ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။ - YATHAZONE

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

Health

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

ဆီးချိုရဲ့ နောက်ဆက်တွဲ ကျောက်ကပ် ထိခိုက်လို့ပဲ ဖြစ်ဖြစ်၊ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်လို့ပဲ ဖြစ်ဖြစ် ကျောက်ကပ်ဆေးနေရတယ်ဆိုရင် အနေအထိုင် အစားအသောက် အတော်လေး ဂရုစိုက်ရတာပါ။

အခုတစ်ခေါက်တော့ ကျောက်ကပ်ထိခိုက်တာကြောင့် ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာနေစေဖို့ ဘယ်အစားအစာတွေက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးပါရစေ။

ကျောက်ကပ် ဆေးနေရချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် အစားအစာတွေက ဘာတွေလဲ…..

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတို့ကို အာဟာရလည်းပြည့် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီက အာဟာရ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ပန်းဂေါ်ဖီမှာ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် Bတို့ ပါဝင်နေပါတယ်။

ဒါတင်မကသေးပါဘူး။ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေနဲ့ အမျှင်ဓာတ်လည်း ပါဝင်နေပါတယ်။

ကြက်ဥ အကာ

ကြက်ဥ အနှစ်က အာဟာရများပေမယ့် ကျောက်ကပ်ဆေးနေရသူတွေနဲ့တော့ မသင့်တော်ပါဘူး။ ကျောက်ကပ်ဆေးနေရသူတွေနဲ့ အသင့်တော်ဆုံး ပရိုတင်းက ကြက်ဥ အကာပါ။

ဒါကြောင့် ကြက်ဥ စားတဲ့အခါ အနှစ်ကို ဖယ်လို့ အကာကိုပဲ စားပေးပါ။

အရေခွံမပါတဲ့ ကြက်သား

ကျောက်ကပ်ဆေးနေရချိန်မှာ ပရိုတင်းကို ကန့်သတ်ထားပေမယ့် ကျန်းမာစေဖို့အတွက်ကတော့ လုံလောက်တဲ့ ပရိုတင်း ပမာဏကို ရရှိဖို့ လိုပါမယ်။

ဒါကြောင့် ပရိုတင်း လုံလောက်စွာ ရရှိစေဖို့ အရေခွံ မပါတဲ့ ကြက်သားကို စားပေးပါ။

ဒီလိုပြောရတာက အရေခွံမှာ phosphorus၊ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု များလို့ပါ။

ဂေါ်ဖီ

ဂေါ်ဖီက ကျောက်ကပ်ဆေးနေရသူတွေနဲ့ သင့်တော်ပါတယ်။

နဂိုကတည်းက ကျန်းမာရေး အကျိုးကျေးဇူး များတဲ့ ဂေါ်ဖီမှာ ဗီတာမင် K၊ ဗီတာမင် C နဲ့ ဗီတာမင် B တို့ ပါဝင်နေတာကြောင့် ကျောက်ကပ်ဆေးနေရသူတွေနဲ့ သင့်တော်ပါတယ်။

ဒါတင်မကသေးဘဲ ဂေါ်ဖီမှာ အစာခြေစနစ် ကျန်းမာစေတဲ့ အမျှင်ဓာတ်လည်း ပါဝင်နေပါသေးတယ်။

ကြက်သွန်ဖြူ

ကိုယ်ခံအားကို ကောင်းစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ကြက်သွန်ဖြူက ကျောက်ကပ် ဆေးနေရသူတွေအတွက် အတော်လေး သင့်တော်ပါတယ်။

ဒီလိုပြောရတာက ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ manganese၊ ဗီတာမင် C၊ ဗီတာမင် B6 နဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ sulfur ဒြပ်ပေါင်း ပါဝင်နေလို့ပါ။

ကကတစ်

ကကတစ်က စားရတာ နူးညံ့ပြီး ပရိုတင်းလည်း ပြည့်ဝပါတယ်။

Omega-3s ပါဝင်နေသလို အခြားသော ငါးတွေ၊ ပင်လယ်စာတွေထက်လည်း phosphorus ပါဝင်မှု နည်းတာကြောင့် ကျောက်ကပ်ဆေးနေရသူတွေအတွက် သင့်တော်တဲ့ ပရိုတင်း အရင်းအမြစ် တစ်ခုပေါ့။

ဒါတွေအပြင်

ကြက်သွန်နီ

မုန်လာဥဖြူ

ငရုတ်ပွ

ဘလူးဘယ်ရီ

သံလွင်ဆီ

နာနတ်သီး

ခရင်မ်ဘယ်ရီ

ရှီတာကီမှို စတာတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။Crd

Zawgyi

ေက်ာက္ကပ္ေဆးေနရတဲ့ ဖိုးဖိုးဖြားဖြားေတြကို ဘာေတြ ျပင္ဆင္ေပးမလဲ။

ဆီးခ်ိဳရဲ႕ ေနာက္ဆက္တြဲ ေက်ာက္ကပ္ ထိခိုက္လို႔ပဲ ျဖစ္ျဖစ္၊ ေသြးတိုးရဲ႕ ေနာက္ဆက္တြဲ ေက်ာက္ကပ္ထိခိုက္လို႔ပဲ ျဖစ္ျဖစ္ ေက်ာက္ကပ္ေဆးေနရတယ္ဆိုရင္ အေနအထိုင္ အစားအေသာက္ အေတာ္ေလး ဂ႐ုစိုက္ရတာပါ။

အခုတစ္ေခါက္ေတာ့ ေက်ာက္ကပ္ထိခိုက္တာေၾကာင့္ ေက်ာက္ကပ္ေဆးေနရတဲ့ ဖိုးဖိုးဖြားဖြားေတြ က်န္းမာေနေစဖို႔ ဘယ္အစားအစာေတြက အသင့္ေတာ္ဆုံး ျဖစ္မလဲဆိုတာကို ေျပာျပေပးပါရေစ။

ေက်ာက္ကပ္ ေဆးေနရခ်ိန္မွာ အသင့္ေတာ္ဆုံးျဖစ္မယ့္ အစားအစာေတြက ဘာေတြလဲ…..

ေက်ာက္ကပ္ေဆးေနရတဲ့ ဖိုးဖိုးဖြားဖြားတို႔ကို အာဟာရလည္းျပည့္ ခႏၶာကိုယ္လည္း က်န္းမာေစဖို႔

ပန္းေဂၚဖီ

ပန္းေဂၚဖီက အာဟာရ ႂကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ တစ္မ်ိဳးပါ။ ပန္းေဂၚဖီမွာ ဗီတာမင္ C၊ ဗီတာမင္ K၊ ဗီတာမင္ Bတို႔ ပါဝင္ေနပါတယ္။

ဒါတင္မကေသးပါဘူး။ ေရာင္ရမ္းမႈကို သက္သာေစႏိုင္တဲ့ ျဒပ္ေပါင္းေတြနဲ႔ အမွ်င္ဓာတ္လည္း ပါဝင္ေနပါတယ္။

ၾကက္ဥ အကာ

ၾကက္ဥ အႏွစ္က အာဟာရမ်ားေပမယ့္ ေက်ာက္ကပ္ေဆးေနရသူေတြနဲ႔ေတာ့ မသင့္ေတာ္ပါဘူး။ ေက်ာက္ကပ္ေဆးေနရသူေတြနဲ႔ အသင့္ေတာ္ဆုံး ပ႐ိုတင္းက ၾကက္ဥ အကာပါ။

ဒါေၾကာင့္ ၾကက္ဥ စားတဲ့အခါ အႏွစ္ကို ဖယ္လို႔ အကာကိုပဲ စားေပးပါ။

အေရခြံမပါတဲ့ ၾကက္သား

ေက်ာက္ကပ္ေဆးေနရခ်ိန္မွာ ပ႐ိုတင္းကို ကန႔္သတ္ထားေပမယ့္ က်န္းမာေစဖို႔အတြက္ကေတာ့ လုံေလာက္တဲ့ ပ႐ိုတင္း ပမာဏကို ရရွိဖို႔ လိုပါမယ္။

ဒါေၾကာင့္ ပ႐ိုတင္း လုံေလာက္စြာ ရရွိေစဖို႔ အေရခြံ မပါတဲ့ ၾကက္သားကို စားေပးပါ။

ဒီလိုေျပာရတာက အေရခြံမွာ phosphorus၊ ပိုတက္ဆီယမ္နဲ႔ ဆိုဒီယမ္ ပါဝင္မႈ မ်ားလို႔ပါ။

ေဂၚဖီ

ေဂၚဖီက ေက်ာက္ကပ္ေဆးေနရသူေတြနဲ႔ သင့္ေတာ္ပါတယ္။

နဂိုကတည္းက က်န္းမာေရး အက်ိဳးေက်းဇူး မ်ားတဲ့ ေဂၚဖီမွာ ဗီတာမင္ K၊ ဗီတာမင္ C နဲ႔ ဗီတာမင္ B တို႔ ပါဝင္ေနတာေၾကာင့္ ေက်ာက္ကပ္ေဆးေနရသူေတြနဲ႔ သင့္ေတာ္ပါတယ္။

ဒါတင္မကေသးဘဲ ေဂၚဖီမွာ အစာေျခစနစ္ က်န္းမာေစတဲ့ အမွ်င္ဓာတ္လည္း ပါဝင္ေနပါေသးတယ္။

ၾကက္သြန္ျဖဴ

ကိုယ္ခံအားကို ေကာင္းေစၿပီး ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ ၾကက္သြန္ျဖဴက ေက်ာက္ကပ္ ေဆးေနရသူေတြအတြက္ အေတာ္ေလး သင့္ေတာ္ပါတယ္။

ဒီလိုေျပာရတာက ၾကက္သြန္ျဖဴမွာ ခႏၶာကိုယ္ကို က်န္းမာေစတဲ့ manganese၊ ဗီတာမင္ C၊ ဗီတာမင္ B6 နဲ႔ ေရာင္ရမ္းမႈကို သက္သာေစတဲ့ sulfur ျဒပ္ေပါင္း ပါဝင္ေနလို႔ပါ။

ကကတစ္

ကကတစ္က စားရတာ ႏူးညံ့ၿပီး ပ႐ိုတင္းလည္း ျပည့္ဝပါတယ္။

Omega-3s ပါဝင္ေနသလို အျခားေသာ ငါးေတြ၊ ပင္လယ္စာေတြထက္လည္း phosphorus ပါဝင္မႈ နည္းတာေၾကာင့္ ေက်ာက္ကပ္ေဆးေနရသူေတြအတြက္ သင့္ေတာ္တဲ့ ပ႐ိုတင္း အရင္းအျမစ္ တစ္ခုေပါ့။

ဒါေတြအျပင္

ၾကက္သြန္နီ

မုန္လာဥျဖဴ

င႐ုတ္ပြ

ဘလူးဘယ္ရီ

သံလြင္ဆီ

နာနတ္သီး

ခရင္မ္ဘယ္ရီ

ရွီတာကီမႈိ စတာေတြကိုလည္း ျပင္ဆင္ေပးလို႔ ရပါတယ္။Crd

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …