အကို၊ အမ ရှိရင် ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ။ - YATHAZONE

အကို၊ အမ ရှိရင် ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ။

Knowledge

အကို၊ အမ ရှိရင် ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ။

အကိုကြီး၊ အမကြီးတွေကို ပြန်အော်ခဲ့ဖူးရင် ကန်တော့ပြီးတော့ တောင်းပန်ပါ။ အကိုတွေ အမတွေကို ရိုသေလေးစားပါ။လောကမှာ အကိုကြီးတော့ မဖအရာ၊ အမကြီးတော့ အမိအရာဆိုတဲ့စကားဟာ အလကားရှိခဲ့တာမဟုတ်ပါဘူး။

အကို၊ အမ ရှိနေတဲ့ လူအများစုသည် အမေမွေးပြီး မွေးကင်းစအရွယ်ကတည်းကနေ ကျောင်းတက်တဲ့ အရွယ် မူလတန်းကုန်ထိ အဲ့ဒီအကို အမတွေရဲ့ မျက်စိဒေါက်ထောက် စောင့်ရှောက်ခဲ့မှုကို ခံခဲ့ကြရပါလိမ့်မယ်။

ပြန်တွေးကြည့်ရင် အကို၊ အမတွေဟာ ငယ်ငယ်တုန်းက သိပ်ပြီး သနားစရာကောင်းတယ်။ အမေက အငယ်မွေးပြီးတာနဲ့ အကြီးဖြစ်တဲ့ အကိုအမတွေဟာ အမေရဲ့ ဂရုစိုက်ခံရမှုတွေ လျော့နည်းသွားကြတယ်။

အကြီးဖြစ်တဲ့ အကိုအမတွေဟာ မွေးကင်းစကလေးဖြစ်တဲ့ ညီလေး၊ ညီမလေး၊ မောင်လေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တတ်ကြတယ်။အဲ့ဒီနောက်ပိုင်း အမေမအားတိုင်း အငယ်ကို အစစအရာရာ စောင့်ကြည့် ထိန်းကြရတယ်။

ဟိုဟိုဒီဒီသွားကစားရင်လည်း ကလေးထိန်းရင်းကစားရတော့ သူများတွေလို လွတ်လွတ်လပ်လပ် ကစားခွင့်မရှိဘူး။

အိမ်မှာ ကလေးထိန်းရင်း ကလေး ခုတင်ပေါ်က ပြုတ်ကျရင်လည်း အကိုအမတွေ အရိုက်ခံ၊ အဆူခံထိပြန်တယ်။

အပြင်မှာကစားရင်းနဲ့ ကလေးက ချော်လဲလို့ဖြစ်ဖြစ်၊ အခြားတစ်ခုခုကြောင့်ဖြစ်ဖြစ် ထိခိုက်မိပြီး ငိုရင်လည်း အကိုအမတွေ အရိုက်ခံ၊ အဆူခံထိပြန်တယ်။
အငယ်နဲ့ယှဉ်ရင် အကြီးတွေက အမြဲတမ်း မိဘတွေရဲ့ ဥပေက္ခာပြုမှုကို ပိုခံခဲ့ကြရတယ်။ ကလေးမငိုရင်ပြီးရောဆိုတဲ့ စိတ်နဲ့ပေါ့။

ဒီလိုနဲ့ ကျောင်းနေအရွယ်ရောက်လာလို့ ကျောင်းအတူတက်ကြပြီဆိုရင်လည်း အကိုအမတွေဟာ ငါ့ညီ၊ ငါ့မောင်၊ ငါ့ညီမကို အခြားဘယ်ကသူမှ အနိုင်မကျင့်စေချင်သလို၊ ဘယ်သူအနိုင်ကျင့်တာကိုမှ မခံရအောင် ရှေ့ကနေမားမားမတ်မတ် တတ်နိုင်သလောက် ကာကွယ်ပေးကြတယ်။

ကျောင်းသားဘဝ အရွယ်ချင်းသိပ်မကွာခြားတဲ့ ညီအစ်ကို မောင်နှမတွေဟာ အချင်းချင်း ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ အကြီးကအငယ်ကို အလျှော့ပေးခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မရွေတွက်နိုင်ခဲ့ကြဘူး။

ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့လို့ အိမ်က လူကြီးတွေသိရင်လည်း အကြီးကိုပဲ အဓိကမေးမြန်းပြီး၊ နင်ကအကြီးဖြစ်နပြီး ကလေးကို သေချာမကြည့်ဘူးလားဆိုတဲ့ မေးခွန်းနဲ့အတူ အရိုက်ခံ၊ အဆူခံထိရပြန်သေးတယ်။

အကိုအမတွေဟာ လူမှန်းမသိတတ်ခင်အရွယ်၊ ကိုယ့်ကိုယ်ကိုတောင် ဘာမှန်းမသိသေးတဲ့ အရွယ်လေးကတည်းက အငယ်တွေအပေါ်မှာ ဒီလောက်အထိ ကျေးဇူးကြီးမားခဲ့ကြပါတယ်။

သို့သော်လည်း အစ်ကိုအမတွေ အများစုသည် အငယ်တွေရဲ့အပေါ်မှာရှိခဲ့တဲ့ ငယ်ငယ်က ကျေးဇူးတွေကို အသိအမှတ်ပြုခံရခြင်း အလွန်နည်းပါကြတယ်။

လူအများစု အရွယ်ရောက်ကာ သိတတ်လာကြတဲ့အချိန်မှာ အကိုတွေအမတွေကို သားသမီးချင်း အတူတူပဲ၊ ညီအစ်ကို မောင်နှမချင်း အတူတူပဲဆိုတဲ့ စိတ်နဲ့ တွက်ကပ်ကြတယ်။ အခွင့်အရေးတွေ တန်းညှိကြတယ်။

အခန့်မသင့်လို့ စကားများရင် ရွယ်တူလိုမျိုးဆက်ဆံပြောဆိုကာ ပြန်အော်လေ့ရှိကြတယ်။ ကိုယ်ထိလက်ရောက်အထိတောင် ကျူးလွန်ကြသူများလည်းရှိကြတယ်။လူအများစုဟာ ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့သူလို့ ပြောလိုက်ရင် မိဘတွေကိုပဲ တန်းမြင်ကြတယ်။

အရွယ်မမျှအောင် ထိန်ခဲ့၊ စောင့်ရှောက်ခဲ့ကြတဲ့ အကိုတွေအမတွေရဲ့ ကျေးဇူးတွေကို ပြန်မြင်လေ့မရှိကြဘူး။

ဒါ့ကြောင့် အကိုတွေ အမတွေဟာ ငယ်ငယ်က သိပ်ပြီး သနားစရာကောင်းတယ်။ဒီစာကို ဖတ်ပြီးတဲ့ မိတ်ဆွေများအားလုံးလည်း အကို အမများရှိခဲ့ရင် မိမိရဲ့ အကိုအမများကို ရိုသေပါ၊ လေးစားပါ၊ ငယ်ငယ်ကကျေးဇူးတွေကို ပြန်မြင်ယောင်ပြီး တတ်နိုင်သလောက် ကျေးဇူးပြန်ဆပ်ပါလို့ သတိ ပေးတိုက်တွန်းလိုက်ပါရစေ။

ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံးမှာ အကိုအမအပေါ်မှာ ပြောမှားဆိုမှားများရှိခဲ့ရင် ခွင့်လွှတ်ပေးပါဆိုပြီး ကန်တော့တော့ပြီးတောင်းပန်ပါ။အဲ့ဒီလို တောင်းပန်ရင်း ကန်တော့ပြီးတဲ့အချိန်မှာ အကိုအမတွေရဲ့ မျက်နှာကို မော့ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါ။

ဘယ်လောက်အထိ ပီတိတွေနဲ့ ပျော်နေလိုက်မလဲဆိုတာ စိတ်ကူးနဲ့အရင်တွေးကြည့်လိုက်ပါ။

မည်သို့ပင်ဆိုစေကာမူ အကိုအမတွေကို ရိုသေလေးစားပါ။

Crd

Zawgyi

အကို၊ အမ ရွိရင္ ဖတ္ျဖစ္ေအာင္ဖတ္ၾကည့္ပါ။

အကိုႀကီး၊ အမႀကီးေတြကို ျပန္ေအာ္ခဲ့ဖူးရင္ ကန္ေတာ့ၿပီးေတာ့ ေတာင္းပန္ပါ။ အကိုေတြ အမေတြကို ႐ိုေသေလးစားပါ။ေလာကမွာ အကိုႀကီးေတာ့ မဖအရာ၊ အမႀကီးေတာ့ အမိအရာဆိုတဲ့စကားဟာ အလကားရွိခဲ့တာမဟုတ္ပါဘူး။

အကို၊ အမ ရွိေနတဲ့ လူအမ်ားစုသည္ အေမေမြးၿပီး ေမြးကင္းစအ႐ြယ္ကတည္းကေန ေက်ာင္းတက္တဲ့ အ႐ြယ္ မူလတန္းကုန္ထိ အဲ့ဒီအကို အမေတြရဲ႕ မ်က္စိေဒါက္ေထာက္ ေစာင့္ေရွာက္ခဲ့မႈကို ခံခဲ့ၾကရပါလိမ့္မယ္။

ျပန္ေတြးၾကည့္ရင္ အကို၊ အမေတြဟာ ငယ္ငယ္တုန္းက သိပ္ၿပီး သနားစရာေကာင္းတယ္။ အေမက အငယ္ေမြးၿပီးတာနဲ႔ အႀကီးျဖစ္တဲ့ အကိုအမေတြဟာ အေမရဲ႕ ဂ႐ုစိုက္ခံရမႈေတြ ေလ်ာ့နည္းသြားၾကတယ္။

အႀကီးျဖစ္တဲ့ အကိုအမေတြဟာ ေမြးကင္းစကေလးျဖစ္တဲ့ ညီေလး၊ ညီမေလး၊ ေမာင္ေလးကို တစိမ့္စိမ့္ၾကည့္ၿပီး ခ်စ္တတ္ၾကတယ္။အဲ့ဒီေနာက္ပိုင္း အေမမအားတိုင္း အငယ္ကို အစစအရာရာ ေစာင့္ၾကည့္ ထိန္းၾကရတယ္။

ဟိုဟိုဒီဒီသြားကစားရင္လည္း ကေလးထိန္းရင္းကစားရေတာ့ သူမ်ားေတြလို လြတ္လြတ္လပ္လပ္ ကစားခြင့္မရွိဘူး။

အိမ္မွာ ကေလးထိန္းရင္း ကေလး ခုတင္ေပၚက ျပဳတ္က်ရင္လည္း အကိုအမေတြ အ႐ိုက္ခံ၊ အဆူခံထိျပန္တယ္။

အျပင္မွာကစားရင္းနဲ႔ ကေလးက ေခ်ာ္လဲလို႔ျဖစ္ျဖစ္၊ အျခားတစ္ခုခုေၾကာင့္ျဖစ္ျဖစ္ ထိခိုက္မိၿပီး ငိုရင္လည္း အကိုအမေတြ အ႐ိုက္ခံ၊ အဆူခံထိျပန္တယ္။
အငယ္နဲ႔ယွဥ္ရင္ အႀကီးေတြက အၿမဲတမ္း မိဘေတြရဲ႕ ဥေပကၡာျပဳမႈကို ပိုခံခဲ့ၾကရတယ္။ ကေလးမငိုရင္ၿပီးေရာဆိုတဲ့ စိတ္နဲ႔ေပါ့။

ဒီလိုနဲ႔ ေက်ာင္းေနအ႐ြယ္ေရာက္လာလို႔ ေက်ာင္းအတူတက္ၾကၿပီဆိုရင္လည္း အကိုအမေတြဟာ ငါ့ညီ၊ ငါ့ေမာင္၊ ငါ့ညီမကို အျခားဘယ္ကသူမွ အႏိုင္မက်င့္ေစခ်င္သလို၊ ဘယ္သူအႏိုင္က်င့္တာကိုမွ မခံရေအာင္ ေရွ႕ကေနမားမားမတ္မတ္ တတ္ႏိုင္သေလာက္ ကာကြယ္ေပးၾကတယ္။

ေက်ာင္းသားဘဝ အ႐ြယ္ခ်င္းသိပ္မကြာျခားတဲ့ ညီအစ္ကို ေမာင္ႏွမေတြဟာ အခ်င္းခ်င္း ရန္ျဖစ္လိုက္၊ ျပန္တည့္လိုက္နဲ႔ အႀကီးကအငယ္ကို အေလွ်ာ့ေပးခဲ့ရတဲ့ အႀကိမ္ေပါင္းလည္း မေ႐ြတြက္ႏိုင္ခဲ့ၾကဘူး။

ေက်ာင္းမွာ တစ္ခုခုျဖစ္ခဲ့လို႔ အိမ္က လူႀကီးေတြသိရင္လည္း အႀကီးကိုပဲ အဓိကေမးျမန္းၿပီး၊ နင္ကအႀကီးျဖစ္နၿပီး ကေလးကို ေသခ်ာမၾကည့္ဘူးလားဆိုတဲ့ ေမးခြန္းနဲ႔အတူ အ႐ိုက္ခံ၊ အဆူခံထိရျပန္ေသးတယ္။

အကိုအမေတြဟာ လူမွန္းမသိတတ္ခင္အ႐ြယ္၊ ကိုယ့္ကိုယ္ကိုေတာင္ ဘာမွန္းမသိေသးတဲ့ အ႐ြယ္ေလးကတည္းက အငယ္ေတြအေပၚမွာ ဒီေလာက္အထိ ေက်းဇူးႀကီးမားခဲ့ၾကပါတယ္။

သို႔ေသာ္လည္း အစ္ကိုအမေတြ အမ်ားစုသည္ အငယ္ေတြရဲ႕အေပၚမွာရွိခဲ့တဲ့ ငယ္ငယ္က ေက်းဇူးေတြကို အသိအမွတ္ျပဳခံရျခင္း အလြန္နည္းပါၾကတယ္။

လူအမ်ားစု အ႐ြယ္ေရာက္ကာ သိတတ္လာၾကတဲ့အခ်ိန္မွာ အကိုေတြအမေတြကို သားသမီးခ်င္း အတူတူပဲ၊ ညီအစ္ကို ေမာင္ႏွမခ်င္း အတူတူပဲဆိုတဲ့ စိတ္နဲ႔ တြက္ကပ္ၾကတယ္။ အခြင့္အေရးေတြ တန္းညႇိၾကတယ္။

အခန႔္မသင့္လို႔ စကားမ်ားရင္ ႐ြယ္တူလိုမ်ိဳးဆက္ဆံေျပာဆိုကာ ျပန္ေအာ္ေလ့ရွိၾကတယ္။ ကိုယ္ထိလက္ေရာက္အထိေတာင္ က်ဴးလြန္ၾကသူမ်ားလည္းရွိၾကတယ္။လူအမ်ားစုဟာ ငယ္ငယ္ကတည္းက ေကြၽးေမြးေစာင့္ေရွာက္ခဲ့သူလို႔ ေျပာလိုက္ရင္ မိဘေတြကိုပဲ တန္းျမင္ၾကတယ္။

အ႐ြယ္မမွ်ေအာင္ ထိန္ခဲ့၊ ေစာင့္ေရွာက္ခဲ့ၾကတဲ့ အကိုေတြအမေတြရဲ႕ ေက်းဇူးေတြကို ျပန္ျမင္ေလ့မရွိၾကဘူး။

ဒါ့ေၾကာင့္ အကိုေတြ အမေတြဟာ ငယ္ငယ္က သိပ္ၿပီး သနားစရာေကာင္းတယ္။ဒီစာကို ဖတ္ၿပီးတဲ့ မိတ္ေဆြမ်ားအားလုံးလည္း အကို အမမ်ားရွိခဲ့ရင္ မိမိရဲ႕ အကိုအမမ်ားကို ႐ိုေသပါ၊ ေလးစားပါ၊ ငယ္ငယ္ကေက်းဇူးေတြကို ျပန္ျမင္ေယာင္ၿပီး တတ္ႏိုင္သေလာက္ ေက်းဇူးျပန္ဆပ္ပါလို႔ သတိ ေပးတိုက္တြန္းလိုက္ပါရေစ။

ျဖတ္သန္းခဲ့တဲ့ ဘဝတစ္ေလွ်ာက္လုံးမွာ အကိုအမအေပၚမွာ ေျပာမွားဆိုမွားမ်ားရွိခဲ့ရင္ ခြင့္လႊတ္ေပးပါဆိုၿပီး ကန္ေတာ့ေတာ့ၿပီးေတာင္းပန္ပါ။အဲ့ဒီလို ေတာင္းပန္ရင္း ကန္ေတာ့ၿပီးတဲ့အခ်ိန္မွာ အကိုအမေတြရဲ႕ မ်က္ႏွာကို ေမာ့ၾကည့္ျဖစ္ေအာင္ ၾကည့္ၾကည့္ပါ။

ဘယ္ေလာက္အထိ ပီတိေတြနဲ႔ ေပ်ာ္ေနလိုက္မလဲဆိုတာ စိတ္ကူးနဲ႔အရင္ေတြးၾကည့္လိုက္ပါ။

မည္သို႔ပင္ဆိုေစကာမူ အကိုအမေတြကို ႐ိုေသေလးစားပါ။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …