမရှိလို့

မှားတယ်။ ကိုယ့်ကိုယ်ကိုမှ မလေ့ကျင့်ဘူးဆိုရင် ဘယ်သူက မွေးကတည်းက အရည်အချင်းရှိတာလဲ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး၊ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။

လူတစ်ယောက်အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရှုံး ခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက် အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်းလှန်ဖတ် လိုက်ရုံနဲ့ ငြီးငွေ့သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။

၃။ စကားမပြောတတ်လို့

မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြော ကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲဖြစ်တယ်။

၄။ အချိန်မရှိလို့

မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကို တွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန်တွေကို တွက်ကြည့်လိုက်ပါ။ စီမံခန့်ခွဲမှု ပညာမြာ အချိန်ကို စီမံခန့်ခွဲမှု အတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။

မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကိုမှတ်ကြည့် နှစ်ပတ်လောက်မှတ်ပြီးရင် ကိုယ်မှတ်ထားတာကို ပြန်ဆန်းစစ်ကြည့်…..

အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။

၅။ ဝါသနာမပါလို့

မှားတယ်။ စားမယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်… ဘယ်သူမဆို ဝါသနာပါမှာပဲ။ အလုပ် ပင်ပင်ပမ်းပမ်းလုပ်မယ် အကြွေးဆပ်မယ်….

ဘတ်စ်ကားတိုးစီးမယ်၊ ဘယ်သူဝါသနာပါမှာလဲ။ ဝါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လို့ ပြီးမြောက်သွားရင် ….

အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကိုခံစားရင် ဝါသနာပါသွားတာပဲ ဝါသနာဆိုတာ ပျိုးထောင် ရင်ရပါတယ်….။

၆။ စဉ်းစားကြည့်အုံးမယ်

ဒါအများဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲ လုပ်လုပ်၊ တစ်ဝက်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။

ရာနှုန်းပြည့် သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့ လူတွေ မနည်းလှတော့ဘူး။

Credit – NanThan Than Htay

Zawgyi

သင္ဘာေၾကာင့္ မေအာင္ျမင္ေသးတာလဲ(သင္သိပါသလား)

ေဟာင္ေကာင္သူေ႒းႀကီးလီကာရွင္းက ေဟာေျပာပြဲတစ္ခုမွာ ဒီလို ေျပာသြားပါတယ္။ သင္ဘာလို႔ မေအာင္ျမင္ေသးတာလဲ???

သင္ေရစုန္ေမ်ာေနတယ္၊ အႏုတ္လကၡဏာ ေဆာင္တဲ့ လူေတြနဲ႔ ေပါင္းသင္းေနပါတယ္ တိုးတက္မႈအတြက္ ဦးေႏွာက္ အေခ်ာက္မခံဘူး၊ လက္ထဲမွာ ပိုက္ဆံမရွိဘူး

မ်က္ႏွာက်ေတာ့ အေသလိုခ်င္တယ္၊ မိဘနဲ႔ ခြဲရမွာကို ေၾကာက္တယ္ ေဆြမ်ိဳးေတြရဲ႕စကားကို အၿမဲနားေယာင္တယ္၊ ကိုယ့္ကိုယ္ကိုဘယ္ေတာ့မွ ဆုံးျဖတ္ခ်က္ ရဲရဲမခ်ရဲဘူး….

ယဥ္ေက်းတယ္ဆိုတာကို အေၾကာင္းျပဳၿပီး ေရွး႐ိုးစြဲေနတယ္၊ ဘဝကို ကံၾကမၼာ ေပးတဲ့အတိုင္းပဲ အသက္ရွင္ခ်င္တယ္

ထိုးေဖာက္ဖို႔ ဘယ္ေတာ့မွ မစဥ္းစားရဲဘူး၊ အရင္းမစိုက္ထုတ္ပဲ အျမတ္မ်ားမ်ားရတဲ့ အလုပ္ပဲ လုပ္ခ်င္တယ္ အိမ္မွာေအးေဆးေနၿပီး လာဘ္လာဘ ေကာင္းကင္ေပၚကေန က်လာမွာကို ေမွ်ာ္လင့္ေနတယ္

ထီေပါက္ဖို႔ေလာက္ပဲ အိပ္မက္ေစာင့္ေနတတ္တယ္၊ အခြင့္အေရး မႀကဳံဘူးလို႔ ခဏခဏ ျပစ္တင္ေျပာဆိုတယ္

တကယ္အခြင့္ႀကဳံလာျပန္ေတာ့လည္း သင္မဖမ္းထားႏိုင္ခဲ့ဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ သင္ဖမ္းကို မဖမ္းတတ္လို႔ပါ ဒါေတြေၾကာင့္ သင္ဆင္းရဲေနပါတယ္။

ဆင္းရဲေတာ့ စိတ္အားငယ္တယ္ စိတ္သိမ္ငယ္ေတာ့ တြန႔္ဆုတ္ တြန႔္ဆုတ္ ျဖစ္တယ္၊ ဘာဆိုဘာမွ မလုပ္ရဲေတာ့ဘူး…

ဘာတစ္ခုမွလည္း ကြၽမ္းက်င္ေအာင္ တတ္ေျမာက္ေအာင္ မသင္ၾကားထားဘူး အဆိုးဆုံး ဘဝသံသရာႀကီးထဲမွာ ဒီလိုပဲ တဝဲလည္လည္ျဖစ္ေနတယ္

လူေတာ္ေတာ္မ်ားမ်ားဟာ အခြင့္ရွိတုန္း .တစ္ခုခုေတာ့ လုပ္ခ်င္ပါရဲ႕ အခက္အခဲေလးနည္းနည္း ေတြ႕တာနဲ႔ ကိုယ့္ကိုယ္ကို အေၾကာင္းျပခ်က္ ေသာင္းေျခာက္ေထာင္နဲ႔…

ဆုတ္လမ္း ရွာထားျပန္တယ္၊ အေၾကာင္းျပခ်က္ေပါင္းစုံနဲ႔ အခ်ိန္ျဖဳန္းတီးေနၾကပါတယ္။

အမ်ားဆုံးေတြ႕တတ္တဲ့ ဥပမာမ္ားေကတာ့ . . .

၁။ ပိုက္ဆံမရွာတတ္ ၾကဘူး

မွားတယ္။ အမွန္ေတာ့ ပိုက္ဆံရွာတတ္တဲ့ ဦးေႏွာက္မရွိလို႔ပါ။ စုလည္း မစုေဆာင္းတတ္လို႔။ ကိုယ့္ကိုယ္ကိုလည္း တန္ဖိုးတက္ေအာင္ မလုပ္လို႔၊ ေဝးေဝးလည္း မစဥ္းစားတတ္လို႔။

၂။ အရည္အခ်င္းမရွိလို႔

မွားတယ္။ ကိုယ့္ကိုယ္ကိုမွ မေလ့က်င့္ဘူးဆိုရင္ ဘယ္သူက ေမြးကတည္းက အရည္အခ်င္းရွိတာလဲ ဘယ္သူမွ ဘြဲ႕ရရခ်င္း အရည္အခ်င္းမရွိပါဘူး၊ ဘယ္သူကမွလည္း အလုပ္လုပ္ခ်င္း မေအာင္ျမင္ပါဘူး။

လူတစ္ေယာက္ေအာင္ျမင္တဲ့ အတိုင္းအတာဟာ ဆုံးရႈံး ခဲ့တဲ့ ပမာဏနဲ႔ တိုက္႐ိုက္ အခ်ိဳးက်တတ္ပါတယ္။ အလုပ္ကို နည္းနည္းလွန္ဖတ္ လိုက္႐ုံနဲ႔ ၿငီးေငြ႕သြားတဲ့လူဟာ ဘယ္မွာ အရည္အခ်င္းလာရွိႏိုင္မွာလဲ။

၃။ စကားမေျပာတတ္လို႔

မွားတယ္။ ဘယ္သူက ေမြးရာပါ စကားေျပာ ေကာင္းေနလို႔လဲ။ စင္ေပၚမွာ စကားေျပာေကာင္းတဲ့ လူမွန္သမွ် စင္ေအာက္မွာ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တဲ့ ရလဒ္ေၾကာင့္ပဲျဖစ္တယ္။

၄။ အခ်ိန္မရွိလို႔

မွားတယ္။ တစ္ရက္တစ္ရက္ လက္ကိုင္ဖုန္းေဆာ့တဲ့ အခ်ိန္ကို တြက္ၾကည့္ပါ။ ဂိမ္းေဆာ့တဲ့ အခ်ိန္ေတြကို တြက္ၾကည့္လိုက္ပါ။ စီမံခန႔္ခြဲမႈ ပညာျမာ အခ်ိန္ကို စီမံခန႔္ခြဲမႈ အတတ္ဟာ ပညာအပါဆုံးျဖစ္တယ္။

မယုံရင္ အခ်ိန္မွတ္တမ္းေလးတစ္ခု မွတ္ၾကည့္ပါ။ ကိုယ္ဘာလုပ္လုပ္၊ အခ်ိန္ကိုမွတ္ၾကည့္ ႏွစ္ပတ္ေလာက္မွတ္ၿပီးရင္ ကိုယ္မွတ္ထားတာကို ျပန္ဆန္းစစ္ၾကည့္…..

အလုပ္အရမ္းမ်ားပါတယ္ဆိုတဲ့ လူေတြေတာင္မွ အခ်ိန္တစ္ဝက္ေက်ာ္ဟာ အေရးသိပ္မႀကီးတဲ့ အရာေတြမွာ အခ်ိန္ပိုကုန္ေနတာကို ေတြ႕ရတတ္ပါတယ္။

၅။ ဝါသနာမပါလို႔

မွားတယ္။ စားမယ္၊ ဆိုင္ထိုင္မယ္၊ ပြဲလည္မယ္… ဘယ္သူမဆို ဝါသနာပါမွာပဲ။ အလုပ္ ပင္ပင္ပမ္းပမ္းလုပ္မယ္ အေႂကြးဆပ္မယ္….

ဘတ္စ္ကားတိုးစီးမယ္၊ ဘယ္သူဝါသနာပါမွာလဲ။ ဝါသနာဆိုတာ တစ္ခုခုကို ႀကိဳးႀကိဳးစားစား လုပ္လို႔ ၿပီးေျမာက္သြားရင္ ….

အဲဒီၿပီးေျမာက္ျခင္းရဲ႕ အရသာကိုခံစားရင္ ဝါသနာပါသြားတာပဲ ဝါသနာဆိုတာ ပ်ိဳးေထာင္ ရင္ရပါတယ္….။

၆။ စဥ္းစားၾကည့္အုံးမယ္

ဒါအမ်ားဆုံးပဲ။ အထူးသျဖင့္ မေသခ်ာရင္ ျခင္ေတာင္မ႐ိုက္တတ္တဲ့ လူတန္းစားအတြက္ ေျပာတာပါ။ ဘာပဲ လုပ္လုပ္၊ တစ္ဝက္ေသခ်ာတယ္လို႔ ထင္ရင္ စလို႔ရၿပီ။

ရာႏႈန္းျပည့္ ေသခ်ာတဲ့ အထိေစာင့္ေနရင္ အခြင့္အေရးက အဲဒီေနရာမွာ မရွိေတာ့ဘူး။ စဥ္းစားၾကည့္အုံးမယ္။ စဥ္းစားရင္း စဥ္းစားရင္းနဲ႔ အိုသြားတဲ့ လူေတြ မနည္းလွေတာ့ဘူး။

Credit – NanThan Than Htay

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …