စာဖတ်မပျင်းပါနဲ့ ….ဖတ်ကြည့်စေချင်ပါတယ် ညီမလေး တို့ရေ….. - YATHAZONE

စာဖတ်မပျင်းပါနဲ့ ….ဖတ်ကြည့်စေချင်ပါတယ် ညီမလေး တို့ရေ…..

Knowledge

စာဖတ်မပျင်းပါနဲ့ ….ဖတ်ကြည့်စေချင်ပါတယ် ညီမလေး တို့ရေ…..

ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ စာတော်တဲ့ သမီးလေး ရှိတယ် ၊ တစ်နေ့ သမီးလေးဟာ အတန်းတင်စာမေးပွဲမှာ ပထမ ရတယ် ။ အဖေဟာ ဝမ်းသာလွန်းလို့ လိုချင်တာ ဝယ်ပေးမယ် ပြောတယ် ။

သမီးလေးဟာ သိပ်လိုချင်ခဲ့ပေမဲ့ အဖေမှာ ပိုက်ဆံ မရှိမှန်းသိလို့ မပူဆာခဲ့တဲ့ အဝတ်အစားတစ်စုံကို လိုချင်တယ်လို့ ပြောလိုက်တယ် ။

နောက်တစ်နေ့မှာအဖေဟာ သမီးလေး လိုချင်တဲ့ အဝတ်တစ်စုံကို ဝယ်ပေးလိုက်တယ် ၊ သမီးလေးဟာ ဝတ်ကြည့်ပြီး မှန်ရှေ့မှာ ပျော်လို့ ၊ အဖေကလည်း သမီးလေးကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည်စို့နေရှာတယ် ၊ မပျော်နိုင်သူက အမေပါ ။

ညရောက်တော့ အမေက သူ့ယောက်ျားကို မေးတယ် ၊ပိုက်ဆံ ဘယ်ကရသလဲပေါ့ ? ” ဆေးရုံတစ်ခုမှာ ငါ့သွေး ဖောက်ရောင်းလိုက်တာတဲ့ “ဒီလိုနဲ့ သမီး ၁၀ တန်းကို ဂုဏ်ထူး အများကြီး ရပြီးအောင် သွားတယ် ၊

ဆေးတက္ကသိုလ်တက်ဖို့ အဖေ့မှာ ပိုက်ဆံ မရှိမှန်း သိလို့ မပူဆာပါဘူး ၊ တစ်ပတ်လောက်ကြာတော့ အဖေက ပိုက်ဆံတွေ ထည့်ထားတဲ့ လွယ်အိတ်ကြီးကို ပြပြီး သမီး မပူနဲ့ ၊ အဖေ့မှာပိုက်ဆံတွေ အများကြီး ရှိတယ် ၊ သမီး ဆရာဝန် ဖြစ်တဲ့ထိ လုံလောက်ပါတယ်တဲ့ ။

သမီးလည်း ဝမ်းသာလွန်းလို့ ထ ကနေတယ် ၊ အဖေခမျာလည်း သမီးကို ကြည့်ပြီး ပျော်လွန်းလို့ ပါးပြင်ပေါ်မှာ မျက်ရည်တွေနဲ့ ၊ မပျော်နိုင်သူက အမေပါ ။ညကျတော့ အမေက သူ့ယောက်ျားကို မေးတယ် ၊ ဒီလောက်များတဲ့ ပိုက်ဆံ ဘယ်လိုရလာသလဲပေါ့ ?” တစ်လောက ငါ့ကျောက်ကပ် ၂ ခုထဲက တစ်ခု ကိုရောင်းလိုက်တယ်တဲ့ ”

၆ နှစ်ကြာသွားပြီး ၊ အပျော်ဆုံး နဲ့ ဂုဏ်အယူရဆုံးနေ့ ၊သမီးလေး ဆေးကျောင်းအောင်သွားပြီး ၊ အိမ်ပြန်လာတော့မယ် ၊ တဲအိမ်လေးကို အကောင်းဆုံးပြင်ထားတယ် ။

အိမ်ရှေ့မှာ မြင်းလှည်းတွေ ရပ်သံ ကြားရတယ် ၊ လင်မယား နှစ်ယောက်စလုံး ဝမ်းသာအားရ ပြေးထွက်လာတယ် ၊ ဟုတ်ပါတယ် ၊ သမီးလေး ပြန်လာတာပါ ၊ဒါပေမဲ့ အသက်ရှင်လျှက် မဟုတ်ပါ ၊ ပိတ်ဖြူအုပ်ထားတဲ့ သမီးလေးရဲ့ ရုပ်အလောင်း ။

လာပို့တဲ့ သူတွေထဲက လူကြီးတစ်ယောက်က ပြောတယ် ၊ သူတို့ သမီးလေးဟာ သူ့ရည်းစား ပစ်သွားလို့မနေ့ညက အဆိပ်သောက် သတ်သေသွားတယ်တဲ့ ။

စဉ်းစားစရာ အတွေးလေး ပေးလိုက်ပါတယ်ဗျာ ။

” မိမိကို မနှစ်သက်လို့ စွန့်ခွာသွားသူ အတွက် အသက် ပေးသင့်သလား ?

မိမိအတွက် အနစ်နာခံခဲ့သူတွေအတွက် အသက်ပေးဖို့ မသင့်ဘူးလား ? ”

Credit

Zawgyi

စာဖတ္မပ်င္းပါနဲ႔ ….ဖတ္ၾကည့္ေစခ်င္ပါတယ္ ညီမေလး တို႔ေရ…..

ဆင္းရဲတဲ့ လင္မယား ၂ ေယာက္မွာ စာေတာ္တဲ့ သမီးေလး ရွိတယ္ ၊ တစ္ေန႔ သမီးေလးဟာ အတန္းတင္စာေမးပြဲမွာ ပထမ ရတယ္ ။ အေဖဟာ ဝမ္းသာလြန္းလို႔ လိုခ်င္တာ ဝယ္ေပးမယ္ ေျပာတယ္ ။

သမီးေလးဟာ သိပ္လိုခ်င္ခဲ့ေပမဲ့ အေဖမွာ ပိုက္ဆံ မရွိမွန္းသိလို႔ မပူဆာခဲ့တဲ့ အဝတ္အစားတစ္စုံကို လိုခ်င္တယ္လို႔ ေျပာလိုက္တယ္ ။

ေနာက္တစ္ေန႔မွာအေဖဟာ သမီးေလး လိုခ်င္တဲ့ အဝတ္တစ္စုံကို ဝယ္ေပးလိုက္တယ္ ၊ သမီးေလးဟာ ဝတ္ၾကည့္ၿပီး မွန္ေရွ႕မွာ ေပ်ာ္လို႔ ၊ အေဖကလည္း သမီးေလးကို ၾကည့္ၿပီး ေပ်ာ္လြန္းလို႔ မ်က္ရည္စို႔ေနရွာတယ္ ၊ မေပ်ာ္ႏိုင္သူက အေမပါ ။

ညေရာက္ေတာ့ အေမက သူ႔ေယာက္်ားကို ေမးတယ္ ၊ပိုက္ဆံ ဘယ္ကရသလဲေပါ့ ? ” ေဆး႐ုံတစ္ခုမွာ ငါ့ေသြး ေဖာက္ေရာင္းလိုက္တာတဲ့ “ဒီလိုနဲ႔ သမီး ၁၀ တန္းကို ဂုဏ္ထူး အမ်ားႀကီး ရၿပီးေအာင္ သြားတယ္ ၊

ေဆးတကၠသိုလ္တက္ဖို႔ အေဖ့မွာ ပိုက္ဆံ မရွိမွန္း သိလို႔ မပူဆာပါဘူး ၊ တစ္ပတ္ေလာက္ၾကာေတာ့ အေဖက ပိုက္ဆံေတြ ထည့္ထားတဲ့ လြယ္အိတ္ႀကီးကို ျပၿပီး သမီး မပူနဲ႔ ၊ အေဖ့မွာပိုက္ဆံေတြ အမ်ားႀကီး ရွိတယ္ ၊ သမီး ဆရာဝန္ ျဖစ္တဲ့ထိ လုံေလာက္ပါတယ္တဲ့ ။

သမီးလည္း ဝမ္းသာလြန္းလို႔ ထ ကေနတယ္ ၊ အေဖခမ်ာလည္း သမီးကို ၾကည့္ၿပီး ေပ်ာ္လြန္းလို႔ ပါးျပင္ေပၚမွာ မ်က္ရည္ေတြနဲ႔ ၊ မေပ်ာ္ႏိုင္သူက အေမပါ ။ညက်ေတာ့ အေမက သူ႔ေယာက္်ားကို ေမးတယ္ ၊ ဒီေလာက္မ်ားတဲ့ ပိုက္ဆံ ဘယ္လိုရလာသလဲေပါ့ ?” တစ္ေလာက ငါ့ေက်ာက္ကပ္ ၂ ခုထဲက တစ္ခု ကိုေရာင္းလိုက္တယ္တဲ့ ”

၆ ႏွစ္ၾကာသြားၿပီး ၊ အေပ်ာ္ဆုံး နဲ႔ ဂုဏ္အယူရဆုံးေန႔ ၊သမီးေလး ေဆးေက်ာင္းေအာင္သြားၿပီး ၊ အိမ္ျပန္လာေတာ့မယ္ ၊ တဲအိမ္ေလးကို အေကာင္းဆုံးျပင္ထားတယ္ ။

အိမ္ေရွ႕မွာ ျမင္းလွည္းေတြ ရပ္သံ ၾကားရတယ္ ၊ လင္မယား ႏွစ္ေယာက္စလုံး ဝမ္းသာအားရ ေျပးထြက္လာတယ္ ၊ ဟုတ္ပါတယ္ ၊ သမီးေလး ျပန္လာတာပါ ၊ဒါေပမဲ့ အသက္ရွင္လွ်က္ မဟုတ္ပါ ၊ ပိတ္ျဖဴအုပ္ထားတဲ့ သမီးေလးရဲ႕ ႐ုပ္အေလာင္း ။

လာပို႔တဲ့ သူေတြထဲက လူႀကီးတစ္ေယာက္က ေျပာတယ္ ၊ သူတို႔ သမီးေလးဟာ သူ႔ရည္းစား ပစ္သြားလို႔မေန႔ညက အဆိပ္ေသာက္ သတ္ေသသြားတယ္တဲ့ ။

စဥ္းစားစရာ အေတြးေလး ေပးလိုက္ပါတယ္ဗ်ာ ။

” မိမိကို မႏွစ္သက္လို႔ စြန္႔ခြာသြားသူ အတြက္ အသက္ ေပးသင့္သလား ?

မိမိအတြက္ အနစ္နာခံခဲ့သူေတြအတြက္ အသက္ေပးဖို႔ မသင့္ဘူးလား ? ”

Credit

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …