မျက်စိပါဝါကျချင်သူတွေအတွက်ဆောင်ရန်ရှောင်ရန်များ - YATHAZONE

မျက်စိပါဝါကျချင်သူတွေအတွက်ဆောင်ရန်ရှောင်ရန်များ

Knowledge

မျက်စိပါဝါကျချင်သူတွေအတွက်ဆောင်ရန်ရှောင်ရန်များ

မျက်စိပါဝါချနည်းက ကိုယ်တိုင်သိပ်သိချင်တဲ့ မေးခွန်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ Online မှာလဲ အမေးများတယ်။ မျက်စိသဘောက စနစ်တကျမျက်စိပါဝါမချတတ်ရင် (ဒါမှမဟုတ်) လုပ်နည်းမမှန်ရင် ပါဝါပိုတက်လာတတ်ပါတယ်။

အမှန်ကတော့ စာရေးသူကိုယ်တိုင်လဲစာရေးပြီးနောက်ပိုင်း (အထူးသဖြင့် ၀တ္ထုရေးပြီးနောက်ပိုင်း) မှာ မျက်စိပါဝါ သိသိသာသာတက်လာခဲ့ပါတယ်။ ဒါကြောင့် ပါဝါတက်နေသူတွေကိုကျစေချင်တဲ့စေတနာရှိခဲ့ပါတယ်။

တကယ်တော့ မျက်စိပါဝါကျဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ လူငယ်အများစုကအဝေးမှုန်သမားတွေဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ အကျိုးဆက်ဆိုလဲမမှားပါ။

ဒီဘက်ခေတ်မှာ Online နဲ့ Facebook ကိုအလွန်အကျွံခေတ်စားလာတာလဲ မီးလောင်ရာလေပင့်ဆိုသလို ပိုဆိုးလာစေပါတယ်။ အထူးသဖြင့်ဖုန်းနဲ့စာကြည့်တာ မျက်စိကိုပိုထိခိုက်စေတယ်။

အခုဒီဆောင်းပါးမှာ မျက်စိပါဝါကျစေဖို့သာမက ရှောင်ရန်အချက်တွေကိုပါ တစ်ခါတည်းပြောပြသွားမှာဖြစ်ပါတယ်။

မျက်စိပါဝါချချင်ရင် မျက်စိကို ကောင်းကောင်းအနားပေးဖို့လိုပါတယ်။ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ Screen တွေကထွက်တဲ့ အလင်းစူးစူးတွေကို ကြည့်လို့မရပါဘူး။

ကွန်ပျူတာ၊ ဖုန်းအကြည့်များသူတွေအနေနဲ့ Brightness (အလင်း) ကို တတ်နိုင်သမျှလျှော့ချဖို့လိုပါတယ်။ အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်တယ်။

တချို့ Online စာမျက်နှာတွေမှာ နေကသိုဏ်းရှုဖို့ပြောနေတာမျိုးရှိတယ်။ တကယ်က နေရောင်အပါအ၀င် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ပါဘူး။

အဲဒီလိုပြုလုပ်ခြင်းဟာ အတွင်းတိမ် (Cataract) ဖြစ်စေရုံမက Macular Degeneration လို့ခေါ်တဲ့ မျက်စိအမြင်အာရုံကို တဖြည်းဖြည်းပျက်စီးစေနိုင်ပါတယ်။

အပြင်သွားတဲ့အခါလဲ UVA and UVB Rays 99% နဲ့100% ကြားကာကွယ်တဲ့ နေကာမျက်မှန်မျိုးတပ်ထားရပါမယ်။

အိပ်ရေးမ၀တာကလဲ မျက်စိကိုထိခိုက်စေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အိပ်ချိန်ကောင်းကောင်းပေးဖို့လိုပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီ၀ကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားကိုတင်းစေပြီး ပါဝါတက်လာစေပါတယ်။

စိတ်ရောမျက်စိကိုရော အနားပေးပါ။ မျက်စိသဘောကဆယ်မိနစ်တစ်ခါအနားပေးရပါတယ်။

ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့အကြံပြုချက်က သိပ်ကောင်းပါတယ်။ ဒီနေ့ခေတ်လူငယ်တွေဟာ ကွန်ပျူတာ၊ ဖုန်းစတဲ့လျှပ်စစ်ပစ္စည်းတွေ၊ အလုပ်တွေကြားကရုန်းမထွက်နိုင်ကြဘူးတဲ့။

အဲ့ဒီအတွက် အကောင်းဆုံးအကြံပေးချင်တာက တစ်ခုတည်းပါ။ မျက်စိအာရုံစိုက်ရတဲ့အလုပ်မျိုးမှာ ခေါင်းငုံ့၊ ခေါင်းမော့လေ့ကျင့်ခန်း အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါတဲ့။

ဒီလေ့ကျင့်ခန်းက မျက်စိနဲ့လည်ပင်းကိုသွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်အကူပြုပါတယ်။

မျက်စိအနားပေးတဲ့အခါ Rule of 20 ဆိုတဲ့ ဥပဒေသတစ်ခုရှိပါတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့အရာတစ်ခုကို အချိန်ကြာကြည့်မယ်ဆိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ ၂၀ ခန့်အကွာမှာရှိတဲ့ အရာ၀တ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာကြည့်ပြီးအကြောဖြေရမှာဖြစ်ပါတယ်။

ဒီနည်းက အမြင်အာရုံကိုသိသိသာသာတိုးတက်လာစေပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ မျက်စိရေဓါတ်အားဖြည့်ဖို့ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်စိဝါးတာဖြစ်နိုင်ပါတယ်။ အစိုဓါတ်ပြည့်ဝနေဖို့ ရေများများသေက်သင့်ပါတယ်။

ဒီနေရာမှာအများစုမှားယွင်းနေတာတစ်ခုကို ဖော်ပြပါရစေ။ မနက်အိပ်ရာထထချင်း မျက်နှာကိုအရင်ဆုံးသစ်တာ မျက်စိအတွက်လုံး၀မကောင်းပါဘူး။

တကယ်လုပ်သင့်တာက ပါးစပ်ထဲရေတစ်ငုံအရင်ငုံလိုက်၊ နောက်ပြီးမှမျက်စိကိုဖွင့်ပြီး ရေနဲ့ပက်ဖျန်းရမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ မျက်စိကိုအေးမြစေပါတယ်။

အအေးဓါတ်က တင်းရင်းနေတဲ့မျက်စိကြွက်သားကို ပြေလျော့စေတာမို့ မျက်စိပါဝါကျဆင်းလာနိုင်တယ်လို့ဆိုပါတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်းလုပ်ဖို့လိုအပ်ပါတယ်။

မျက်စိပါဝါကျဖို့လေ့ကျင့်ခန်းတွေရှိပါတယ်။ Eye Relaxation Exercise လို့ခေါ်ပါတယ်။ အရင်ဆုံး မိမိလက်ဖဝါးနှစ်ဖက်ကို ပူလာအောင်အချင်းချင်းပွတ်ပါ။ ထို့နောက်မျက်စိကိုပိတ်ပြီး ပူလာတဲ့လက်ဖဝါးကို မျက်လုံးပေါ်ဖိတင်ထားပါ။

စိတ်ထဲက မျက်စိကြွက်သားတွေလျော့နေပြီလို့ကိုယ့်ဘာသာသဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိုးက အချိန်မပေးနိုင်ဘူးဆိုတဲ့ IT သမားတွေ၊ ကွန်ပျူတာရှေ့နာရီပေါင်းများစွာထိုင်နေသူတွေအတွက်အလွန်ကောင်းပါတယ်။ စာရေးတဲ့အခါစာရေးသူကိုယ်တိုင် ထိုသို့အလေ့အကျင့်လုပ်ထားပါတယ်။

မျက်မှန်သမားတွေတကယ်လုပ်ရမယ့် လေ့ကျင့်ခန်းက အခုမှပြောမှာပါ။ လေ့ကျင့်ခန်းကသိပ်မခက်ပါဘူး။

မျက်စိကိုအထက်အောက်၊ ဘယ်ညာကစားပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့အရင်ဆုံးမျက်စိကို အပေါ်လှန်ကြည့်ပါ။ ပြီးရင် နာရီလက်တံလည်သကဲ့သို့ စက်ဝိုင်းပုံဖြည်းဖြည်းချင်းလှည့်ပြီးကစားပေးပါ။

၁၀ ကြိမ်ရအောင်အရင်လုပ်ပါ။ ပြီးရင်အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန်လားရာအတိုင်း မျက်စိကိုလှည့်ကစားပါ။ ၁၀ ကြိမ်ပဲလုပ်ရမှာဖြစ်ပါတယ်။ ပါဝါသိပ်မတက်သေးသူတွေအနေနဲ့မျက်မှန်တစ်ချိန်လုံးတပ်မထားသင့်ပါ။

သဘာ၀အမြင်ကိုလဲ အားကိုးသင့်ပါတယ်။ အဲ့ဒီအချက်ကမျက်မှန်ပါဝါသမားတွေ မကြာခဏမေးလေ့ရှိတဲ့ မျက်မှန်အမြဲတပ်ထားရမှာလားမေးခွန်းအတွက် အဖြေလဲဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်ရံ မျက်မှန်ချွတ်ထားသင့်ပါတယ်။

ဆက်ပြောရမှာက အစားအသောက်ရွေးချယ်မှုပါ။ မျက်စိထဲအာဟာရဓါတ်ပြည့်၀ဖို့လိုပါတယ်။ Vitamin A, Vitamin C, Lutein နဲ့ Beta Carotene ကြွယ်၀တာတွေက မျက်စိအားကောင်းစေပါတယ်။

ငါးကြီးဆီ၊ သင်္ဘောသီး၊ ထောပါတ်၊ ဖရုံ၊ တရုတ်ဆီးသီး နဲ့ စပျစ်သီးများများစားပေးပါ။ ဝါတဲ့၊ နီတဲ့ သစ်သီးများများစားရမယ်။ မုန်လာဥနီထဲမှာ မျက်စိအားကောင်းစေတဲ့ Beta Carotene ဆိုတဲ့ဓါတ်ပါပါတယ်။

မုန်လာဥနီများများစားပါ။ ဖျော်ရည်လဲလုပ်သောက်နိုင်ပါတယ်။ အာနိသင်ကတော့ အစိမ်းလိုက်ဝါးစားတာလောက်ဘယ်အရာမှမကောင်းပါ။

အခွံမာသီးနဲ့ငါးအဆီမှာ Omega 3 ဆိုတဲ့ဓါတ်ပါပါတယ်။ Omega 3 ကအသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်တာအတွက် အလွန်ကောင်းပါတယ်။ ဘယ်ရီသီးတွေက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

မျက်စိသွေးလျှောက်မှုက ပါဝါကျစေနိုင်ပါတယ်။ ပါဝါသမားတွေရှောင်ရမှာက ချိုတာတွေဖြစ်ပါတယ်။ သကြားဓါတ်က အမြင်လွှာကိုပိုမိုပျက်စီးစေပါတယ်။ ထို့ကြောင့်အဆာပြေမုန့်ပဲသရေစာ၊ ဆီကြော်စာ၊ အာလူးကြော်၊ ကွတ်ကီးအစရှိသည်များကို ရှောင်ပါ။ ဆေးလိပ်၊ အရက်ကိုလုံး၀မသောက်ပါနဲ့။

မျက်စိပါဝါကျစေတဲ့အိမ်သုံးနည်းကတော့ သခွားသီးကပ်ပေးတာဖြစ်ပါတယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာအတွင်းထည့်ထားတဲ့ သခွားသီးကိုပါးပါးလှီးပြီး မျက်လုံးပေါ်တင်အိပ်ပါ။

အေးတဲ့ဓါတ်က မျက်စိကြွက်သားပြေလျော့စေပြီးမနက်ပိုင်းအိပ်ရာထချိန်တွင် မျက်လုံးကိုကြည်လင်စေမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ဆိုရသော် မျက်စိအားကောင်းစေရန် အစားအသောက်အရွေးချယ်တတ်ရမှာဖြစ်ပြီး မျက်စိလေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ဖြစ်ပါတယ်။

အထူးသဖြင့် နေ့စဉ်ကြက်ဥတစ်လုံး၊ ချဉ်သောသစ်သီးတစ်မျိုးမျိုး (သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး)၊ မုန်လာဥနီတစ်တောင့်နှင့် စပျစ်သီးတစ်တွဲစားပေးခြင်းဟာ မျက်စိပါဝါကိုသိသိသာသာကျဆင်းလာတာတွေ့ရမှာဖြစ်ပါတယ်။

Credit

Zawgyi

မ်က္စိပါဝါက်ခ်င္သူေတြအတြက္ေဆာင္ရန္ေရွာင္ရန္မ်ား

မ်က္စိပါဝါခ်နည္းက ကိုယ္တိုင္သိပ္သိခ်င္တဲ့ ေမးခြန္းတစ္ခုျဖစ္ခဲ့ဖူးပါတယ္။ Online မွာလဲ အေမးမ်ားတယ္။ မ်က္စိသေဘာက စနစ္တက်မ်က္စိပါဝါမခ်တတ္ရင္ (ဒါမွမဟုတ္) လုပ္နည္းမမွန္ရင္ ပါဝါပိုတက္လာတတ္ပါတယ္။

အမွန္ကေတာ့ စာေရးသူကိုယ္တိုင္လဲစာေရးၿပီးေနာက္ပိုင္း (အထူးသျဖင့္ ၀တၳဳေရးၿပီးေနာက္ပိုင္း) မွာ မ်က္စိပါဝါ သိသိသာသာတက္လာခဲ့ပါတယ္။ ဒါေၾကာင့္ ပါဝါတက္ေနသူေတြကိုက်ေစခ်င္တဲ့ေစတနာရွိခဲ့ပါတယ္။

တကယ္ေတာ့ မ်က္စိပါဝါက်ဖို႔ဆိုတာ ေတာ္ေတာ္ခက္ခဲတယ္။ လူငယ္အမ်ားစုကအေဝးမႈန္သမားေတြျဖစ္ၾကတယ္။ ဂိမ္း၊ တီဗြီ၊ ကြန္ပ်ဴတာစတဲ့ လွ်ပ္စစ္ပစၥည္းေတြရဲ႕ အက်ိဳးဆက္ဆိုလဲမမွားပါ။

ဒီဘက္ေခတ္မွာ Online နဲ႔ Facebook ကိုအလြန္အကြၽံေခတ္စားလာတာလဲ မီးေလာင္ရာေလပင့္ဆိုသလို ပိုဆိုးလာေစပါတယ္။ အထူးသျဖင့္ဖုန္းနဲ႔စာၾကည့္တာ မ်က္စိကိုပိုထိခိုက္ေစတယ္။

အခုဒီေဆာင္းပါးမွာ မ်က္စိပါဝါက်ေစဖို႔သာမက ေရွာင္ရန္အခ်က္ေတြကိုပါ တစ္ခါတည္းေျပာျပသြားမွာျဖစ္ပါတယ္။

မ်က္စိပါဝါခ်ခ်င္ရင္ မ်က္စိကို ေကာင္းေကာင္းအနားေပးဖို႔လိုပါတယ္။ ဖုန္း၊ ကြန္ပ်ဴတာ၊ တီဗြီ Screen ေတြကထြက္တဲ့ အလင္းစူးစူးေတြကို ၾကည့္လို႔မရပါဘူး။

ကြန္ပ်ဴတာ၊ ဖုန္းအၾကည့္မ်ားသူေတြအေနနဲ႔ Brightness (အလင္း) ကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ဖို႔လိုပါတယ္။ အလင္းစူးစူးေတြက မ်က္စိႂကြက္သားကို ပိုက်ဳံ႕ေစတာေၾကာင့္ ပါဝါတက္လာတတ္တယ္။

တခ်ိဳ႕ Online စာမ်က္ႏွာေတြမွာ ေနကသိုဏ္းရႈဖို႔ေျပာေနတာမ်ိဳးရွိတယ္။ တကယ္က ေနေရာင္အပါအ၀င္ ဘယ္အလင္းစူးစူးကိုမွ စိုက္ၾကည့္တာမ်ိဳး မလုပ္သင့္ပါဘူး။

အဲဒီလိုျပဳလုပ္ျခင္းဟာ အတြင္းတိမ္ (Cataract) ျဖစ္ေစ႐ုံမက Macular Degeneration လို႔ေခၚတဲ့ မ်က္စိအျမင္အာ႐ုံကို တျဖည္းျဖည္းပ်က္စီးေစႏိုင္ပါတယ္။

အျပင္သြားတဲ့အခါလဲ UVA and UVB Rays 99% နဲ႔100% ၾကားကာကြယ္တဲ့ ေနကာမ်က္မွန္မ်ိဳးတပ္ထားရပါမယ္။

အိပ္ေရးမ၀တာကလဲ မ်က္စိကိုထိခိုက္ေစတဲ့ အေၾကာင္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္အိပ္ခ်ိန္ေကာင္းေကာင္းေပးဖို႔လိုပါတယ္။ ေနာက္တစ္ခုက စိတ္ဖိစီးမႈပါ။ စိတ္ဖိစီးမႈက ဇီ၀ကမၼေျပာင္းလဲေစ႐ုံသာမက မ်က္စိႂကြက္သားကိုတင္းေစၿပီး ပါဝါတက္လာေစပါတယ္။

စိတ္ေရာမ်က္စိကိုေရာ အနားေပးပါ။ မ်က္စိသေဘာကဆယ္မိနစ္တစ္ခါအနားေပးရပါတယ္။

ဒီေနရာမွာ မ်က္စိအထူးကု Arun Sethi ေျပာတဲ့အႀကံျပဳခ်က္က သိပ္ေကာင္းပါတယ္။ ဒီေန႔ေခတ္လူငယ္ေတြဟာ ကြန္ပ်ဴတာ၊ ဖုန္းစတဲ့လွ်ပ္စစ္ပစၥည္းေတြ၊ အလုပ္ေတြၾကားက႐ုန္းမထြက္ႏိုင္ၾကဘူးတဲ့။

အဲ့ဒီအတြက္ အေကာင္းဆုံးအႀကံေပးခ်င္တာက တစ္ခုတည္းပါ။ မ်က္စိအာ႐ုံစိုက္ရတဲ့အလုပ္မ်ိဳးမွာ ေခါင္းငုံ႔၊ ေခါင္းေမာ့ေလ့က်င့္ခန္း အႀကိမ္ႏွစ္ဆယ္ေလာက္ လုပ္ေပးပါတဲ့။

ဒီေလ့က်င့္ခန္းက မ်က္စိနဲ႔လည္ပင္းကိုေသြးေလွ်ာက္အားေကာင္းေစၿပီး မ်က္စိပါဝါခ်ရာမွာ အေထာက္အကူျပဳပါတယ္။

မ်က္စိအနားေပးတဲ့အခါ Rule of 20 ဆိုတဲ့ ဥပေဒသတစ္ခုရွိပါတယ္။ ဒီဥပေဒသအရ သင္ဟာ အာ႐ုံစူးစိုက္ရတဲ့အရာတစ္ခုကို အခ်ိန္ၾကာၾကည့္မယ္ဆိုရင္ မိနစ္ႏွစ္ဆယ္ျပည့္တိုင္း ေပ ၂၀ ခန္႔အကြာမွာရွိတဲ့ အရာ၀တၳဳတစ္ခုခုကို စကၠန္႔ ၂၀ ၾကာၾကည့္ၿပီးအေၾကာေျဖရမွာျဖစ္ပါတယ္။

ဒီနည္းက အျမင္အာ႐ုံကိုသိသိသာသာတိုးတက္လာေစပါတယ္။

ေနာက္ထပ္အေရးႀကီးတဲ့တစ္ခ်က္ကေတာ့ မ်က္စိေရဓါတ္အားျဖည့္ဖို႔ျဖစ္ပါတယ္။ ေရဓါတ္ခမ္းေျခာက္မႈက မ်က္စိေျခာက္ကပ္တာ၊ မ်က္စိဝါးတာျဖစ္ႏိုင္ပါတယ္။ အစိုဓါတ္ျပည့္ဝေနဖို႔ ေရမ်ားမ်ားေသက္သင့္ပါတယ္။

ဒီေနရာမွာအမ်ားစုမွားယြင္းေနတာတစ္ခုကို ေဖာ္ျပပါရေစ။ မနက္အိပ္ရာထထခ်င္း မ်က္ႏွာကိုအရင္ဆုံးသစ္တာ မ်က္စိအတြက္လုံး၀မေကာင္းပါဘူး။

တကယ္လုပ္သင့္တာက ပါးစပ္ထဲေရတစ္ငုံအရင္ငုံလိုက္၊ ေနာက္ၿပီးမွမ်က္စိကိုဖြင့္ၿပီး ေရနဲ႔ပက္ဖ်န္းရမွာျဖစ္ပါတယ္။ ထိုသို႔ျပဳလုပ္ျခင္းဟာ မ်က္စိကိုေအးျမေစပါတယ္။

အေအးဓါတ္က တင္းရင္းေနတဲ့မ်က္စိႂကြက္သားကို ေျပေလ်ာ့ေစတာမို႔ မ်က္စိပါဝါက်ဆင္းလာႏိုင္တယ္လို႔ဆိုပါတယ္။ ဒီအေလ့အက်င့္မ်ိဳးကို မနက္အိပ္ရာထတိုင္းလုပ္ဖို႔လိုအပ္ပါတယ္။

မ်က္စိပါဝါက်ဖို႔ေလ့က်င့္ခန္းေတြရွိပါတယ္။ Eye Relaxation Exercise လို႔ေခၚပါတယ္။ အရင္ဆုံး မိမိလက္ဖဝါးႏွစ္ဖက္ကို ပူလာေအာင္အခ်င္းခ်င္းပြတ္ပါ။ ထို႔ေနာက္မ်က္စိကိုပိတ္ၿပီး ပူလာတဲ့လက္ဖဝါးကို မ်က္လုံးေပၚဖိတင္ထားပါ။

စိတ္ထဲက မ်က္စိႂကြက္သားေတြေလ်ာ့ေနၿပီလို႔ကိုယ့္ဘာသာသေဘာထားပါ။ ဒီေလ့က်င့္ခန္းမ်ိဳးက အခ်ိန္မေပးႏိုင္ဘူးဆိုတဲ့ IT သမားေတြ၊ ကြန္ပ်ဴတာေရွ႕နာရီေပါင္းမ်ားစြာထိုင္ေနသူေတြအတြက္အလြန္ေကာင္းပါတယ္။ စာေရးတဲ့အခါစာေရးသူကိုယ္တိုင္ ထိုသို႔အေလ့အက်င့္လုပ္ထားပါတယ္။

မ်က္မွန္သမားေတြတကယ္လုပ္ရမယ့္ ေလ့က်င့္ခန္းက အခုမွေျပာမွာပါ။ ေလ့က်င့္ခန္းကသိပ္မခက္ပါဘူး။

မ်က္စိကိုအထက္ေအာက္၊ ဘယ္ညာကစားေပးရမွာျဖစ္ပါတယ္။ အဲ့ဒီလိုလုပ္ဖို႔အရင္ဆုံးမ်က္စိကို အေပၚလွန္ၾကည့္ပါ။ ၿပီးရင္ နာရီလက္တံလည္သကဲ့သို႔ စက္ဝိုင္းပုံျဖည္းျဖည္းခ်င္းလွည့္ၿပီးကစားေပးပါ။

၁၀ ႀကိမ္ရေအာင္အရင္လုပ္ပါ။ ၿပီးရင္အေပၚကိုၾကည့္ၿပီး နာရီလက္တံေျပာင္းျပန္လားရာအတိုင္း မ်က္စိကိုလွည့္ကစားပါ။ ၁၀ ႀကိမ္ပဲလုပ္ရမွာျဖစ္ပါတယ္။ ပါဝါသိပ္မတက္ေသးသူေတြအေနနဲ႔မ်က္မွန္တစ္ခ်ိန္လုံးတပ္မထားသင့္ပါ။

သဘာ၀အျမင္ကိုလဲ အားကိုးသင့္ပါတယ္။ အဲ့ဒီအခ်က္ကမ်က္မွန္ပါဝါသမားေတြ မၾကာခဏေမးေလ့ရွိတဲ့ မ်က္မွန္အၿမဲတပ္ထားရမွာလားေမးခြန္းအတြက္ အေျဖလဲျဖစ္ေနျပန္ပါတယ္။ တစ္ခါတစ္ရံ မ်က္မွန္ခြၽတ္ထားသင့္ပါတယ္။

ဆက္ေျပာရမွာက အစားအေသာက္ေ႐ြးခ်ယ္မႈပါ။ မ်က္စိထဲအာဟာရဓါတ္ျပည့္၀ဖို႔လိုပါတယ္။ Vitamin A, Vitamin C, Lutein နဲ႔ Beta Carotene ႂကြယ္၀တာေတြက မ်က္စိအားေကာင္းေစပါတယ္။

ငါးႀကီးဆီ၊ သေဘၤာသီး၊ ေထာပါတ္၊ ဖ႐ုံ၊ တ႐ုတ္ဆီးသီး နဲ႔ စပ်စ္သီးမ်ားမ်ားစားေပးပါ။ ဝါတဲ့၊ နီတဲ့ သစ္သီးမ်ားမ်ားစားရမယ္။ မုန္လာဥနီထဲမွာ မ်က္စိအားေကာင္းေစတဲ့ Beta Carotene ဆိုတဲ့ဓါတ္ပါပါတယ္။

မုန္လာဥနီမ်ားမ်ားစားပါ။ ေဖ်ာ္ရည္လဲလုပ္ေသာက္ႏိုင္ပါတယ္။ အာနိသင္ကေတာ့ အစိမ္းလိုက္ဝါးစားတာေလာက္ဘယ္အရာမွမေကာင္းပါ။

အခြံမာသီးနဲ႔ငါးအဆီမွာ Omega 3 ဆိုတဲ့ဓါတ္ပါပါတယ္။ Omega 3 ကအသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့မ်က္စိမႈန္တာအတြက္ အလြန္ေကာင္းပါတယ္။ ဘယ္ရီသီးေတြက ေသြးလည္ပတ္မႈကို အားေကာင္းေစပါတယ္။

မ်က္စိေသြးေလွ်ာက္မႈက ပါဝါက်ေစႏိုင္ပါတယ္။ ပါဝါသမားေတြေရွာင္ရမွာက ခ်ိဳတာေတြျဖစ္ပါတယ္။ သၾကားဓါတ္က အျမင္လႊာကိုပိုမိုပ်က္စီးေစပါတယ္။ ထို႔ေၾကာင့္အဆာေျပမုန္႔ပဲသေရစာ၊ ဆီေၾကာ္စာ၊ အာလူးေၾကာ္၊ ကြတ္ကီးအစရွိသည္မ်ားကို ေရွာင္ပါ။ ေဆးလိပ္၊ အရက္ကိုလုံး၀မေသာက္ပါနဲ႔။

မ်က္စိပါဝါက်ေစတဲ့အိမ္သုံးနည္းကေတာ့ သခြားသီးကပ္ေပးတာျဖစ္ပါတယ္။ ညအိပ္ခါနီးတိုင္း ေရခဲေသတၱာအတြင္းထည့္ထားတဲ့ သခြားသီးကိုပါးပါးလွီးၿပီး မ်က္လုံးေပၚတင္အိပ္ပါ။

ေအးတဲ့ဓါတ္က မ်က္စိႂကြက္သားေျပေလ်ာ့ေစၿပီးမနက္ပိုင္းအိပ္ရာထခ်ိန္တြင္ မ်က္လုံးကိုၾကည္လင္ေစမွာ ျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္ဆိုရေသာ္ မ်က္စိအားေကာင္းေစရန္ အစားအေသာက္အေ႐ြးခ်ယ္တတ္ရမွာျဖစ္ၿပီး မ်က္စိေလ့က်င့္ခန္းပုံမွန္လုပ္ေပးဖို႔ျဖစ္ပါတယ္။

အထူးသျဖင့္ ေန႔စဥ္ၾကက္ဥတစ္လုံး၊ ခ်ဥ္ေသာသစ္သီးတစ္မ်ိဳးမ်ိဳး (သံပုရာသီး၊ လိေမၼာ္သီး၊ ေရွာက္သီး)၊ မုန္လာဥနီတစ္ေတာင့္ႏွင့္ စပ်စ္သီးတစ္တြဲစားေပးျခင္းဟာ မ်က္စိပါဝါကိုသိသိသာသာက်ဆင္းလာတာေတြ႕ရမွာျဖစ္ပါတယ္။

Credit

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …