သင်မသိဘဲ ပြုလုပ်နေမိခဲ့တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအမှား (၆)ချက် - YATHAZONE
သင်မသိဘဲ ပြုလုပ်နေမိခဲ့တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအမှား (၆)ချက်
Health
သင်မသိဘဲ ပြုလုပ်နေမိခဲ့တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအမှား (၆)ချက်
အခုတစ်ခေါက်တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ သင်မသိဘဲ ပြုလုပ်နေမိခဲ့တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအမှား (၆)ချက်ပဲဖြစ်ပါတယ်။ ကျနော်တို့က ကျနော်တို့ခန္ဓာကိုယ်ကျန်းမာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးတွေကိ ုနေ့စဉ်ပြုလုပ်ကြလေ့ရှိပါတယ်။
ဒီလို တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စတွေထဲမှာ သင် မသိဘဲ ပြုမူဆောင်ရွက်နေတဲ့ အမှားတွေလည်းပါဝင်ပါတယ်။အဲဒီ အမှားတွေကတော့ –
(၁) ရေမကြာခဏချိုးခြင်း
ခန္ဓာကိုယ်သန့်စင်ဖို့နဲ့ ချေးညော်ကင်းစင်ဖို့အတွက် ရေမကြာခဏချိုးလေ့ရှိကြပါတယ်။ အမှန်တကယ်ပဲ ဒီလို ရေ မကြာခဏချိုးခြင်းက ခန္ဓာကိုယ်အတွက်ကောင်းတဲ့ အရာတစ်ခုဖြစ်စေပါသလား။
ကိုလံဘီယာတက္ကသိုလ်က ကူးစက်ရောဂါကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ရေမကြာခဏချိုးခြင်းနဲ့ ရေချိုးချိန်ကြာမြင့်မှုဟာ ခန္ဓာကိုယ်အရေပြားကို လွယ်လင့်တကူနဲ့ ခြောက်သွေ့အက်ကွဲသွားစေမှာဖြစ်ပြီး ရေရှည်မှာဆိုရင် ပိုးမွှားတွေ အဲဒီအက်ကွဲကြောင်းတွေက တစ်ဆင့်ခန္ဓာကိုယ်ထဲ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ရေချိုးခြင်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ အကြံပြုချက်ကတော့ တစ်နေ့ကို တစ်ကြိမ် ရေချိုးခြင်းက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပဲဖြစ်ပြီး တစ်ကြိမ်ထက် မက ပိုတဲ့ ရေချိုးသန့်စင်ခြင်းတွေက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်ထွန်းလာစေတတ်တယ်လို့ သိရပါတယ်။
(၂) သန့်စင်ခန်း မဝင်ခင် လက်ဆေးခြင်း
ဒီအချက်တော့ ကြားရတာနည်းနည်းကြောင်တော်တောင်နိုင်နေမှာ အသေအချာပါပဲ။ ပုံံမှန်အားဖြင့်တော့ သန့်စင်ခန်တွေ အသုံးပြုပြီးချိန်မှာ လက်သန့်စင်ခြင်းက ပြုလုပ်နေကျ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
အခုတော့ သန့်စင်ခန်းမဝင်ခင် လက်သန့်စင်ဖို့အချက်ကလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စမှာ လိုအပ်တဲ့အချက်တစ်ချက်လို့ ပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။
လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ဘတ်တီးရီးယားပိုးမွှားတွေက နေရာအနှံ့မှာ ရှိနေတတ်တာကြောင့် လက်မဆေးတာကြာမြင့်ရင် အဲဒီပိုးမွှားတွေက လူနဲ့ အတူကပ်ပါလာတတ်ကြပါတယ်။
လူတွေက သန့်စင်ခန်းဝင်ချိန်မှာတော့ မိမိရဲ့ လျှို့ဝှက်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိတွေ့ကြလေ့ရှိတာကြောင့် အဆိုပါ လက်မှာကပ်ပါလာတဲ့ ပိုးမွှားတွေက မတော်တဆကူးစက်သွားနိုင်ချေရှိတယ်လို့ ဆိုပါတယ်။
ဒီလို ပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ လက်ကို မကြာခဏ ဆေးကြောဖို့သာဖြစ်ပြီး သန့်စင်ခန်းတွေ အသုံးမပြုခင်မှာလည်း ဆေးကြောသွားခြင်းက သင့်ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။
(၃) အိမ်သာရေခလုတ်နှိပ်ခြင်း
သန့်စင်ခန်းမှာ ကိုယ်လက်သန့်စင်မှုတွေ ပြုလုပ်ပြီးချိန်မှာတော့ အိမ်သာရေခလုတ်ကို နှိပ်ကာ အညစ်အကြေးတွေကို ဖြေရှင်းကြလေ့ရှိကြပါတယ်။ ဒီလို အိမ်သာရေခလုတ်ကို နှိပ်တဲ့နေရာမှာလည်းအများစုကတော့ လက်ညှိုးနဲ့ ဖိနှိပ်ကြပါတယ်။
သန့်စင်ခန်းဆိုတာ ဘတ်တီးရီးယားပိုးမွှားအပေါများဆုံးနေရာတစ်နေရာဖြစ်ပြီး လေ့လာချက်တွေအရ အိမ်သာရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ရေစက်တွေမှာတောင် ပိုးမွှားအများအပြားကပ်ညှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါကြော့် ရေခလုတ်ကို ဖိနှိပ်ရာမှာ လက်ညှိုးသုံးပြီး ဖိနှိပ်ခြင်းကို ရှောင်ရှားသင့်ပြီး လက်ကို ကွေးကာ ဖိနှိပ်ဖို့ကို ဆေးပညာရှင်များက အကြံပေးထားကြပါတယ်။
လက်ချောင်းတွေရဲ့ လက်ညှိုးက အလွန်အသုံးများတဲ့အရာတစ်ခုဖြစ်တာကြောင့် သတိလက်လွတ်ဖြစ်သွားပြီး ဆေးကြောဖို့ မေ့လျော့သွားခဲ့ရင် အဲဒီဘတ်တီးရီးယားပိုးမွှားတွေက ခန္ဓာကိုယ်နဲ့ အတူကပ်ညှိုတွယ်ပါလာဖို့ ရာခိုင်နှုန်းအတော်များပါတယ်။
လက်ညှိုးကိုကွေးပြီး ဖိနှိပ်ခြင်းကိုပဲ ပြုလုပ်ဖို့ အကြံပေးထားပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို သန့်စင်ခန်းဝင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သန့်ရှင်းအောင်ဆေးကြောဖို့ကတော့ မဖြစ်မနေလိုအပ်တဲ့ အမူအကျင့်တစ်ခုသာဖြစ်ပါတယ်။
(၄) ခေါင်းဦးတွေကို မလျော်ဖွတ်ဘဲ အိပ်စက်ခြင်း
ခေါင်းဦးတွေက ပိုးမွှားတွေနဲ့ မှိုတွေအတွက်တော့ အကောင်းဆုံးခိုနားစရာနေရာတစ်နေရာသာဖြစ်ပါတယ်။ ညစဉ်ညတိုင်းလိုလိုမှာ အဲဒီပိုးမွှားတွေက သင်အိပ်စက်တိုင်း သင်နဲ့အတူတူ ရှိနေမှာဖြစ်လို့ ခေါင်းဦးတွေ၊ ခေါင်းဦးဖုံးတွေကို မကြာခဏလျော်ဖွတ်သင့်ပါတယ်။ဒီလိုမလျော်ဖွတ်ဘဲ အသုံးပြုတာများရင်တော့ အရေပြားနဲ့ပတ်သက်တဲ့ ဂျပ်စွဲနာနဲ့ အခြားအရေပြားပြဿနာတွေကို ရင်ဆိုင်ရမှာပါ။
လေ့လာချက်တစ်ခုအရတော့ ခေါင်းဦးတွေပေါ်မှာ ကပ်ညှိတွယ်နေတဲ့ ပိုးမွှားတွေက လူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းပိတ်တာတွေ၊ နှာခေါင်းပိတ်ဆို့မှုတွေ၊ အရေပြားဓာတ်မတည့်မှုတွေကိုဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပိုးမွှားတွေ သေစေဖို့အတွက် တစ်ပတ်တစ်ခါလောက် အပူချိန် ၁၃၀ ဖာရင်ဟိုက်မှာရှိတဲ့ ရေထဲမှာ ခေါင်းဦးတွေစိမ်ထားပြီး လျှော်ဖွတ်ဖို့ ပညာရှင်တွေက အကြံပြုထားကြပါတယ်။
(၅) အိမ်မွေးတိရစ္ဆာန်လေးများနဲ့ အိပ်စက်ခြင်း
ဒီအချက်ကတော့ တိရစ္ဆာန်လေးတွေချစ်သူတိုင်း လုံးဝဂရုစိုက်မယ့် အချက်တစ်ချက်ပါ။ တိချစ်သူတွေက သူတို့ရဲ့ အကောင်လေးတွေကို အနားမှာခေါ်ထားပြီး အိပ်ရာတစ်ခုတည်းမှာအတူတူ အိပ်စက်လေ့ရှိကြပါတယ်။
ကနေဒါနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တစ်ခုကပြုလုပ်ထားတဲ့လေ့လာချက်တစ်ခုထဲမှာတော့ ခွေးလေးတွေနဲ့ ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်မသိပ်ဖို့ အကြံပြုထားပါတယ်။
အိမ်မွေးတိရစ္ဆာန်တွေမှာ မမြင်နိုင်တဲ့ပိုးမွှားတွေကို သယ်ဆောင်ထားတတ်တာကြောင့် အဲဒီပိုးမွှားတွေက လူ့ခန္ဓာကိုယ်ထဲကို လွယ်လင့်တကူနဲ့ ရောက်ရှိစေနိုင်တယ်လို့ ဆိုပါတယ်။
ပိုးချထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေမှာလည်း ဘတ်တီးရီးယားပိုးမွှားတွေက သူတို့ရဲ့ အမွှေးအမျှင်တွေပေါ်မှာ ကျန်ရှိနေစမြဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်သိပ်ထားတာကြောင့် ရောဂါတွေဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြတဲ့ သာဓကတွေလည်း ရှေ့မှာရှိခဲ့တာကြောင့် ဒီအချက်ကလည်း ဂရုစိုက်သင့်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။
(၆) မျက်နှာကို ရိုးရိုးဆပ်ပြာနဲ့ ပွတ်တိုက်ဆေးကြောခြင်း
ရေချိုးနေချိန်မှာဖြစ်ဖြစ်၊ မနက်အိပ်ရာနိုးထစဉ်အချိန်မှာဖြစ်ဖြစ်မိမိရဲ့ မျက်နှာကို ဆပ်ပြာနဲ့ ပွတ်တိုက်ကာ ဆေးကြောလေ့ရှိကြပါတယ်။ ဒီလို မျက်နှာသစ်ဆပ်ပြာမဟုတ်တဲ့ ရိုးရိုးဆပ်ပြာတွေနဲ့ ပွတ်တိုက်ခြင်းက မျက်နှာအရေပြားပျက်စီးမှုကိုဖြစ်စေတတ်ပါတယ်။
ဆပ်ပြာတွေနဲ့ ပွတ်တိုက်ဆေးကြောခြင်းက မျက်နှာပေါ်မှာရှိနေတဲ့ အညစ်အကြေးတွေကို ရှင်းထုတ်စေတယ်လို့ ယုံကြည်ကြတာပါ။ အမှန်တကယ်မှာတော့ အဲဒီဆပ်ပြာတွေကပဲ ချွေးပေါက်တွေကို ပိတ်စေတတ်ပြီး မလိုလားအပ်တဲ့ အရေပြားပြဿနာတွေဖြစ်လာတတ်ပါတယ်။
အရေပြားရောဂါပညာရှင်တွေရဲ့ ပြောစကားအရတော့ ဆပ်ပြာတွေက မျက်နှာပြင်ကို ဆေးကြောဖို့အတွက် ထုတ်ထားတဲ့ ပစ္စည်းတစ်ခုမဟုတ်ဘူးလို့ ဆိုကြပါတယ်။
ဒီလို မျက်နှာသစ်ဆပ်ပြာမဟုတ်တဲ့ ရိုးရိုးဆပ်ပြာတွေ အသုံးပြုပြီး တိုက်ချွတ်ဆေးကြောခြင်းကြောင့် ပိုးမွှားတွေ မဝင်လာနိုင်အောင် တားဆီးပေးထားတဲ့ အတားအဆီးတွေကို ဖျက်ဆီးရာရောက်ပြီး အရေပြားတွေကို ထိန်းသိမ်းထားတဲ့ pH Level တွေလည်း ပျက်စီးစေတတ်ပါတယ်။
Crd
Zawgyi
(၁) ရေမကြာခဏချိုးခြင်း
Crd
No Comments
Leave a Reply
Your email address will not be published.
Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …
Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …
Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …