ချစ်သူရည်းစားမရှိဘဲ တစ်ယောက်ထဲရပ်တည်နေတဲ့ အပျိုကြီးမမတွေရဲ့ စိတ်ခံစားချက်များ - YATHAZONE
ချစ်သူရည်းစားမရှိဘဲ တစ်ယောက်ထဲရပ်တည်နေတဲ့ အပျိုကြီးမမတွေရဲ့ စိတ်ခံစားချက်များ
Knowledge
ချစ်သူရည်းစားမရှိဘဲ တစ်ယောက်ထဲရပ်တည်နေတဲ့ အပျိုကြီးမမတွေရဲ့ စိတ်ခံစားချက်များ
အားနည်းတယ်လို့ လူတိုင်းလက်ခံထားကြတဲ့ အမျိုးသမီးတွေက တကယ်တမ်း စိတ်ဓာတ်ကြံ့ခိုင်သွားပြီဆိုရင်တော့ ယောက်ျားရင့်မာကြီးတွေထက် ပိုပြီး Strong ဖြစ်တတ်ပါတယ် ။
ချစ်သူရည်းစားမရှိဘဲ တစ်ယောက်ထဲရပ်တည်နေတဲ့ အမျိုးသမီးတွေဟာ ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်ပြီး ပိုပြီးအောင်မြင်တယ်ဆိုတာ သက်သေအများပြားရှီပါတယ် ။
ထက်မြတ်ပြီး သူများကို အားမကိုးတတ်တဲ့ အမျိုးသမီးတွေရဲ့ အကျင့်တွေ ကတော့ ဒီအချက်လေးတွေပါ ။
(၁) ကိုယ်ပိုင်ဝင်ငွေရှိတယ်
ယောက်ျားတစ်ယောကို မှီခိုပြီး အောင်မြင်ကြီးပွားလိုစိတ်မရှိကြပါဘူး။ ကိုယ်ကိုင်လုပ်ငန်း ကိုယ်ပိုင် စီးပွားရေး နဲ့ရပ်တည်ပြီး ကိုယ်ပိုက်ဆံကိုယ် ရှာသုံးနိုင်တဲ့ အမျိုးသမီးတွေဟာ အရည်အချင်းရှိပြီး ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို လိုအပ်တယ်လို့ကိုမထင်ပါဘူး ။
ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်နိုင်ဘူး ကိုယ်ရှာတဲ့ပိုက်ဆံကို ကိုယ့်စိတ်ကြိုက်သုံးရ တာလောက် ယောက်ျားတွေက အရေးမပါဘူးလို့ထင်ကြပါတယ် ။
(၂) အနှောင်ဖွဲ့ကင်းတယ်လို့ခံယူကြတယ်
ဘေးကနားက ချုပ်ချယ် ပိတ်ပင် တားဆီးမယ့် အမျိုးသားတစ်ယောက်ရှိနေခြင်းထက် တစ်ယောက်ထဲ အနှောင် ဖွဲ့ကင်းကင်းနေရတာ ပို စိတ်ချမ်းသာတယ်လို့ ယူဆကြတယ် ။
တစ်ချို့အပျိုကြီးတွေဆိုရင် သူငယ်ချင်း အိမ်ထောင်သည်တွေထက် အများကြီး ပိုပြီး စိတ်ချမ်းသာပြီး အေးချမ်းကြတာမလို့ ယောကျ်ားတွေဟာ မိန်းကလေးတစ်ယောက်အဖို့ မရှိမဖြစ် မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။
(၃) ရည်မှန်းချက်ကြီးမားတယ်
ထက်မြတ်တဲ့အမျိုးသမီးတွေ ဖြစ်တဲ့ အပျိုကြီးတော်တော်များများဟာ သူတို့ရဲ့ငယ်ဘဝမှာ ကြီးမားတဲ့အိပ်မက်တွေ ရည်မှန်းချက်တွေရှိခဲ့ကြတယ် ။ အဲ့ဒီရည်းမှန်းချက်တွေနောက်ကို လိုက်ရင်း ချစ်သူရည်းစားထားရမယ့်အရွယ်တွေကုန်လွန်လာကြတာ ဖြစ်ပါတယ် ။
ဒါပေမယ့်လည်း ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အောင်မြင်လာတဲ့ အခါ ချစ်သူရည်းစား မထားခဲ့ရတာကို နောင်တရနေမှာမဟုတ်ပါဘူး ။ ဘဝအတွက် အကြီးမားဆုံး အောင်မြင်မှု တစ်ခု ကို လက်ဆုတ်လက်ကိုင် ပြနိုင်ခဲ့တဲ့အတွက် ပီတိတောင်ဖြစ်နေဦးမှာပါ ။
(၄) ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူလို့ရတယ်လို့ ယူဆထားတယ်
သူ့ရဲ့ပျော်ရွှင်မှုတွေကိုဖန်တီးပေးဖို့၊ သူ့ကိုပျော်ရွှင်စေဖို့အတွက် ယောကျ်ားတစ်ယောက် ကို မလိုအပ်ပါဘူး။ မိန်းကလေးတိုင်းဟာ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးတတ်တဲ့ သူတွေဖြစ်ပြီး တစ်ယောက်တည်းလည်း ပျော်ပျော်နေတတ်သူတွေပါ။
ဒါကြောင့်မို့ သူတို့ရဲ့ ပျော်ရွှင်မှုဟာ ယောကျ်ားတစ်ယောက်အပေါ်မှာ မူတည်နေတာ မဟုတ်သလို၊ သူတို့ပျော်ရွှင်ဖို့အတွက် ယောကျ်ားတွေဟာလည်း မရှိမဖြစ်မဟုတ်ပါဘူး။
Crd
Zawgyi
တစ်ချို့အပျိုကြီးတွေဆိုရင် သူငယ်ချင်း အိမ်ထောင်သည်တွေထက် အများကြီး ပိုပြီး စိတ်ချမ်းသာပြီး အေးချမ်းကြတာမလို့ ယောက်ျားတွေဟာ မိန်းကလေးတစ်ယောက်အဖို့ မရှိမဖြစ် မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။
ဒါကြောင့်မို့ သူတို့ရဲ့ ပျော်ရွှင်မှုဟာ ယောက်ျားတစ်ယောက်အပေါ်မှာ မူတည်နေတာ မဟုတ်သလို၊ သူတို့ပျော်ရွှင်ဖို့အတွက် ယောက်ျားတွေဟာလည်း မရှိမဖြစ်မဟုတ်ပါဘူး။
Crd
No Comments
Leave a Reply
Your email address will not be published.
Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …
Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …
Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …