နှုတ်ခမ်းသားဖူးဖူးလေးဖြစ်ချင်တဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းများ - YATHAZONE

နှုတ်ခမ်းသားဖူးဖူးလေးဖြစ်ချင်တဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းများ

Life Style

နှုတ်ခမ်းသားဖူးဖူးလေးဖြစ်ချင်တဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းများ

နှုတ်ခမ်းပုံစံက မျက်နှာတစ်ခုရဲ့အရေးပါဆုံးအစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ သေသပ်လှပတဲ့ နှုတ်ခမ်းတစ်စုံရရှိဖို့အတွက် မိန်းကလေး တွေဟာ နှုတ်ခမ်းနီပေါင်းများစွာကို ဝယ်ယူ၊ ဒါမှမဟုတ် beuty blogger တွေရဲ့ဗီဒီယိုကိုကြည့်၊ ဒါမှမဟုတ် နောက်ဆုံးထွက်အလှကုန် ပစ္စည်းမှန်သမျှ လိုက်စမ်းသပ်နေတာတွေရှိပါတယ်။

ပိုက်ဆံလည်းကုန်ပြီး မသေချာတဲ့နည်းလမ်းထက် ငွေအကုန်ကျနည်းပြီး ပျိုမေတို့ရဲ့နှုတ်ခမ်းတစ်စုံကို ဆွဲမက်မှုရှိစေမယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

နှုတ်ခမ်းသားတွေ မခြောက်သွေ့အောင်

လိုအပ်ပစ္စည်းများ

– ထောပတ်ဆီ၊ သံလွင်ဆီ ဒါမှမဟုတ် မက်မွန်သီးအဆီ တစ်ဇွန်း

– သကြားတစ်ဇွန်း

– ပျားရည်တစ်ဇွန်း

– အုန်းဆီတစ်ဇွန်း ဒါမှမဟုတ် အဆီပျစ်တစ်မျိုး

ဇလုံငယ်တစ်ခုထဲ ဆီတွေအရင်ဆုံးရောလိုက်ပါ။ နောက်မှ သကြားကို ထပ်ဖြည့်ထည့်ပြီး ပျားရည်လောင်းထည့်ပါ။ ထူပျစ်ပျစ်ရသည်အထိမွှေပါ။ ထိုအနှစ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး ၂ – ၃ မိနစ်လောက် ထားထားပေးပါ။

ပြီးနောက် ရေနဲ့ဆေးချပြီး အပို scrub ကို အေးခဲသောနေရာတွေ သိမ်းဆည်းထားပါ။ ရလဒ်ကောင်းအမြန်လိုချင်တယ်ဆိုရင် တစ်ပတ်အတွင်း နှစ်ကြိမ်လောက်ပေါင်းပေးပါ။

နှုတ်ခမ်းသား ပျော့ပျောင်းအောင်

scurb သို့မဟုတ် သွားတိုက်တံနဲ့ နှုတ်ခမ်းသားတွေကို ပွတ်တိုက် ပေးနိုင်ပါတယ်။ ဒီနည်းလမ်းက သင်နှုတ်ခမ်းနီဆိုးတဲ့အခါ လွယ်ကူချောမွေ့စေပါတယ်။

နှုတ်ခမ်းသား ဖူးဖူလေးဖြစ်ချင်သူများအတွက်

ကွန်ဆီလာ ဒါမှမဟုတ် highlighter တစ်မျိုးမျိုးကိုအသုံးပြုပြီး နှုတ်ခမ်းသားကို ဖူးဖူးလေးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

အတွင်းနှုတ်ခမ်းသားလေးသာ နီရဲချင်သူများအတွက်

အရင်ဆုံး နှုတ်ခမ်း အပြင်ပိုင်းကို ပုံပါအ တိုင်း concealer ဖုံးပေးပြီး နှုတ်ခမ်းအတွင်းပိုင်းကို အနီရောင်လေးသွင်းပေးပါ။ အရောင်တင်တဲ့ အခါ လက်ငြိမ်စွာနဲ့ သေချာတင်ပေးဖို့လိုပါမယ်။

Crd

Zawgyi





လိုအပ်ပစ္စည်းများ


– သကြားတစ်ဇွန်း

– ပျားရည်တစ်ဇွန်း










Crd

No Comments

Leave a Reply

Your email address will not be published.

Life Style
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။

ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။ ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယားမှာ သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ ! သားသမီးသုံးယောက်ကိုလဲ.. စိတ်မဝင်စားတော့.. သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။ မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …